သူကတာကလည်း အရမ်းလှတယ်နော်။

Dancer မလေး ဧငြိမ်းဖြူဟာ ပရိသတ်တွေ နှစ်သက်သဘောကျလောက်တဲ့ အကစွမ်းရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဆို လည်း မမှားပါ ဘူး။ သူမမှာ နှလုံးရောဂါ ရှိနေပေမယ့်လည်း ပရိသတ်တွေကြောင့် ကြိုးစားပြီး ကဖြစ်ကြောင်း ယခုလို ပြောပြထားပါတယ်။

 

Dancer မလေး ဧငြိမ်းဖြူဟာ ပရိသတ်တွေ နှစ်သက်သဘောကျလောက်တဲ့ အကစွမ်းရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဆိုလည်း မမှားပါ ဘူး။ ဧငြိမ်းဖြူဟာ ပရိသတ်တွေအတွက် အကဗီဒီယိုဖိုင်လေးတွေ လုပ်ပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ပေးဖြစ်သူလည်း ဖြစ်ပါတယ်။ အကပိုင်း နဲ့ပတ်သက်ပြီး ပိုင်နိုင်စွာ ကနိုင်သူ ဖြစ်တဲ့ သူမဟာ နှလုံးရောဂါသည်တစ်ဦးလည်း ဖြစ်ပါတယ်။

 

သူမမှာ နှလုံးရောဂါ ရှိနေပေမယ့်လည်း ပရိသတ်တွေ ကြည့်ချင်တဲ့ အကဗီဒီယိုဖိုင်လေးတွေကို ကြိုးစားပြီး ကပြဖြစ်တယ်လိုု့ ဆိုပါတယ်။

"ကိုယ်ကသာ အရမ်းဝါသနာပါပြီး လုပ်ချင်စိတ် ရှိတာ ။ ညီမက နှလုံးသိပ်မကောင်းဘူး။ သိပ်မကနိုင်ဘူးပေ့ါ။ ဒါပေမယ့် မရရအောင် ကြိုးစား ပြီး ကတယ်။ မောတဲ့ဒဏ်ကိုလည်း မခံနိုင်ဘူး။ကတယ်ဆိုတာကလည်း စိတ်ပဲလူကမလုပ်နိုင်ဘူး။ စိတ်က အရမ်းပြင်းထန်တော့ လုပ်ရတာ ပေ့ါ။ ကပြီးသွားရင်း ဘုန်းကနဲ့ လဲသွားတယ်။ ခဏနားပြီး ဆက်ကပေ့ါ။ ပရိသတ်တွေက ညီမကတဲ့ ဗီဒီယိုဖိုင်လေးတွေ ကြည့်ချင်ကြတယ် အဲ့အတွက် ညီမကလည်း အစွမ်းကုန်ကြိုးစားပြီး ကတာပေ့ါ"လို့ သြဂုတ်လ(၁၇) ရက်နေ့က ပြုလုပ်တဲ့  left&Right ဖက်ရှင်ဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : ဧငြိမ်းဖြူ FB

ချစ်သူရဲ့မွေးနေ့ပွဲမှာ Birthday သီချင်းဝင်မဆိုလို့ အအော်ခံလိုက်ရတဲ့ ရဲရင့်အောင် 

သူမအနေနဲ့ လက်ရှိမှာ အကနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့ ရှိတယ်လို့သိရပါတယ်။

"လက်ရှိက အကပိုင်းနဲ့ ဆိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ အတွက် အကလေ့ကျင်နေတယ်။ ပြီးတော့ ဇာတ်လမ်းတွဲအတွက်လည်း အကလေ့ ကျင့်နေပါတယ်။အခုစိုးရိမ်တာက ညီမ အက ရုပ်ရှင်ဇာတ်ကားကြိး ရိုက်ဖို့ရှိတယ်။အဲ့ခါကျရင် အရမ်းပင်ပန်းမှာလေ တစ်ကားလုံး အကတွေပဲ ဆိုတော့ အဲ့အတွက်လည်း စိုးရိမ်တယ်။ ရိုက်ကွင်းမှာ ကောင်းကောင်းမွန်မွန်မကနိုင်မှာစိုးတယ်။အဲ့ဒါကြောင့် အမောခံနိုင်အောင် gym  ဆော့တယ်။ လေ့ကျင့်ခန်းလုပ်တယ်။ ဆေးသေချာသောက်ဖြစ်နေပါတယ်။" လို့ သူမက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

Photo : ဧငြိမ်းဖြူ FB

 

ချစ်သူသက်တမ်း တစ်နှစ်ကျော်အကြာတွဲခဲ့တဲ့ အဆိုတော်ရဲရင့်အောင်နဲ့ မော်ဒယ်လ်မလေး ဧငြိမ်းဖြူ တို့ရဲ့ အချစ်ရေးဟာ အခုလက်ရှိမှာ အဆင်ပြေပြေ ရှိနေပြီလို့ သိရပါတယ်။ အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူ တို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ် သင်္ကြန်အပြီးမှာ ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်ကြတာဖြစ်ပါတယ်။

နှစ်ယောက် စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ဦး ရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ကျော် ကြာခဲ့ပါပြီ။ ချစ်သူသက်တမ်း ၁ နှစ်ကျော်မှာလည်း ရဲရင့်အောင်က ၂၄ နာရီသဝန်တိုရုံမကဘူး အိမ်မက်ထဲမှာ ဖောက်ပြန်နေတယ်လို့ ထင်ရင်တောင် နှိုးလာတဲ့အခါ ပြဿနာရှာတတ်လောက်အောင် သဝန်တိုတယ် ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဧငြိမ်းဖြူက ဖြေဆိုခဲ့ပါတယ်။

 

Share

Loading Next Article...
က္က