လူ့အလို နတ်မလိုက်နိုင်ဘူးလေ။

နီနီခင်ဇော်က သူ့ရဲ့ ခန္ဓာကိုယ် နည်းနည်း ဝခဲ့တာကြောင့် ဝိတ်တောင်ပြန်လျှော့ခဲ့ရတယ်လု့ိ ဆိုပါတယ်။ အခုဆိုရင်တော့ အရမ်းကိုလှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လို့နေပါပြီ။ Body Shaming နဲ့ပတ်သက်ပြီး သူငယ်ချင်းဖြစ်တဲ့ မိစန္ဒီက အရမ်းကို စနောက်တယ်လို့ ပြောပါတယ်။

 

အဆိုတော် နီနီခင်ဇော်က သူ့ရဲ့ ခန္ဓာကိုယ် နည်းနည်း ဝခဲ့တာကြောင့် ဝိတ်တောင်ပြန်လျှော့ခဲ့ရတယ်လု့ိ ဆိုပါတယ်။ အခုဆိုရင်တော့ အရမ်းကိုလှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာတော့ သူ့ရဲ့ အလှကုန်ပစ္စည်းတွေအတွက် ကြော်ငြာရိုက်ကူးနေတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' The Voice Myanmar ရိုက်တုန်းကထက် နည်းနည်းလေး ဝိတ်တက်ခဲ့တယ်၊ အခုကျတော့ ဝိတ်ပြန်လျှော့လိုက်တာ ဝိတ်ချတာကလည်း အဓိ က အစားပဲပေါ့၊ ထမင်းစားတာတွေလျှော့တယ်၊ အသီးစားတယ်၊ ကြက်ဥစားတယ်၊ ချစ်တဲ့စိတ်နဲ့ ကြည့်တော့လည်း မဲနေတဲ့အသားက ဖြူသွား တယ်။လူကလည်း ပိန်သွားတော့ လှသွားတယ်လို့ထင်တယ်'' လို့ သူကဆိုပါတယ်။

 

နီနီခင်ဇော်ရဲ့ Body Shaming နဲ့ပတ်သက်ပြီး သူငယ်ချင်းဖြစ်တဲ့ မိစန္ဒီက အရမ်းကို စနောက်တယ်လို့ ပြောပါတယ်။ တကယ်တော့ Body Shaming လုပ်တယ်ဆိုတာ မပြောသင့်တဲ့ စကားပါ ဆိုပြီးတော့ အဆိုတော် ဖိုးပြည့်ရဲ့ MTV ရိုက်ကွင်းမှာ Duwun Media ကို သီးသန့် ဖြေဆို ခဲ့တာပါ။

'' Body Shaming နဲ့ ပတ်သက်ပြီးတော့ နီနီ့သူငယ်ချင်း မိစန္ဒီကတော့ အပြောအများဆုံးပဲ သူ့ကတော့ တွေ့ရင် စပဲ စတာပါ။ သူ့ကိုတော့ နီနီ Body Shaming မလုပ်ဖြစ်ပါဘူး။ တကယ်တော့ Body Shaming က မလုပ်သင့်ဘူး ပိန်တာ ဝတာ သူ့ရဲ့ကိစ္စပဲလေ။ ဝနေလို့ ကျန်းမာရေး ကောင်းတာ မကောင်းတာ သူခံရမှာပဲ။ သူငယ်ချင်းရေ နေကောင်းလား အဆင်ပြေလား မေးရမယ်လို့တော့ နီနီထင်တယ်'' လို့ ဆိုပါတယ်။

 

နီနီကတော့ သူပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ် ဝချင်ဝ ပိန်ချင်ပိန် ကိုယ်ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်အပေါ် စိတ်ကျေနပ်မှုအပြည့်ရှိတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ပျော်ပျော်နေတယ်လို့ ဆိုပါတယ်။

'' နီ နည်းနည်းလေး ပိန်သွားတုန်းကလည်း ပိန်သွားတယ်ပြောကြတယ်၊ နည်းနည်းလေး ဖောင်းလာတော့လည်း ဖောင်းတယ်ပြောကြတယ်။ လူ့ အလို နတ်မလိုက်နိုင်ဘူးပေါ့နော်။ အဓိက ပြောချင်တာက ကိုယ့်ရှိနေတဲ့ ရုပ်ရည်နဲ့ ကိုယ့်ရဲ့ ရှိနေတဲ့ ခန္ဓာကိုယ်ကို လက်ခံပါ။ ကိုယ်ကိုယ် တိုင် ကလည်း လက်ခံတယ်။ ဒါဆိုရင် ပျော်စရာကောင်းတယ်'' လို့ သူကပြောပါတယ်။

ချစ်ခြင်းအားလုံးကို ကိုယ်စားပြုတဲ့ Stand By Me သီချင်း 

 

နီနီခင်ဇော်ဟာ ဇွန်လ အတွင်းတုန်းကလည်း အချစ်သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ '' ချစ်လျှက်နဲ့ လမ်းခွဲ'' ဆိုတဲ့ သီချင်း MTV လေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး  အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ သူဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က