သားသားလား၊ မီးမီးလား။

သားစိုးတစ်ယောက် သားလေး ထက်အာကာစိုး အပြင် နောက်ထပ် ရင်သွေးလေး တစ်ယောက်ထပ်ရတော့မယ်လို့ သိရပါတယ်။ ဇနီးဖြစ်သူကတော့ အခုချိန်မှာ ကိုယ်ဝန် ၂ လကျော်လာပြီလို့ ဆိုပါတယ်။ အလုပ်တွေ အရမ်းများနေတဲ့ ကြားက ဇနီးကိုတော့ အရင်ကထက် ပိုပြီး ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။

Photo: Thar Soe Facebook

 

အဆိုတော်သားစိုးတစ်ယောက် သားလေး ထက်အာကာစိုး အပြင် နောက်ထပ် ရင်သွေးလေး တစ်ယောက်ထပ်ရတော့မယ်လို့ သိရပါတယ်။ ဇနီးဖြစ်သူကတော့ အခုချိန်မှာ ကိုယ်ဝန် ၂ လကျော်လာပြီလို့ ဆိုပါတယ်။ သားလေး တစ်ယောက် ပိုင်ဆိုင်ထားပြီး ဖြစ်တဲ့အတွက် သမီးလေး လိုချင်တဲ့အကြောင်း Duwun Media ကနေ ပြောပြလာပါတယ်။

'' သားသားအတွက် ညီလေး ဒါမှမဟုတ် ညီမလေး ပေါ့။ ဘာလေးဖြစ်မလဲတော့မသိသေးဘူး အခုမှ ၂ လကျော်ကျော်ပဲရှိသေးတာဆိုတော့ သားလေးကတော့ ညီမလေးကို ချစ်တယ်လို့ပြောတယ်။ ကျွန်တော်ကလည်း သမီးလေး လိုချင်တယ်။ လောလောဆယ်ကတော့ အမျိုးသမီးက ကိုယ်ဝန်နဲ့ဆိုတော့ သူ့ကို  အရင်အချိန်တွေကထက် ပိုဂရုစိုက်ရတယ်'' လို့ သားစိုးက ပြောပါတယ်။

 

ဒုတိယရင်သွေးလေး ကိုယ်ဝန်ကို လွယ်ထားရတဲ့ ဇနီးကိုတော့ အရင်ကထက် ပိုပြီး ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ကိုလည်း သားလေး မွေးခဲ့တုန်းက ဒေါက်တာ စိုးလွင်နဲ့ ပဲ ဗိုက်အပ်ထားသလို ဒီဆရာဝန်နဲ့ပဲ မွေးမယ်လို့ သူကပြောပါတယ်။

'' လောလောဆယ်တော့ ဒေါက်တာ စိုးလွင်ဆီမှာ ဗိုက်အပ်ထားတယ်၊ သားသားနဲ့တုန်းကလည်း ဒေါက်တာ စိုးလွင် ကိုပဲ အပ်ခဲ့တာဆိုတော့ ကလေးမွေးဖို့ ကိစ္စတွေကို သူနဲ့ပဲ ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ အဆိုတော် သားစိုးက ဖြေဆိုပေးခဲ့တာပါ။

Photo: Thar Soe Facebook

ပြည်ပနိုင်ငံတွေအထိ အရောက်ပို့မယ့် သားစိုးရဲ့ ရောသမနှပ်လက်ဖက် 

သားစိုးဟာ ဇနီးဖြစ်သူကိုလည်း ဂရုစိုက်မှုတွေ ပြုလုပ်နေရသလို အနုပညာအလုပ်တွေ၊ စီးပွားရေး အလုပ်တွေမှာပါ ဦးဆောင်နေရသူ ဖြစ်ပါတယ်။ အလုပ်တွေ အရမ်းများတာကြောင့် မကြာခင်က ထွက်ရှိထားတဲ့ '' ရောသမနှပ်'' လက်ဖက်ကို ရန်ကုန်မှာတောင် ဖြန့်ချိဖို့ မအား သေးဘူးတဲ့။

'' လက်ဖက်ကလည်း ထွက်တယ်၊ အခွေကလည်း လုပ်နေတယ်။ ပြီးတော့ အိမ်ခြံမြေ  ကိစ္စကလည်း အငှားတွေသွက်တယ်၊  ဈေးကျလာတဲ့ အချိန်မှာ ဝယ်တဲ့ သူတွေကလည်း မေးလာတဲ့ အလုပ်တွေရှိနေတော့ အလုပ်တွေက ပေါင်းစုံ ရှုပ်နေတာပေါ့နော်။ လက်ဖက်ကိုလည်း နယ် အော်ဒါတွေ ကျတာ များတဲ့အတွက် ရန်ကုန်မှာ ဖြန့်ဖို့ကို တော်တော်လေး အချိန်ယူနေရတယ်'' လို့ ဆိုပါတယ်။

Photo: Thar Soe Facebook

 

အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့တဲ့ သားစိုးဟာ ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ ရောသမနှပ် လက်ဖက်လုပ်ငန်းကို ဦးဆောင်နေရပြီဖြစ်ပါတယ်။ အဲ့ဒါအပြင် သားစိုးတို့ ဇနီးမောင်နှံရဲ့ ပထမအကြိမ် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရွှေပိုးနန်းတော် ဆိုတဲ့ ပိုးထည်ဆိုင်ကြီးကလည်း အောင်မြင်မှုရရှိထားပါတယ်။ မြန်မာမုန့်တွေထုတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

 

Share

Loading Next Article...
က္က