သမာအာဇီဝကျကျ အလုပ်လုပ်တာပဲလေ။

မင်းသမီးတစ်ယောက် ဈေးရောင်းတာ မဆန်းပါဘူးလို့ သူမက ဆိုပါတယ်။လက်ရှိမှာ မယ်လိုဒီ နေကြာစိ ရောင်းတာနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့ ကောမန့်တွေ ရှိသလို မင်းသမီးတစ်ယောက်အနေနဲ့ ဈေးရောင်းတယ်ဆိုတဲ့ မေးခွန်းတွေကိုု သူမက ယခုလို ပြန်ဖြေရှင်းခဲ့ပါတယ်။



Photo : Amazing Grace

 

သရုပ်ဆောင် မယ်လိုဒီဟာ လက်ရှိမှာ သူမရဲ့ ဖေ့စ်ဘတ်အကောင့်ကနေ နေကြာစိ ရောင်းနေတာဖြစ်ပါတယ်။ သူမဟာ နေကြာစိ ရောင်းလို့ရ တဲ့ အမြတ်များကိုလည်း လှူဒါန်းဖို့ ရည်းစူးထားတာပါ။ ဒါပေမယ့် လက်ရှိမှာ သူမ နေကြာစိ ရောင်းတာနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့ ကောမန့် တွေ ရှိသလို မင်းသမီးတစ်ယောက်အနေနဲ့ ဈေးရောင်းတယ်ဆိုတဲ့ ကောမန့်မျိုးတွေလည်း ရှိလို့နေခဲ့ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ မယ်လိုဒီ အနေနဲ့ မင်းသမီးတစ်ယောက် ဈေးရောင်းတာ မဆန်းသလို လူတစ်ယောက် ဖြစ်တဲ့အတွက် အလုပ် လုပ်တယ် ဆိုတာ ရှက်စရာလည်းမဟုတ်ဘူးလို့ သူမက ဆိုပါတယ်။

Photo : မယ်လိုဒီ FB

 

"အဓိကတော့ မင်းသမီးဈေးရောင်းတယ်ဆိုတာ မဆန်းပါ ဘူးလို့။ ဒါကကုသိုလ်အတွက် မဟုတ်ပဲနဲ့ လည်း မိသားစုအတွက်လည်း မျိုးရောင်း ကောင်း ရောင်းမှာပဲ။ လူတစ်ယောက်အတွက် အလုပ်လုပ် တယ် ဆိုတာသမာအာဇီဝ အလုပ်လုပ်တယ် ဆိုတာ ဘယ်အလု့ပ်မှာ ရှက်စရာလည်း မလိုဘူးမသင့်တော်ဘူးဆိုတာလည်း မရှိဘူး။လူထဲက လူတစ်ယောက်ပဲဆို တော့ အဲ့ဒါလေးကိုတော့ နားလည်ပေးစေ ချင်ပါ တယ်။ မိခင်တစ် ယောက်ဖြစ်တယ်။ အိမ်ထောင်ရှင်မတစ်ယောက်စြဖ်တယ်။ လူထဲက လူတစ်ယော်ကဖြစ်တဲ့အ တွက် အလုပ်ဆိုတာတော့ လုပ်နေဦးမှာပဲလို့။ " လို့ Duwun Media ရဲ့ အင်တာဗျူးမှာ သြဂုတ်လ(၁၄) ရက်နေ့က ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : မယ်လိုဒီ FB

သူမအနေနဲ့ နေကြာစိရောင်းလို့ရတဲ့ အမြတ်တွေကိုလည်း အလှူထဲ ထည့်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

"အမနေကြာစိ ရောင်းတော့ မင်းသမီးက ဈေးရောင်းတယ်ဆိုတာမျိုး ဖြစ်လာတယ်။ အမရယ် ရေဘေးကို လှူမယ်ဆိုရင်လည်း နေကြာစိ မရောင်းပဲနဲ့လည်း လှူလို့ ရပါတယ်တဲ့။ ရေဘေးကလည်း လှူပြီးသွားပါပြီ။ ဒီနေကြာစိ ရောင်းတာက ရေးဘေးလှူဖို့မဟုတ်ဘူး။ ပထမက ကိုယ့်မွေးနေ့ကျရင်လှူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေ့ါ။ ဒါပေမယ့် အခု အိမ်လည်း ဘုရားပင့်မယ်ဆိုတော့ သူ့ဘာသာသူ အဆင်ပြေသလိုတော့ လှူသွားမှာပေ့ါ။" လို့ ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

Photo : မယ်လိုဒီ FB

 

မယ်လိုဒီဟာ ၂၀၁၇ ခုနှစ်က စလို့  အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေး နဲ့ အတူ အနုပညာအလုပ်ရော၊ သားလေးရဲ့ ဝေယာဝိစ္စ၊ ခင်ပွန်းဖြစ်သူရဲ့ ဝေယာဝစ္စတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ပေးနေရသူပါ။ ဒါပေမယ့်လည်း မယ် ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်တော့ ဇာတ်ကားတွေရိုက်ကူးဖြစ်နေပါတယ်။

သရုပ်ဆောင် မယ်လိုဒီဟာ မကြာသေးခင်က "Vertigo" လို့ အမည်ရတဲ့ ရောဂါတစ်မျိုးကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ဒီရောဂါကိုလည်း ၂၀၀၈ ခုနှစ်ကတည်းက ခံစားခဲ့ရတာလို့ ဆိုပါတယ်။ အခုတော့ ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်လို့ အနုပညာအလုပ်တွေလည်း ပြန်လုပ်နေပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က