သြဂုတ်လ ၁၇ ရက်နေ့ဆိုရင် ရုံတင်ပြီနော်။

လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီရုပ်ရှင်ဇာတ်ကားကြီးကို ဘာသာရေးအယူအဆ အစွန်းရောက်မှုနဲ့ ပတ်သက်ပြီး အသိပညာ ပေးတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ကူထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့က စပြီး ရုံတင်ပြသသွားမယ်လို့ သိရ ပါတယ်။

 

လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို သြဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပ ပြု လုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ဘာသာရေးအယူအဆ အစွန်းရောက်မှုနဲ့ ပတ်သက်ပြီး အသိပညာပေးတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တယ်ဆိုတာကို ပါဝင်ထားတဲ့ သရုပ်ဆောင်တွေက မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားကို ပြန်ကြည့်လိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုကြည့်ပြီး တော်တော်ရှက်တယ်။ ကျွန်တော်က တစ်ချိန်လုံး ဝုန်းဒိုင်း ကျဲနေတဲ့လူ၊ ပစ်ခတ်တာတွေကို ကျွန်တော်ကြိုက်တယ်။ ဇာတ်ကားတစ်ကားလုံးကိုတော့ ကြိုက်တယ်၊ ကျွန်တော်ပါတဲ့ ဇာတ်ဝင်ခန်းတွေကျတော့ ရယ် စရာ ကြီးဖြစ်နေတယ်လို့ မြင်တယ်၊ ကိုယ့်ကိုယ်ကိုယ် အရူးအရူး ဆိုပြီးတော့တောင် ထအော်နေမိတယ်'' လို့ ယုန်လေးက ပြောပါတယ်။

 

ဒီဇာတ်ကားထဲမှာ ခရစ်ယာန်ဘာသာဝင်လူငယ်တစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် လူငယ်တစ်ဦး တို့က ချစ်သူတွေဖြစ်ကြပေမယ့် ဘာသာနှစ်ခု ပေါင်းစည်းလို့ မရဘူးဆိုတဲ့ အယူအဆကို လက်မခံနိုင်လို့ မေတ္တာတရား နဲ့ ငြိမ်းချမ်းရေးကို အဓိက ရည်ရွယ်ပြီး ရိုက်ကူးထားတယ်လို့ ဒါရိုက်တာ သားညီက ပြောပါတယ်။

'' ဒီဇာတ်ကားအပေါ်မှာတော့ ၈၀ ရာခိုင်နှုန်းကျေနပ်တယ်။ ဇာတ်ကားရဲ့ ရည်ရွယ်ချက်က ဘယ်ဘာသာကိုပဲ ကိုးကွယ်၊ ကိုးကွယ် အဓိက ဘာသာတရားအားလုံးရဲ့ အနှစ်ချုပ်က မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးပေါ့နော်။ အဲ့ဒါရိုက်တဲ့ အချိန်တုန်းကလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာတွေတက်နေကြတယ်လေ။ ဘာသာနှစ်ခုမတူရင် ပေါင်းစပ်လို့မရဘူးဆိုတာ လက်မခံနိုင်ဘူး'' လို့ ဆိုပါတယ်။

ဆင်ဆာလူကြီးများကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ယုန်လေး

လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဂိုဏ်းစတားတစ်ခုရဲ့ ခေါင်းဆောင် တစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ အကယ်ဒမီလူမင်းကလည်း ဇာတ်ဝင်ခန်းထဲက ဒိုင်ယာလော့ဂျ်တွေက ဒီနေ့ ခေတ်ပုံစံနဲ့ လိုက်ဖက်မှုရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲ မှာ လူမင်းက  ဘာသာရေးအစွန်းရောက်သူ တစ်ယောက်အဖြစ် ပါဝင်ထားတာပါ။

'' အမှုအခင်း ကိစ္စမှာဆိုရင် မီးဘယ်လောက် တောက်တောက် ရေနဲ့လောင်းလိုက်ရင် ငြိမ်းသွားတာပဲ တို့၊ မီးလောက် အကြီးအသေးအပေါ် မူတည်ပြီး ရေအနည်းအများကွာတယ်ဆိုတဲ့ ပလော့ဂျ်မျိုးတွေ၊ အနုပညာရှင်တွေရဲ့ မလုံခြုံတဲ့ အကောင့်တွေကို ဝင် Hack ပြီးတော့ ငွေ တောင်းတယ်ဆိုတဲ့ ပလော့ဂျ်တွေက ဒီနေ့အထိ Update ဖြစ်နေသေးတဲ့ ကြောင်းအရာတွေပေါ့'' လို့ သူကပြောပါတယ်။

 

လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီပါမိုး ရုပ်ရှင်ထုတ်လုပ်ရေးက ပထမဆုံး ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သားညီရဲ့ ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် အကယ်ဒမီလူမင်း၊ ယုန်လေး၊ထူးခြား၊ ထားထက်ထက် တို့က  အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့က စပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က