ဆီလီကွန်ထည့်ထားသေးလား။

အနုပညာလောကမှာသာမက လူငယ်တွေကြားမှာ ပလပ်စတစ်ဆာဂျရီလုပ်တာတွေ၊ တခဏတာ လှပဖို့အတွက် Filter ထိုး တာတွေ က ခေတ်စားလို့နေပါတယ်။ ဒီလို ခွဲစိတ်ပြုပြင်မှုတွေလုပ်ရမယ် ဆိုတဲ့အချိန်မှာတော့ သင်ဇာဝင့်ကျော်တစ်ယောက် တကယ်ကို စိတ်လှုပ်ရှားနေမှာအမှန်ပါပဲ။



 

လက်ရှိ အနုပညာလောကမှာသာမက လူငယ်တွေကြားမှာ ပလပ်စတစ်ဆာဂျရီလုပ်တာတွေ၊ တခဏတာ လှပဖို့အတွက် Filter ထိုးတာတွေ က ခေတ်စားလို့နေပါတယ်။ ဒီအကြောင်းအရာအပေါ်မှာလည်း သရုပ်ဆောင် သင်ဇာဝင့်ကျော်က လိုအပ်လို့ လုပ်တာဖြစ်တဲ့အတွက် သူကိုယ်တိုင် လည်း အလှအပနဲ့ ပတ်သက်ပြီး လိုအပ်လာရင် လုပ်မယ် ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဘယ်လိုပြောမလဲ လိုအပ်ရင်တော့ လုပ်လိုက်ပေါ့နော်။ တချို့ဆို Filter ထိုးတာတို့ ခေတ်စားတယ်လေ။ ကိုယ်ကျတော့ ကြောက်တာလည်း ပါတယ်။ တကယ်လို့ လုပ်ဖို့ အရမ်းကြီးကို လိုအပ်လာပြီ အလှအပနဲ့ပတ်သက်ပြီး လုပ်ဖို့ လိုအပ်လာပြီဆိုရင်တော့ လုပ်မှာပါ'' ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

 

ဒီလို ခွဲစိတ်ပြုပြင်မှုတွေလုပ်ရမယ် ဆိုတဲ့အချိန်မှာတော့ သင်ဇာဝင့်ကျော်တစ်ယောက် တကယ်ကို စိတ်လှုပ်ရှားနေမှာအမှန်ပါပဲ။ သူ့အနေနဲ့ အသက်အရွယ်ကြီးလာတာနဲ့ အမျှ အလှအပနဲ့ ပတ်သက်ပြီး အသေးစိတ် ဂရုစိုက်ဖြစ်တဲ့ အကြောင်းတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' ကြောက်တော့ ကြောက်တယ်၊ ဒါပေမယ့် လှချင်ရင်တော့ အနာခံရမှာဘဲလေ။ အသက်ကြီးလာလေ လူက လှချင်လာလေပဲ။ အရင်တုန်းက ဆိုရင် ရှုတင်ရိိုက်နေတယ်ဆို ၁၅ မိနစ်မှ တစ်ခါ မှန်ကြည့်ဖြစ်တယ်။ အခုဆိုရင် ၅ မိနစ်ခြားတစ်ခါ မှန်ကြည့်တယ်။ မှန်ပြဦး၊ မှန်ပြဦး ဆိုပြီးတော့ အဲ့လို ဖြစ်နေတယ်'' လို့ သူကဆိုပါတယ်။

ချစ်သူနဲ့ စိတ်ကောက်ထားကြတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ဟာ လေ့ကျင့်ခန်း ပုံမှန်လုပ်သူဖြစ်တာကြောင့် ခန္ဓာကိုယ်အချိုးအစားလည်း လှပတောင့်တင်းပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှကြောင့်လည်း ဆီလီကွန်ထည့်ထားတာလား ဆိုတဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရတယ်ဆိုတယ်လို့လည်း သူက ပြောပါတယ်။

'' ဆီလီကွန်ထည့်တယ် မထည့်ဘူးဆိုတာကတော့ မပြောချင်ပါဘူး။ မြင်တဲ့အတိုင်းပဲ မြင်ရင် မြင်တယ်လိ့ုဘဲ မှတ်ပါလို့ပြောချင်တယ်။ ဝန်းရံ လာတဲ့ ပရိသတ်တွေကလည်း သင်ဇာ အပြောခံနေရတာတွေကို သနားစိတ်နဲ့ ချစ်ပေးကြတယ်၊ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ ကြိုက်ကြတာ တွေ ရှိ တယ်။ အဲ့ဒီအတွက် သင်ဇာ အရမ်းကိုကျေးဇူးတင်ပါတယ်'' လို့ ဆိုပါတယ်။

 

သင်ဇာဝင့်ကျော်ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ မကြာသေး ခင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့ပါသေးတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ ၁၀ စုနှစ်ကျော်ခဲ့ပါပြီ ပရိသတ်အခိုင်အမာ နဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က