သက်မွန်မြင့်နဲ့ပတ်သက်ပြီး နေတိုးကတော့ အမှတ်တရတွေ ဖွင့်ပြောလာပါတယ်။

သက်မွန်မြင့်နဲ့ပတ်သက်ပြီး နေတိုးကတော့ အမှတ်တရတွေ ဖွင့်ပြောလာပါတယ်။ သရုပ်ဆောင်ပညာမှာ သက်မွန်ရဲ့ အားသာ ချက် တစ်ခု ရှိတယ်လို့ဆက်လက်ပြောပြထားပါသေးတယ်။တစ်ရင်းတနှီးရှိလှတဲ့ သူတို့ နှစ်ဦးက တစ်ခါတလေကျရင်လည်း တစ်ယောက်နဲ့ တစ်ယောက် နာမည်ပြောင်လေးတွေ ခေါ်ဖြစ်တယ်လို့ ဆိုပါတယ်။



Photo: Thet Mon Myint Page

 

သက်မွန်မြင့်နဲ့ပတ်သက်ပြီး နေတိုးကတော့ အမှတ်တရတွေ ဖွင့်ပြောလာပါတယ်။ အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေလည်းဖြစ် သလို ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာလည်း အတွဲညီညီနဲ့ လိုက်ဖက်မှု ရှိတဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ ဆက်ဆံရေးအကြောင်းကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကျွန်တော်တို့ နယ်သွားပြီးတော့ ရိုက်ကူးရေးတွေ သွားလုပ်ရတဲ့ အချိန်မှာလည်း အတူရှိတုန်းကတော့ သူ့မွေးနေ့နဲ့ ကြုံတယ်လေ။ မွေးနေ့ Surprise တွေလုပ်ဖြစ်တယ်။အတူတူ ခရီးတွေသွားရင်း အတူတူ အ လုပ်လုပ်ရတဲ့အခါကျတော့ စိတ်ထဲမှာ ပိုပြီးတော့ လွတ်လပ်မှု ရှိတယ်။ ပြီးတော့ တစ်ခါမှ  မသွားလာဖူးတဲ့ ကယားပြည်နယ်မှာရှိတဲ့ ကယန်းတွေရဲ့ ရိုးရာဓလေ့ လေးတွေကိုလည်း ထိတွေ့ခွင့်ရတော့ အရမ်းလည်း ပျော်စရာကောင်းပါတယ်'' လို့ နေတိုးက ပြောပါတယ်။

Photo: Thet Mon Myint Page

 

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် သက်မွန်မြင့်ရဲ့ သရုပ်ဆောင်မှု အရည်အချင်းနဲ့ ပတ်သက်ပြီးတော့လည်း နေတိုးက အခုလိုပြော လာပါတယ်။ ဒီ သရုပ်ဆောင်ပညာမှာ သက်မွန်ရဲ့ အားသာချက်တစ်ခု ရှိတယ်လို့ဆက်လက်ပြောပြထားပါသေးတယ်။

'' သူ့ပုံစံက အရယ်သံတယ်၊ ခံစားမှုကို တကယ်အစစ်ဖြစ်အောင် သရုပ်ဆောင်တဲ့အချိန်မှာ သူ့ရဲ့အားသာချက်က ဟန်ဆောင်မှုကို လုပ်မယူ တတ် ဘူး။ တကယ် ခံစားမှုကို ဖြစ်လာတော့မှ သရုပ်ဆောင်တဲ့အခါကျတော့ သူ့ရဲ့ သရုပ်ဆောင်မှုတွေက ပိုပြီးတော့ ပီပြင်မှု ပိုရှိတယ်လို့ တော့ ကျွန်တော် မြင်မိပါတယ်'' လို့ ဆိုပါတယ်။

Photo: Thet Mon Myint Page

သက်မွန်မြင့်အကြောင်း အရွှန်းဖောက်ပြောပြလိုက်တဲ့ နေတိုး  

သရုပ်ဆောင် နေတိုးနဲ့ သရုပ်ဆောင် သက်မွန်မြင့် အရမ်းကို ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ရှိကြတဲ့ သူငယ်ချင်းတွေလည်းဖြစ်ပါတယ်။ သူတို့ နှစ်ဦးမှာတော့ နေတိုးကလည်း အစအနောက်သန်သလို သက်မွန်မြင့်ကလည်း အရယ်သန်သူ တစ်ဦးဖြစ်ပါတယ်။ တစ်ခါတလေကျရင်လည်း တစ်ယောက်နဲ့ တစ်ယောက် နာမည်ပြောင်လေးတွေ ခေါ်ဖြစ်တယ်လို့ ဆိုပါတယ်။

'' နာမည်ပြောင်ကိုတော့ သက်မွန်လို့ပဲ ခေါ်တယ်။ တစ်ခါတလေကျရင်တော့ စရင်းနောက်ရင်းနဲ့ သူ့လူမျိုးနာမည်လေး ခေါ်ဖြစ်တယ်။ ချင်းမ ဘာညာပေါ့။ နာမည်ပြောင်ကတော့ တခြားခေါ်တာတွေတော့ ရှိပါလိမ့်မယ်။ အမြဲတမ်း ခေါ်နေတာမျိုးတော့ မဟုတ်ပါဘူး'' လို့ နေတိုးက Duwun Media ကို သီးသန့် ဖြေဆိုခဲ့တာပါ။

Photo: Thet Mon Myint Page

 

နေတိုးနဲ့ သက်မွန်မြင့်တို့ဟာမကြာခင်က "ချည်" ဆိုတဲ့ ဇာတ်ကားလေးကိုအတူတူရိုက်ကူးပြီးခဲ့ပါပြီ။ အခုလက်ရှိမှာလည်း ရုပ်ရှင် ဇာတ်ကား ကြီး ကို အတူတူ ရိုက်ကူးနေတာဖြစ်ပါတယ်။ လက်ရှိ အနုပညာခရီးလမ်းမှာ အောင်မြင်လျှက်ရှိပြီး ပရိသတ် အားပေးမှု အခိုင်အမာရရှိထား သူတွေဖြစ်ပါ တယ်။ သူတို့နှစ်ယောက်ဆုံပြီး ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ် ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က