စိတ်ကူးလေးတွေ အရမ်းကောင်းတယ်နော်။

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က ရတဲ့ ဆုကြေးတွေထဲက မိခင်ရဲ့ အိမ်မက်တွေကို အရင်ဆုံး အကောင်အထည် ဖော်ပေးမယ်လို့ ဆိုပါတယ်။ ဘုရားထီးတင်မယ်၊ကထိန်ခင်းမယ်ဆိုတဲ့ သူ့ရဲ့ စိတ်ကူးလေးကိုလည်း ပြောပြထားပါတယ်။

Photo : ဖြိုးမြတ်အောင်

 

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က ရတဲ့ ဆုကြေးတွေထဲက မိခင်ရဲ့ အိမ်မက်တွေကို အရင်ဆုံး အကောင်အထည် ဖော်ပေးမယ်လို့ ဆိုပါတယ်။ ဆုကြေးငွေတွေထဲက သူပရိသတ်တွေကို ပြောခဲ့တဲ့ အတိုင်း ဘုရားထီးတင်ဖို့ကို အရင်ဆုံး လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ပရိသတ်တွေကို ပြောခဲ့တဲ့ အတိုင်းပဲ ဘုရားထီးတင်ဖို့ပေါ့ ။အမေ့ရဲ့ အိမ်မက်ဖြစ်တဲ့ ဘုရားထီးတင်တာကို အရင်လုပ်မယ်။ လောလော ဆယ် တော့ မိုးတွင်ဖြစ်နေတော့ ဘုရားကို ပြင်ဖို့အတွက် အရင်လုပ်မယ်။ ပြီးရင်  ဘုရားထီးတင်မယ်။ ကထိန်ခင်းမယ် ကျောင်းဆောက်မယ် ပေ့ါ။ ပညာရေးနဲ့ ပတ်သက်တဲ့နေရာတွေသွားပြီး လှူဒါန်းမယ်။" လို့ သြဂုတ်လ(၁၁) ရက်နေ့ညကပွဲပြီးပြီးချင်း အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : ဖြိုးမြတ်အောင်

Myanmar Idol Season 3 Winner ဆုရှင်ဖြစ်သွားတဲ့ ဖြိုးမြတ်အောင် 

ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ယခုလို Winner ဆုကို ရရှိခဲ့တဲ့အတွက်လည်း သူ့အနေနဲ့ အရမ်းကိုဝမ်းသာပါတယ်တဲ့။ အသက်(၁၄) နှစ်သားကတည်းက ဝေဖန်တိုက်ခိုက်တာတွေ ကြုံလာခဲ့ရတဲ့ သူ့အတွက် Myanmar Idol ပွဲအတွက် ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်တိုက်ခိုက်တာ တွေလောက်တော့ မမှုတော့ပါဘူးဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

"ဝေဖန်တိုက်ခိုက်တာလောက်ကတော့ မမှုတော့ပါဘူး။ ဘာလို့လည်းဆိုတော့ကျွန်တော် အသက်(၁၄)နှစ်သားကတညည်းက ဝေဖန်တိုက်ခိုက် တာတွေရယ်။ကိုယ်ထိလက်ရောက်တွေရယ် ကြုံခဲ့ပြီးသွားပြီ။ကိုယ့်အသက်အန္တရာယ်နဲ့တောင်လုပြီးတော့ ကျွန်တော်ကြုံတွေ့ခဲ့ရပြီးသွားပြီ။ အဲ့တော့ ကျွန်တော်အတက်တော့ မပြောပလောက်ပါဘူး" ဆိုပြီး ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

Photo : ဖြိုးမြတ်အောင်

 

သူ့အနေနဲ့ ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ အနုပညာဝမ်းဆာများကို ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ညီငယ်ညီမ တွေ လေးစားအားကျရတဲ့ အနုပညာသမားတစ်ယောက် အဖြစ် ရပ်တည်နိုင်ဖို့နဲ့ လျှောက်လမ်းမယ့် ဂီတလမ်းကြောင်းမှာ  အတတ်နိုင်ဆုံး အမှားနည်းအောင် လျှောက်လှမ်းပ့ါမယ်ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။

Photo : ဖြိုးမြတ်အောင်

 

ဟင်္သာတသားလေး ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း Winner ဆုကြီးကို ပိုင်ဆိုင်လို့ သွားခဲ့ပါပြီ။သြဂုတ်လ ၁၁ ရက်နေ့ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Grand Final ပွဲမှာတော့ ပြိုင်ဘက်မရှိတဲ့ Winner ဆုရှင်အဖြစ် ဖြိုးမြတ်အောင်က ဆုငွေ သိန်း ၅၀၀ နဲ့အတူ မိုးမြန်မာ မီဒီယာက ထုတ်လုပ်ပေးတဲ့ Solo Album နဲ့ Music Album တို့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က