အသက်ကြီးရင် မပူမပင်နဲ့ နေချင်တာတဲ့။

မိုးတွင်းဘက်ကို ဝင်ငွေ ဘယ်လိုရှိလဲလို့ ပြောရင် တစ်ခါ တစ်လေ မှန်းလို့မရသလို တစ်လလုံးဝင်ငွေမရှိတာတွေလည်း ရှိတတ်တယ်လို့ သူကဆိုပါတယ်။ အနုပညာအလုပ်အပြင် အခြားလုပ်ငန်းတွေ လုပ်ကိုင်ချင်ပေမယ့်လည်း အထမမြောက် ခဲ့ဘူးတဲ့။

Photo : ကျင်ဝှက်

 

လက်ရှိမှာ "တာတူး" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတဲ့ သရုပ်ဆောင် ကျင်ဝှက်က မိုးတွင်းဘက်မှာ ဇာတ်ကားရိုက်ကူးမှုတွေလည်း နည်းသလို ပွဲကရတာတွေလည်း နည်းတယ်လို့ ဆိုပါတယ်။ တစ်လလောက်မှာ ပွဲတစ်ပွဲလောက်ပဲ ကရတာမျိုးတွေ ရှိသလို ပွဲက ရတဲ့ ပိုက်ဆံနဲ့ တစ်လလုံး စားရတဲ့အချိန်တွေလည်း ရှိတတ်တယ်လို့ဆိုပါတယ်။

တစ်ခါတလေ တစ်လလုံးဝင်ငွေမရှိတာတွေလည်း ရှိနေတတ်တယ်ဆိုပြီး သူ့ရဲ့ ဘဝကို ယခုလို ရင်ဖွင့်ခဲ့ပါတယ်။

"ပွဲထွက်ကရလည်း ကပြီး ပိုက်ဆံက ကုန်သွားတာ။ သူက ဆက်တိုက်မှ မရှိတာကို မိုးတွင်းဘက်ကို ဝင်ငွေ ဘယ်လိုရှိလဲလို့ ပြောရင် တစ်ခါ တစ်လေ မှန်းမရဘူး။ တစ်လလုံးဝင်ငွေမရှိတာတွေလည်း ရှိတတ်တယ်။ အဲ့ဒါက မှန်းလို့မရဘူးပိုက်ဆံက မင်းသားမင်းသမီးလောက်မှ မရပဲ ကို ။ တချို့က ဟာ သူတို့ ရုပ်ရှင်အဖွဲ့တွေပဲ ရမှာပေ့ါဆိုတဲ့အမြင်တွေရှိတယ်။ ဇာတ်ပို့ဇာတ်ရံတွေက နည်းကိုနည်းတယ်။ မင်းသားဖြစ် အောင် လ ုပ်လို့လည်း  ဒီရုပ်က မရတော့ဘူး ။ ဘယ်လို ကြိုးစားကြိုးစား မရတော့ဘူး" ဆိုပြီး သြဂုတ်လ(၁၃) ရက်နေ့ တာတူး ရုပ်ရှင်ဇာတ် ကားရိုက်ကွင်းမှာ Duwun Media ကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : ကျင်ဝှက်

 

သူ့အနေနဲ့ အနုပညာအလုပ်အပြင် အခြားသောလုပ်ငန်းတွေ လုပ်ကိုင်ဖို့ စဉ်းစားပေမယ့်လည်း အထမမြောက်ခဲ့ဘူးလို့ ဆိုပါတယ်။ အနုပညာအလုပ်မရှိတဲ့ အချိန်မျိုး ပွဲမရှိပဲ ပုံမှန်ဝင်ငွေလေးနဲ့ ရတာမျိုးလေးတွေ လုပ်ချင်ပေမယ့် မဖြစ်မြောက်ခဲ့ဘူးတဲ့။ အကြွေးမကင်းတဲ့ ဘဝဖြစ်သလို ရတဲ့ပိုက်ဆံလေးတွေနဲ့ အကြွေးဆပ်လိုက် စားလိုက် လှူလိုက်နဲ့ နေနေရတယ်လို့ သူက ဆက်လက် ပြောပြခဲ့ပါတယ်။

"အကြွေးမကင်းပါဘူး။အဲ့ဒါတွေလည်း ရှိတော့ အဲ့ဒါတွေလည်း လှည့်ပတ်ဆက် ကိုယ့်ဘာသာကိုယ် အဆင်ပြေအောင်သုံးပေ့ါ။ အဲ့ဒါနဲ့ပဲ ရည် မှန်းချက် ပန်းတိုင်ကို မရောက်သေးတာပေ့ါ။ အောင်မြင်တာတော့ထက်ဝက်ရောက်လာပြီ။ပန်းတိုင်က ထက်ဝက်ကျန်သေးတယ်။ နောက် ထပ် ရာခိုင်နှုန်း ၅၀ ကြိုးစားရမယ်။ဒါပေမယ့် အသက်က နည်းနည်းကြီးလာပြီ" လို့ သူက ဆိုပါတယ်။

Photo : ကျင်ဝှက်

အလုပ်အဆင်ပြေတယ် မဟုတ်ပေမယ့် အကြွေးတွေဝိုင်းနေတယ်လို့ ဆိုလာတဲ့ ကျင်ဝှက်  

အသက်ကြီးလာရင်လည်း တင့်တောင်းတင်တယ်လေး နေချင်တာကြောင့်အခုချိန်ကတည်းက ကြိုးစားနေရပုံကိုလည်း ဆက်လက်ပြော ပြခဲ့ပါတယ်။

"အသက်ကြီးလာပြီး ကိုယ်အလုပ်လုပ်မလုပ်နိုင်တော့ဘူးဆိုရင် သားသမီးတွေ ကောင်းမှာပဲ အဆင်ပြေတာပေ့ါ။ စားဝတ်နေရင် အဆင် ပြေတာ တောင်မှ သားသမီးတွေမကောင်းရင ်စိတ်ဆင်းရဲရတယ်။အဲ့လို ဖြစ်မှာ သိပ်ကြောက်တာ။ ကိုယ်မလုပ်နိုင်တော့တဲ့အချိန်မှာ အရမ်းစိုး ရိမ်တာ။ ကလေးတွေ သားသမိးတွေကို အားကိုးချင်တဲ့စိတ် မရှိဘူး။  ကိုယ်ကသာ ရှိရင်ေ ပြာချင်တဲ့စိတ်နဲ့ပဲ လှုပ်ရှားရတာ။ မပူမပင် နေရတာမျိုး ဖြစ်ချင်တာလေ။နောက် လှူချင်တန်းချင်တာတွေလည်း ကိုယ့်မှာ ပြည့်ပြည့်စုံ စုံရှိချင်တယ်။ တကယ့် ချို့တဲ့နေတဲ့သူကိုု လှူချင်တယ်။" လို့ သူက ပြောပြခဲ့ပါတယ်။

Photo : ကျင်ဝှက်

 

လူရွှင်တော်ကျင်ဝှက်အနေနဲ့ Five Stars အဖွဲ့ဝင်တစ်ဦးအဖြစ် ဖျော်ဖြေရေးပွဲတွေမှာလည်း ပါဝင်ဖြစ်သလို၊ ရုပ်ရှင်ဇာတ်ကားကြီး ၊ ဗီဒီယို ဇာတ်ကား ကြီးတွေကိုလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က