သစ္စာချည်တိုင် ဇာတ်ကားမှာ သရုပ်ဆောင်အဖြစ် မြင်ရမှာပါ။

သားညီဟာ သစ္စာချည်တိုင် ရုပ်ရှင်ဇာတ်ကား ကြီးထဲမှာ သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ခွင့်ရမှာဖြစ်တဲ့အတွက် အရမ်းကို ပျော်ရွှင် နေပါတယ်။ ဒီဇာတ်ကားထဲမှာ အရမ်းချစ်တတ်တဲ့ အသက် ၄၀ ကျော် အမျိုးသားတစ်ယောက် အဖြစ် ပါဝင် သရုပ်ဆောင် ရမှာဖြစ်ပါတယ်။

 

ဒါရိုက်တာသားညီ မဟုတ်ပဲ သရုပ်ဆောင်သားညီအဖြစ် မကြာခင်မှာ ပရိသတ်တွေ မြင်ရတော့မှာဖြစ်ပါတယ်။ သားညီဟာ သစ္စာချည်တိုင် ရုပ်ရှင်ဇာတ်ကား ကြီးထဲမှာ သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ခွင့်ရမှာဖြစ်တဲ့အတွက် အရမ်းကို ပျော်ရွှင်နေပါတယ်။ သရုပ်ဆောင် တစ်ယောက်အဖြစ် ပြန်လည်အသက်ဝင်တော့မယ့် ခံစားချက်ကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' သရုပ်ဆောင်ပြန်လုပ်ရမယ် ဆိုတော့ တော်တော်ပျော်တာ။ သရုပ်ဆောင်ရဲ့ စိတ်လွတ်လပ်ပေါ့ပါးမှုကို ပြန်ရလိုက်သလို ကျွန်တော်ခံစား ရတယ်။ အခုချိန်ထိလည်း ကျွန်တော်အရမ်းတက်ကြွနေတယ်။ အဝတ်အစားတွေဆိုလည်း ဘာတွေလုပ်မယ်၊ ဘာဝတ်မယ် ဆိုပြီး အဝတ် အစားတွေ ထုတ်ရှာလိုက်နဲ့ တစ်အိမ်လုံးကို ပွစာကျဲနေတာပဲ''လို့ သူကဆိုပါတယ်။

Photo: Thar Nyi Facebook

 

သစ္စာချည်တိုင်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သားညီက အရမ်းချစ်တတ်တဲ့ အသက် ၄၀ ကျော် အမျိုးသားတစ်ယောက် အဖြစ် ပါဝင် သရုပ်ဆောင် ရမှာဖြစ်ပါတယ်။

'' ဟိုးအရင် သရုပ်ဆောင်ဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်။ အားပေးကြပါလို့ သရုပ်ဆောင်အသစ်လေးကို၊ ဒီဇာတ်ကားထဲမှာလည်း ၄၀ ကျော်အချစ်လေးတွေကို ပြန်တွေ့ရပါမယ်။ သားညီရဲ့ ၄၀ ကျော်အချစ် ဝတုတ်လေးကို သစ္စာချည်တိုင် ဇာတ်ကားမှာ အားပေးကြပါ လို့'' သားညီက သြဂုတ်လ ၁၁ ရက်နေ့က လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ဇာတ်ကားကြီး အထူးပြသပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။

တူမလေး နဲ့အတူ ရုပ်ရှင်ကားတွေရိုက်ဖို့ စီစဉ်ထားတဲ့ သားညီ 

 

သားညီဟာ အနုပညာအလုပ်နဲ့ပတ်သက်ပြီး သရုပ်ဆောင်အဖြစ် မတွေ့ရတော့တာ တော်တော်ကို ကြာခဲ့ပါပြီ။ ဒါရိုက်တာ တစ်ယောက်အဖြစ် နဲ့သာ ရပ်တည်လျှက်ရှိတာကြောင့် သူ့ရဲ့ သရုပ်ဆောင်မှုအရည်အချင်းတွေကို ပရိသတ်တွေ မတွေ့ရတာပါ။ သားညီကိုယ်တိုင် ရိုက်ကူးထားတဲ့ ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကြွေ ရုပ်ရှင်ဇာတ်ကားကြီးတို့ကလည်း ပရိသတ်အားပေးမှု များစွာ ရရှိခဲ့ပါတယ်။

Photo: Thar Nyi Facebook

 

သားညီကိုယ်တိုင် ဒါရိုက်တာ စဖြစ်ဖြစ်ချင်း ပထမဦးဆုံးအကြိမ် ရိုက်ကူးထားတဲ့ လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၁၇ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကား ထဲမှာ လူမင်း၊ ယုန်လေး၊ ထူးခြား နဲ့ ထားထက်ထက် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

Share

Loading Next Article...
က္က