AD
AD
AD

အဆိုတော်ဖော်ကာဟာ သူ့ရဲ့ သားလေးအကြောင်းကို သီချင်းဖွဲ့ဆိုဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။သူရေးတဲ့ သီချင်းတွေ ကလည်း အောင်မြင်မှု ရရှိခဲ့ သလို ပရိသတ်အကြိုက်နဲ့လည်း ထပ်တူကျခဲ့ပါတယ်။ စိတ်နဲ့လူ ဆိုတဲ့ သီချင်းခွေက လည်း ပရိသတ်အရှေ့ ရောက်လာ တော့မယ်လို့ ဆိုပါတယ်။

play
Photo: Fokker Facebook

 

Wanted Rock Band အဖွဲ့ဝင် အဆိုတော်ဖော်ကာဟာ သူ့ရဲ့ သားလေးအကြောင်းကို သီချင်းဖွဲ့ဆိုဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။သူ့အနေ နဲ့ အနီးဆုံးဖြစ်တဲ့ ခံစားချက်တွေကို ရေးဖွဲ့ရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားနေတဲ့ အကြောင်းကိုလည်း Duwun Media ကနေ ပြောပြ ခဲ့ပါတယ်။

'' သားလေးနဲ့ ပတ်သက်တဲ့ သီချင်းက လာလိမ့်မယ်၊ သေချာတယ်၊ ငြင်းလို့မရဘူးပေါ့။ ကျွန်တော့်ပရိသတ်တွေ သိပါတယ် သီချင်းတစ်ပုဒ်ရေး မယ်ဆိုရင် တကယ့် ခံစားချက်ပါမှ ရေးတတ်တယ်။ ဒါကလည်း တော်တော်နီးစပ်တဲ့ ကိစ္စ အနီးစပ်ဆုံးလို့တောင်ပြောလို့ရတယ်။ခံစားချက် မထွက်ပဲ မရေးဘူး'' လို့ ဆိုပါတယ်။

play

 

ဖော်ကာ ဟာ ကိုယ်တိုင်သီချင်းရေး၊ ကိုယ်တိုင် သီချင်းဆိုဖြစ်တဲ့ သူတစ်ယောက်ပါ။ သူရေးတဲ့ သီချင်းတွေကလည်း အောင်မြင်မှု ရရှိခဲ့ သလို ပရိသတ်အကြိုက်နဲ့လည်း ထပ်တူကျခဲ့ပါတယ်။ မကြာခင်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ စိတ်နဲ့လူ ဆိုတဲ့ သီချင်းခွေက လည်း ပရိသတ်အရှေ့ရောက်လာတော့မယ်လို့ ဆိုပါတယ်။

'' ကျွန်တော့် သီချင်းတွေ အားလုံးကိုတော့ ၁၀၀ ရာခိုင်နှုန်းခံစားချက်ပါမှ ဆိုတာများပါတယ်။ တကယ်ခံစားလို့ ရမှ သီချင်းရေးတာ၊ သီချင်း ဆိုတာပါ။ အဲ့ဒါကြောင့်လည်း အခွေအထွက် ကြဲတာပေါ့လေ။ အခုလာမယ့် ၁၈ ရက်ဆိုရင်လည်း ကျွန်တော့်ရဲ့ ၄ ခွေမြောက် ဖြစ်တဲ့ ''စိတ် နဲ့  လူ'' အခွေ ထွက်ဖို့ရှိပါတယ်" ဆိုတာကို သြဂုတ်လ ၅ ရက်နေ့က Grand Hanter Hospital မှာ Duwun  Media ကို ဖြေဆိုခဲ့တာပါ။

play
Photo: Fokker Facebook

 

၎ ခွေမြောက်ထွက်ရှိမယ့် တစ်ကိုယ်တော်အခွေအသစ်ထဲမှာတော့ ကလေး တစ်ယောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဖော်ကာ ကိုယ်တိုင်ရေးထားတယ်လို့ ဆိုပါတယ်။ ဒီသီချင်းကလည်း သူ့သားလေးအပေါ်ထားတဲ့ ခံစားချက်နဲ့ နီးစပ်မှုရှိတယ်လို့ ဖော်ကာ က  ပြောပါတယ်။

'' အဲ့ဒီမှာ ကလေးနဲ့ ပတ်သက်တာဆိုလို့ တစ်ပုဒ်တော့ပါတယ်။ ကျွန်တော့်သားလေးအကြောင်းကို ရေးထားတာမဟုတ်ပါဘူး၊ ကျွန်တော်နဲ့ Studio မှာ အသံဖမ်းတဲ့ တစ်ယောက်နဲ့ပေါင်းပြီးတော့ အလည်ရောက်လာတဲ့ ကလေးလေးတစ်ယောက်ရဲ့အကြောင်းကို ရေးထားတာ။ ဒါကိုတော့ ယူမယ်ဆိုလည်း ယူလို့ရတယ်။ သီချင်းနာမည်က ဇာတ်ပို့ လို့ နာမည်ပေးထားတယ်'' လို့ သူကဆိုပါတယ်။

play
Photo: Fokker Facebook

 

အဆိုတော် ဖော်ကာနဲ့ ဇနီးချောလေး ပွင့်ဖြူအောင်တို့ဘဝထဲကို သားဦးလေးဖြစ်တဲ့ ဂျက်ရှည်လေးဟာ သြဂုတ်လ ၃ ရက်နေ့၊ သောကြာနေ့ ကစတင် ဝင် ရောက် လာတာဖြစ်ပါတယ်။ သားလေးကိုတော့ Grand Hanther Hospital မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်ကျော် အကြာမှာ သားဦးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD