အောင်မြင်နေတဲ့ သရုပ်ဆောင်တွေချည်းပါပဲ။

အရုပ်ကျရာ ဆေးစက်ထင်ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို သြဂုတ်လ ၁၅ ရက်နေ့က ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အောင်မြေ မှာ ပြုလုပ်ခဲ့ပါတယ်။ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဒေါင်း၊ မင်းဦး၊ နေအောင်၊ ဇင်ဝိုင်း၊ ပိုင်ဖြိုးသု၊ ထွန်းအိန္ဒြာဗို၊ ဖူးစုံ နှင့် အနုပညာရှင် များစွာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။



 

အရုပ်ကျရာ ဆေးစက်ထင် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို သြဂုတ်လ ၁၅ ရက်နေ့က ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ အနုပညာလောကထဲမှာ အောင်မြင်ကျော်ကြားမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တွေက ပါဝင်သွားမယ်လို့သိရပါတယ်။

'' ဒီဇာတ်ကားထဲမှာ ထုတ်လုပ်ရေးထဲမှာ ပိုက်ဆံထုတ်ပေးတဲ့ သူတစ်ယောက်ပေါ့။ သားဖြစ်သူကိုလည်း အလုပ်တစ်ခုခု လုပ်စေချင်တဲ့ စိတ်ကြောင့် ပံ့ပိုးပေးတာပေါ့။ နောက်ပိုင်းမှာ ပြဿနာတွေဖြစ်လာတယ်။ သားကလည်း ဂျစ်ကန်ကန်နဲ့ ဆိုတော့သူ့ကို ထိန်းရင်း ပြဿနာထဲ ကိုယ်ပါ ဝင်လာတယ်ပေါ့'' လို့ ဝါရင့်သရုပ်ဆောင်ကြီး နေအောင်က ပြောပါတယ်။

 

ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်ဦးဇင်ဝိုင်း နဲ့ သရုပ်ဆောင် မင်းမော်ကွန်းတို့ သားအဖနှစ်ဦးရဲ့ တွဲဖက်သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာဖြစ်ပါတယ်။ အရုပ်ကျရာ ဆေးစက်ထင် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဦးဇင်ဝိုင်းက ဂီတသမားဟောင်း ဇာတ်ရုပ် နဲ့ ပါဝင်သရုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

'' ကျွန်တော်ကတော့ ဂီတသမားဟောင်းကြီးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ရမယ်။ ဒီကာရိုက်တာကတော့ ကျွန်တော်အရင်က ဗီဒီယို ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဇာတ်ကို ဖတ်ပြီးတော့ သဘောကျတယ်၊ ဒါကြောင့်လည်း ရိုက်ကူးဖို့ လက်ခံဖြစ်လိုက် တာပါ'' လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။

အကယ်ဒမီပေးပွဲကို ယခင်စည်းမျဉ်းစည်းကမ်း အတိုင်းပေးဦးမယ်ဆိုတဲ့ ဦးဇင်ဝိုင်း 

အတွေ့အကြုံများတဲ့ စီနီယာသရုပ်ဆောင်ကြီးတွေနဲ့ အတူ အရုပ်ကျရာ ဆေးစက်ထင် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာပါဝင်သရုပ်ဆောင်သွားမယ့် ပိုင်ဖြိုးသုက မိတဆိုး သမီးလေး တစ်ယောက်အဖြစ် ပါဝင်ရမယ်လို့ သိရပါတယ်။

'' ဒီဇာတ်ကားထဲမှာတော့ သုက ၁၃နှစ်မှာ အမေဆုံးသွားတယ်။ အဖေကတော့ ကမ်းလွန်ရေနံကုမ္မဏီမှာ အလုပ်လုပ်တယ်။ အရွယ်ရောက် လာတော့ စင်္ကာပူမှာကျောင်းတတ်တယ်၊ အထီးကျန်တာလည်း ရှိတော့ သီချင်းတွေ နားထောင်ရင်း နဲ့မှ အချိန်ကြာလာတော့ ဂီတဂျာနယ် တစ်ခုမှာ သတင်းထောက် တစ်ယောက်အဖြစ် အလုပ်လုပ်တယ်''လို့ သူကဆိုပါတယ်။

 

အရုပ်ကျရာ ဆေးစက်ထင်ရုပ်ရှင်ဇာတ်ကားကြီးကို Image Nation Production မှ စီစဉ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း နဲ့ ဒါရိုက်တာ အဝေး ရိုက်ကူးပြီး ဒီဇာတ်ကားမှာ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဒေါင်း၊ မင်းဦး၊ နေအောင်၊ ဇင်ဝိုင်း၊ ပိုင်ဖြိုးသု၊ ထွန်းအိန္ဒြာဗို၊ ဖူးစုံ နှင့် အနုပညာရှင် များစွာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က