ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေ အများကြီးပါပဲ။

ဒုဥက္ကဌ ပတ်ဆိုဂျွန်းနဲ့ တူတယ်လို့ ဝေဖန်ခံနေရတဲ့ သရုပ်ဆောင်မျိုးကိုကိုကျော်က အခုလို တုံ့ပြန်စကားဆိုခဲ့ပါတယ်။ ကိုယ်တိုင် ကလည်း ရုပ်ချင်းမတူပေမယ့် ခပ်ဆင်ဆင်တော့ ရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

 

အခုလတ်တလောမှာတော့ ဒုဥက္ကဌ ပတ်ဆိုဂျွန်းနဲ့ တူတယ်လို့ ဝေဖန်ခံနေရတဲ့ သရုပ်ဆောင်မျိုးကိုကိုကျော်က အခုလို တုံ့ပြန်စကားဆိုခဲ့ ပါ တယ်။ ဒီအတွက်ကြောင့်လည်း ပရိသတ်အချင်းချင်း စကားများခဲ့ရန်ဖြစ်တာတွေ တွေ့ရတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေ ပြေဖြစ်သွားနိုင်ဖို့ မျှော်လင့်တယ်ဆိုတာကို Duwun media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဒီကိစ္စနဲ့ပတ်သက်ပြီး ဒု ဥက္ကဌရဲ့ Fan တွေဘက်ကလည်း မကြိုက်ကြတာတွေရှိတယ်။ ကျွန်တော်ကလည်း အခုချိန်မှာ ကြိုးစားနေတုန်းလူ တစ်ယောက်ဖြစ်တယ်၊ ကျွန်တော့်ကို မသိတဲ့သူတွေလည်း ရှိတယ်။ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် မေတ္တာလေး ထားပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်ခွင့်လွှတ်ပေးကြပါ'' လို့ သူကဆိုပါတယ်။

What's Wrong With Secretary Kim ရုပ်သံဇာတ်လမ်းတွဲထဲက ဒုက္ကဌ နဲ့ မျိုးကိုကိုကျော် ကို ရုပ်ချင်းဆင်တယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။ မျိုးကိုကိုကျော် ကိုယ်တိုင်ကလည်း ရုပ်ချင်းမတူပေမယ့် ခပ်ဆင်ဆင်တော့ ရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

'' ကိုယ်တိုင်က တူတယ်လို့တော့ မခံစားရပါဘူး။ ဒါပေမယ့် တစ်ချက်တစ်ချက်တော့ နည်းနည်းဆင်တယ်လို့ ထင်တယ်။ ဒါပေမယ့် လူဆိုတာ ကလည်း အမြွှာညီအစ်ကိုတောင်မှ သေချာကြည့်ရင် မတူဘူး။ သေချာမကြည့်ပဲနဲ့ အပြင်အဆင်၊ ဆံပင်ပုံစံနဲ့ အဝတ်အစားပုံစံလေးတွေ ကြောင့်လည်း ဆင်တူသလိုမျိုးဖြစ်သွားတာပါ'' လို့ မျိုးကိုကိုကျော်က ပြောပါတယ်။

 

အခုလက်ရှိ ရေပန်းစားနေတဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ What's Wrong With Secretary Kim ရုပ်သံဇာတ်လမ်းတွဲကိုလည်း မျိုးကိုကိုကျော်က ကြည့်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဇာတ်လမ်းတွဲကိုလည်း ကြိုက်သလို မင်းသား၊ မင်းသမီး သရုပ်ဆောင်တာတွေကိုလည်း နှစ်သက်တယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားထဲက မင်းသားနဲ့ တူတယ်ဆိုပြီး ဝေဖန်တိုက်ခိုက်ခံနေရတဲ့အပေါ် အခုလိုပြောပြခဲ့ပါသေးတယ်။ 

'' အနုပညာအလုပ် စလုပ်ပြီဆိုကတည်းက ဒီဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိမှ အောင်မြင်မှုတွေရမှာလေ။ သူတို့ ဝေဖန်တဲ့ အပေါ်မှာရော ကိုယ်က အပြစ်ဖြစ်နေသလားပေါ့။ ကိုယ့်ဘက်က အပြစ်ဖြစ်နေတဲ့အရာဆိုရင်တော့ ပြုပြင်သင့်တာ ပြုပြင်လိုက်မယ်။ ကိုယ်လက်ခံသင့်တဲ့အရာဆိုရင် လက်ခံလိုက်မယ်။ ကိုယ်က အကောင်းဆုံးကြိုးစားသင့်တာပေါ့'' လို့ သူကဆိုပါတယ်။

 

မျိုးကိုကိုကျော်ကိုတော့ တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ အားပေးမှုရရှိခဲ့တာဖြစ်ပါတယ်။ အသားဖြူဖြူ ၊ ခန္ဓာ ကိုယ် တောင့်တင်းပြီး ဖော်ဖော်ရွေရွေ စကားပြောဆိုတတ်တာကြောင့်လည်း ပရိသတ်အချစ်ကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ အခုလက် ရှိမှာတော့ တီဗီကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

 

Share

Loading Next Article...
က္က