အသက် ၃၀ ပြည့်သွားခဲ့ပါပြီ။

ဝတ်မှုန်ရွှေရည်ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ အလှူအဖြစ် သြဂုတ်လ ၁၀ ရက်နေ့က  မှော်ဘီမြို့နယ် အောင်ဇမ္ဗူ တောရ ရိပ်သာမှာလည်း ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းရင်းနဲ့ နေ့ဆွမ်းအလှူ ဒန်ပေါက်ဆွမ်း ဆပ်ကပ် ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ အတွက် မိခင်ဖြစ်သူနဲ့ ညီမလေးတို့ရဲ့ မွေးနေ့ဆုတောင်းကိုလည်း ဖော်ပြပေးလိုက်ပတယ်။

 

သရုပ်ဆောင်အကယ်ဒမီဝတ်မှုန်ရွှေရည်ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ အလှူအဖြစ် သြဂုတ်လ ၁၀ ရက်နေ့က  မှော်ဘီမြို့နယ် အောင်ဇမ္ဗူ တောရ ရိပ်သာမှာလည်း ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းရင်းနဲ့ နေ့ဆွမ်းအလှူအဖြစ် ဒန်ပေါက်ဆွမ်း ဆပ်ကပ် ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ မှာတော့ အလှူအတန်းတွေနဲ့သာ ဖြတ်သန်းသွားမယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

''ကစ်က ဒီနေ့ သံင်္ဃာတော်တွေကို သင်္ကန်းကပ်တယ်။ ပြီးတော့ စိတ်ကျန်းမာရေးဆေးရုံမှာလည်း ၁၀ သိန်း လှူခဲ့တယ်။ ပြီးတော့ ရေဘေး အတွက် လည်း ၁၀ သိန်းလှူခဲ့တယ်။ ဒီနှစ်မွေးနေ့လေးကို ဘုန်းဘုန်းရဲ့ တရားတွေနဲ့ ဖြတ်သန်းချင်တယ်၊ ကိုယ်တတ်နိုင်သလောက် လေးတွေ လှူချင်တယ် '' လို့ ဝတ်မှုန်ရွှေရည်က ဆိုပါတယ်။

 

အဲ့ဒီနောက် သမီးကြီးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ရဲ့ မွေးနေ့အလှူမှာလည်း မိခင်ဖြစ်သူ ဒေါ်မီမီလွင်ကလည်း မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ မွေး နေ့လက်ဆောင်အဖြစ် ဆုတောင်းစကားတွေဘဲ ပြောဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

'' သူက အိပ်ရာထထချင်း အဖေ နဲ့ အမေနဲ့ကို လာကန်တော့တယ်။ အဲ့ဒီတော့ မွေးနေ့ဆုတောင်းလေးတွေပဲ သူ့ကို ပေးဖြစ်ပါတယ်။ အသက် ၃၀ လည်းပြည့်ပြီဆိုတော့ တည်ငြိမ်ရင့်ကျက်လာပြီပေါ့နော်။ ဒီ့ထက် ပိုပြီးတော့ ဘဝကို အေးအေးချမ်းချမ်းလေးနဲ့ ဖြတ်သန်းသွားနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်'' လို့ ပြောခဲ့ပါတယ်။

ရန်ကုန်ဆေးရုံက လူနာ ၉၀၀ အတွက် နံနက်စာလှူဒါန်းနေတဲ့ ဝတ်မှုန်ရွှေရည် 

သရုပ်ဆောင်အကယ်ဒမီ ဝတ်မှုန်ရွှေရည်ရဲ့ တစ်ဦးတည်းသော ညီမလေးဖြစ်တဲ့ နဒီရွှေရည်ကလည်း အစ်မဖြစ်သူ ဝတ်မှုန်ရွှေရည်အတွက် မွေးနေ့ဆုတောင်း ကိုလည်း သြဂုတ်လ ၁၀ရက်နေ့က မှော်ဘီမြို့နယ် အောင်ဇမ္ဗူ တောရ ရိပ်သာမှာပြုလုပ်တဲ့ မွေးနေ့ အလှူမှာ မီဒီယာ တွေက တဆင့်ပြောပြခဲ့ပါတယ်။

'' မွေးနေ့ဆုတောင်းကိုတော့ ရိုးရိုးဘဲ ပြောတော့မယ်ပေါ့နော်။ အသက် ၃၀ လည်းပြည့်လာပြီဆိုတော့ ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းမှာ ဖြောင့် ဖြောင့်ဖြူးဖြူးနဲ့ စိတ်၏ကျန်းမာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ဖြတ်သန်းရပါစေ။ မမကို မွေးနေ့ Surprise လုပ်ပေးပြီးသွားပြီ ရိုးရိုးပါပဲ ကိတ် လေးနဲ့ပေါ့၊ သူ့မွေးနေ့ကိုလည်း ဘယ်သူမှ မလုပ်ခင်ဦးအောင်အရင်လုပ်ပေးလိုက်တယ်'' လို့ ဆိုပါတယ်။

 

သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ဟာ အနုပညာနယ်ပယ်မှာ အောင်မြင်မှုအများဆုံး ရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ နှလုံးသားဖြင့် ပြုလုပ်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု တို့ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က