ပရိသတ်အချစ်တော်တွေ အများကြီးပါတယ်။

အဆိုတော်တွေ နေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီးအထူးပြသပွဲကို သြဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ ဒီဇာတ်ကားထဲမှာ ရွှေမှုံရဲ့ ပါးကို နမ်းပြီး ထွက်ပြေးသွားတဲ့ ဇေရဲထက်ကလည်း ဒီအကြောင်းနဲ့ ပတ်သက်တဲ့ အမှတ်တရကို ပြောပြခဲ့ပါတယ်။

Photo: အဆိုတော်တွေနေတဲ့ရွာ

 

အဆိုတော်တွေ နေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီးအထူးပြသပွဲကို သြဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ပရိသတ်ချစ်တဲ့ အနုပညာရှင်များစွာတို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်ကားက အမှတ်တရ တွေကိုလည်း ပါဝင်တဲ့ အနုပညာရှင်တွေက Duwun Media ကနေ ပြောပြခဲ့ပါတယ်။

Photo: အဆိုတော်တွေနေတဲ့ရွာ

 

သရုပ်ဆောင် ကေညီက မိုက်ခဲရွာ အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲဝင်တစ်ဦး ဖြစ်ခဲ့တဲ့ ရော့ခ်မေမေလို့ ချစ်စနိုးခေါ်ခဲ့တဲ့ မျိုးမျိုးခိုင်အကြောင်းကိုလည်း စနောက်ရင်း ပြောပြလာပါတယ်။

'' သူ(မျိုးမျိုးခိုင်)ကကျတော့ ဒီဇာတ်ကားထဲမှာ ရော့ခ် မေမေကြီးအဖြစ် သရုပ်ဆောင်ထားတာပေါ့သူ တော်တော် လေ့လာထားပုံရပါတယ် Rocker တွေက Every Body Rock & Roll ဆိုပြီးတော့ အော်ရမှာကို Happy Birthday Rock & Roll ဆိုပြီးတော့ အော်သွားတယ်။ အဲ့ဒီမှာ အရမ်းရယ်ရခဲ့တာ'' လို့ ဆိုပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မိုက်ခဲရွာ ရဲ့ ရော့ခ်ဂီတကို ရူးသွပ်သူအဖြစ် ကေညီက သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက် မိုက်ခဲရွာ အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးမှာလည်း အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ခဲ့ပါသေးတယ်။

 

အဆိုတော်တွေနေတဲ့ရွာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ မိုက်ခဲရွာကို အလန်းဇယား ဖက်ရှင်တွေဝတ်ပြီး အောင်မြင်တဲ့ ဒီဇိုင်နာ တစ်ဦးအနေနဲ့ ရောက်ရှိလာတဲ့ သရုပ်ဆောင်အကယ်ဒမီ ဝါဝါအောင် အကြောင်းကိုလည်း ကေညီနဲ့ မျိုးမျိုးခိုင်တို့က Duwun Media ကနေ ပြောပြခဲ့ပါသေးတယ်။

'' သူကတော့ ပွဲစီစဉ်သူ မမဒိတ်ပေါ့၊ သူက ဒီဇာတ်ကားထဲမှာ လုံးဝ ဖက်ရှင်အမိုက်စား၊ ပြီးတော့ သူငယ်ချောချောလေးနဲ့ တွဲရတယ် သူက တော့ Mr. ထျန်ဖားပေါ့။ အဲ့ဒီသူငယ်ကလည်း ဇွတ်ကျားလေးဖြစ်နေတယ်။ ဖက်ရှင်အရောင်တွေကလည်း အတူတူပဲ '' ဆိုပြီးတော့ မျိုးမျိုး ခိုင်နဲ့ ကေညီတို့က ဝါဝါအောင့်ကို စနောက်ခဲ့ကြပါတယ်။

Photo: အဆိုတော်တွေနေတဲ့ရွာ

မြန်မာပြည်သိန်းတန်နဲ့ ဇေရဲထက်တို့ရဲ့ ဖက်ရှင်အလန်းဇယားတွေကို မြင်ရမယ့် ဖက်ရှင်ရုပ်ရှင်ဇာတ်ကား 

မိုက်ခဲရွာ ရွာသူ၊ ရွာသားတွေက ဂီတကို ရူးသွပ်သူတွေဖြစ်ပြီး မကြာခဏဆိုသလို အငြင်းအခုန်တွေလည်း ရှိကြပါတယ်။ အဲ့ဒီမှာ ရော့ခ်ဂီတကို ရူးသွပ်တဲ့ မင်းမော်ကွန်းတို့ အဖွဲ့၊ Rap ဂီတကို ရူးသွပ်တဲ့ ဇေရဲထက်တို့ အဖွဲ့နဲ့ Punk Style ကို ရူးသွပ်တဲ့ ရွှေမှုံရတီတို့ အဖွဲ့ က ဂီတနဲ့ ပတ် သက်ပြီး အငြင်းအခုန်ဖြစ်နေတဲ့ အချိန်မှာ ရွှေမှုံရဲ့ ပါးကို နမ်းပြီး ထွက်ပြေးသွားတဲ့ ဇေရဲထက်ကလည်း ဒီအကြောင်းနဲ့ ပတ်သက်တဲ့ အမှတ်တရကို ပြောပြခဲ့ပါတယ်။

'' ဒါကလည်း တစ်ဖက်နဲ့ တစ်ဖက် ရန်တွေ ဖြစ်နေကြတဲ့ အချိန်မှာ ကိုကြီးမင်းမော်ကွန်းကလည်း ရွှေမှုံ့ ကိုလုတယ်၊ ကိုမင်းမော်ကွန်းကိုလည်း ရွှေမှုံက အနားကပ်မခံတဲ့အချိန်မှာ သူ့ကို လူကြားထဲ ပြွတ်ဆိုပြီး နမ်းပြီး ထွက်ပြေးတာပေါ့'' ဆိုပြီးတော့ ဇေရဲထက်က Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 

Photo: အဆိုတော်တွေနေတဲ့ရွာ

 

အဆိုတော်တွေ နေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၂၄ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့  အဆင့်မြင့်ရုပ်ရှင်ရုံ တွေမှာရုံတင် ပြသ သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ရာဇဝင်ကို က ရိုက်ကူးပုံဖော်ထားတာပါ။ သရုပ်ဆောင် မြန်မာပြည်သိန်းတန်၊ တေးချစ်သူ၊ ဇေရဲထက်၊  ရွှေမှုန်ရတီ၊ မင်းမော်ကွန်း၊ မို့မို့မြင့်အောင် တို့က အဓိက ပါဝင်ထားပါတယ်။

Share

Loading Next Article...
က္က