မြေးလေးက လွင်မိုးနဲ့တူတာတဲ့။

အဘိုးနေရာကို ရောက်ရှိသွားပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် လွင်မိုးဟာ မြေးယောကျ်ားလေးပိုင်ဆိုင်ရလို့ အပျော်ကြီး ပျော်လို့ နေပါတယ်။ ကလေးလေးကလည်း သူနဲ့တူတယ်တဲ့။  သမိးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖေဖေအတွက် မြေးယောကျ်ားေ လးရလို့ ဘယ်လိုတွေ တောင်ပျော်နေမလဲဆိုတာ ကြည့်လိုက်နော်။



 

အဘိုးနေရာကို ရောက်ရှိသွားပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် လွင်မိုးဟာ မြေးယောကျ်ားလေးပိုင်ဆိုင်ရလို့ အပျော်ကြီး ပျော်လို့နေပါတယ်။ လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးဟာ သြဂုတ်လ(၇) ရက်နေ့ ညနေ(၅) နာရီက သြစတြေးလျ နိုင်ငံ၊ မဲလ်ဘုန်းမြို့မှာရှိတဲ့ Saint Vincent ဆေးရုံမှာ သားဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာပါ။ သားလေးက (၇.၅)ပေါင် ရှိပြီး သူနဲ့ တူတယ်လို့ လွင်မိုးက ဆိုပါတယ်။

"သြစတြေးလျနိုင်ငံမှာ (၇) ရက်နေ့ ညနေ(၅) နာရီမှာ မွေးတယ်။ (၇.၅) ပေါင် ရှိတယ်။မွေးတဲ့အချိန်မှာ ကျွန်တော်ရှိပါတယ်။(၁၀) ရက်နေ့ ကျမှ ပြန်လာတာ ဒီမှာ ကားရိုုက်လေးလည်း ရှိတော့လေ။ ကလေးက ကျွန်တော်နဲ့ပဲ တူပါတယ်။ သူတို့မိသားစုကတော့ သုံးလေးလလောက် သြစတြေးလျနိုင်ငံမှာ နေပြီး ပြန်လာကြမှာပါ" လို့ သြဂုတ်လ(၁၆)ရက်နေ့က တာတူး ရိုက်ကွင်းမှာ Duwun Media သို့ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

သမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ လွင်မိုးဟာ မြေးယောကျ်ားလေးကို ပိုင်ဆိုင်ခွင့်ရတဲ့ အတွက် အရမ်းပျော်နေတာပါ။

"မြေဦးလေးဆိုတော့ တော်တော်လေးတော့ ပီတိဖြစ်ပါတယ်။ဘာလို့လည်း ဆိုတော့ ကျွန်တော့်ရဲ့ ရင်သွေးမှာ ယောကျာ်းလေး မရှိခဲ့ဘူးလေ။ အခုယောကျ်ားလေး ရတော့တော်တော်လေးကို ပီတိဖြစ်မိပါတယ်။ကလေးဆိုတဲ့ဟာက ကိုယ့်ရဲ့ ရင်သွေးမှမဟုတ်ဘူး တော်ရုံတန်ရုံ ကလေး တစ်ယောက်ကို မြင်ရင်တောင်မှ လူတိုင်းက နှစ်သက်ကြတယ်။ ချစ်ခင်ကြတဲ့စိတ်ရှိတယ်။ ကိုယ့်ရဲ့မျိုးရိုးဖြစ်တဲ့ ကိုယ့်ရဲ့ မြေးဆိုရင် လည်း ဒါ အတိုင်းအထက် အလွန်ပေ့ါလေ ချစ်တဲ့စိတ်တွေကတော့ အများကြီးပေ့ါ။ " ဆိုပြီး ဆက်လက်ဖြေဆိုပေးထားပါတယ်။

 

ယွန်းဝတီလွင်မိုး ရင်သွေးရတာနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုထားတာတွေ လည်း ရှိသလို ဝိုင်းပြီး ချစ်ခင်အားပေး ဂုဏ်ပြုပေးကြတဲ့ ပရိသတ် တွေ လည်း ရှိခဲ့ပါတယ်။တချို့ပရိသတ်တွေဆိုရင် ယွန်းဝတီလွင်မိုးကို နှမြောကြတာတွေလည်း ရှိကြပါတယ်။ ပရိသတ်တွေ ခေးလေးကို နှမြော သလို ဖခင်ဖြစ်တဲ့ လွင်မိုးကလည်း သမီးလေးကို နှမြောတဲ့ စိတ်ဖြစ်မိတာပေ့ါလို့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ပါသေးတယ်။

ယွန်းဝတီလွင်မိုးရဲ့ သားလေးမျက်နှာကို ပရိသတ်တွေ အရမ်းကို မြင်ချင်နေကြပါပြီ။ ဒါပေမယ့်လည်း အခုထက်ထိ ပရိသတ်တွေကို ပြသခြင်း မရှိသေးပါဘူး။ဒါပေမယ့်လည်း မကြာခင်မှာ ကလေးလေးရဲ့ မျက်နှာကို ယွန်းဝတီလွင်မိုးက အွန်လိုင်းကနေ ပြပေးမှာ ဖြစ်လို့ ပရိသတ်တွေ စောင့်ကြည့်ပေးကြပါလို့လည်း  လွင်မိုးက ပြောခဲ့ပါသေးတယ။်

 

ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

ယခုလက်ရှိ သူမဟာ ခင်ပွင်းဖြစ်သူနဲ့အတူ  သြစတြေးလျ မှာ အတူ နေထိုင်လျက်ရှိပါတယ်။အိမ်ထောင်ကျ ကလေးရပြီးပေမယ့် လဲ ယွန်းဝတီလွင်မိုး အပေါ် ပရိသတ်တွေ က အခုထိ အချစ်ပိုနေကြတုန်းပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က