ဒီနေ့ သူ့ရဲ့ အသက်(၂၈) နှစ်ပြည့်တာနော်။

မြန်မာပြည်က ပရိသတ်တွေရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်တဲ့  မြန်မာပြည်ဖွား ဂျပန်နိုင်ငံသား အဝင်းရဲ့ မွေးနေ့လေးက ဒီနေ့ပါ။ ဒီနေ့(သြဂုတ်လ၂၀ရက်)ဟာသူ့ရဲ့ အသက်(၂၈) နှစ်ပြည့်နေ့လေးပါ။ အဝင်းက မွေးနေ့မှာ အလုပ်တွေနဲ့ပဲ ဖြတ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေကတော့ သူ့ရဲ့ မွေးနေ့ဆုတောင်းတွေ မွေးနေ့အလှူတွေ ပြုလုပ်ပေးခဲ့ပါတယ်။

 

မြန်မာပြည်က ပရိသတ်တွေရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်တဲ့  မြန်မာပြည်ဖွား ဂျပန်နိုင်ငံသား အဝင်းရဲ့ မွေးနေ့လေးက ဒီနေ့ပါ။ ဒီနေ့(သြဂုတ်လ၂၀ရက်)ဟာသူ့ရဲ့ အသက်(၂၈) နှစ်ပြည့်နေ့လေးပါ။ အဝင်းက မွေးနေ့မှာ အလုပ်တွေနဲ့ပဲ ဖြတ်သန်းဖြစ်မယ်လို့ ဆိုပါတယ်။

သူပါဝင်ထားတဲ့ Ready Player One ဇာတ်ကားဟာ ဒီနေ့မှာ DVD အနေနဲ့ ထွက်ရှိမှာဖြစ်ပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့အတူ ပရိုမိုးရှင်းပွဲ ပြုလုပ်မှာ ဖြစ်တဲ့အတွက် မွေးနေ့ကို အလုပ်တွေနဲ့ ဖြတ်သန်းဖြစ်မှာဆိုပြီး သြဂုတ်လ(၁၈) ရက်နေ့က မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ ဂျပန်ခရီးသွားဈေးကွက်မြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်တဲ့ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

မွေးနေ့မှာ လုပ်မယ့် အစီအစဉ်လေးတွေ ပြောရင်းနဲ့ သူ့ရဲ့ မွေးနေ့အမှတ်တရအဖြစ်အပျက်လေးကိုပါ ယခုလို ပြောပြခဲ့ပါတယ်။

"ပြောရရင် ဂျပန်ပြည်မှာနားတဲ့အချိန် လုံးဝကို မရှိတာ။ မွေးနေ့ကလည်း Ready Player One DVD က ဂျပန်ပြည်မှာ စဖြန့်တော့မယ်။ အဲ့အတွက် အဲ့မှာ ပရိုမိုးရှင်းလုပ်ကြမှာပေ့ါ။ မွေးနေ့မှာ။ အသက်ကြီးသွားတယ်လို့ ခံစားရလားဆိုတော့ ကျွန်တော်မှတ်မိတာက မနေ့တစ် နေ့ကမှ အသက်(၂၀) ပြည့်သွားသလိုပါပဲ။ ကျွန်တော်အသက်(၂၀) ပြည့်တဲ့နေ့တုန်းက ကျွန်တော်သူငယ်ချင်းတွေနဲ့ပင်လယ်သွားတယ်။ ပင်လယ်သွားပြီး သူငယ်ချင်းတွေနဲ့ ၁ကနေ ၃ အထိ ခေါ်ပြီး ပင်လယ်ထဲ ခုန်ချခဲ့တာ ညဘက်ကြီး အဲ့ဒါကတော့ လူငယ်ဘဝကို မနေ့တစ် နေ့ကလိုမျိုး ပြန်ပြီး ပြန်ဖြတ်သန်းချင်တယ်" ဆိုပြီး အဲ့ဒီနေ့က ပြောပြခဲ့ပါတယ်။ 

မြေးဖြစ်တဲ့ အဝင်းအကြောင်းကို အားရပါးရပြောပြလာတဲ့ ဒေါ်ခင်ခင်ထွေး 

မြန်မာနိုင်ငံမှာ ရှိတဲ့ အဝင်းရဲ့ ပရိသတ်တချို့က ဒီနေ့မှာ  အဝင်းအတွက် မွေးနေ့အလှူလေးကို လုပ်ပေးခဲ့ကြပါသေးတယ်။ဒါ့အပြင် Channel 7 ရဲ့ Happy Birthday To You အစီအစဉ်မှာလည်း အဝင်းအတွက် မွေးနေ့ဆုတောင်းလေးတောင်းပေးထားကြပါသေးတယ်။အဝင်းအနေနဲ့ ပရိသတ်တွေ မွေးနေ့အလှူလုပ်ပေးမယ်ဆိုတဲ့ သတင်းကြားကတည်းက အရမ်းဝမ်းသာနေတယ်လို့ သြဂုတ်လ (၁၈) ရက်နေ့က ပွဲမှာ ပြောပြခဲ့ပါတယ်။

အဝင်းရဲ့ မွေးနေ့အတွက် မြန်မာနိုင်ငံပရိသတ်တွေ မွေးနေ့ပြုလုပ်ပေးခဲ့သလို ဂျပန်နိုင်ငံမှာ ရှိတဲ့ Fm Yokohama လိုင်းကလည်း အဝင်းအ တွက် မွေးနေ့Surprise လေး ပြုလုပ်ပေးခဲ့ပါသေးတယ်။မြန်မာနိုင်ငံကို အလေးထားတတ်တဲ့ အဝင်းအတွက် မွေးနေ့ Surprise လေးမှာလည်း မြန်မာနိုင်ငံက အလံလေးတွေနဲ့ Birthday Wish လေး ပြုလုပ်ပေးခဲ့ပါသေးတယ်။

 

မြန်မာနိုင်ငံက ပရိသတ်တွေက ချစ်စနိုးနဲ့ အဝင်းလို့ ခေါ်ခြင်းခံရတဲ့ မိုရီဆာကီဝင်းဟာ ဘယ်နေရာရောက်ရောက် မြန်မာနိုင်ငံသား တစ် ယောက်ဖြစ်တယ်ဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်သူပါ။မိုရီဆာကီဝင်းဟာ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုပဲ သွားသွား မြန်မာပြည်ဆိုတာ ကို ပြသနိုင်ဖို့၊ မြန်မာပြည်တိုးတက်ဖို့အတွက် သူလုပ်နိုင်တာတွေရှိရင် ဆက်လုပ်သွားဦးမယ်ဆိုတဲ့ စိတ်ကတော့ အမြဲတမ်းရှိတယ်လို့ ဆိုပါတယ်။

အခုဆိုရင် သူဟာ မြန်မာနိုင်ငံရဲ့ ဂျပန်ခရီးသွားမြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရပါပြီ။ အဲ့ဒီအတွက် မြန်မာနိုင်ငံရဲ့ ခရီးသွား အတွက် သူဘက်က တက်နိုင်သလောက်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

အဝင်းက မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ  ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။ အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူငယ်အကြိုက် အောင်မြင်လျှက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က