မိသားစုက နံပါတ်(၁)တဲ့ ။

မေမေမိုးယုစံကတော့ သားလေးအပေါ် အကောင်းဆုံး ပံ့ပိုးပေးချင်ပြီး သားဖြစ်ချင်တာတွေကို အကုန်လုပ်ပေးချင်တယ်လို့ ဆိုပါတယ်။နောက်ထပ် ရင်သွေးယူဖို့ စဉ်းစားနေပေမယ့်လည်း သားသားကို လက်လွှတ်လိုက်သလို ဂရုမစိုက်မိသလို ဖြစ်မှာ လည်း စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

 

သာယာတဲ့  မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မိုးယုစံဟာ သားဦးလေး ဖြစ်တဲ့ Austin လေးကို ချစ်မဝဖြစ်လို့နေပါတယ်။ နှစ်ဖက်မိသားစုမှာ မြေဦးလေး ဖြစ်တဲ့ Austin လေးဟာ အားလုံးရဲ့ အချစ်ကို ခံနေရတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။  သူမဟာ သားလေး အပေါ် အကောင်းဆုံး ပံ့ပိုးပေးချင်သူ ဖြစ်ပြီး သားဖြစ်ချင်တာတွေကို အကုန်လုပ်ပေးချင်တယ်လို့လည်း ဆိုပါတယ်။

"သားသားက (၁)နှစ်ပြည့်ပြီ။ စကားကတော့ တစ်ခွန်းစ နှစ်ခွန်းစ ပြောနေပါပြီ။ အရမ်းတော့ မပြောသေးဘူး။သားလေးက နှစ်ဖက်မှာ မြေးဦးလည်း ဖြစ်တော့ အားလုံးက ဝိုင်းပြီးတော့ ချစ်ကြတယ်။အချစ်ဆုံးပေ့ါနော်။ သားလေးနဲ့ ပတ်သက်ရင် ကိုယ့်သားလေးအပေါ်မှာ အကောင်း ဆုံး ပံ့ပိုးပေးချင်တယ်။ သူဖြစ်ချင်တာ အကုန်လုံး လုပ်ပေးချင်တယ်။ " ဆိုပြီး မိုးယုစံက ဒီနေ့(သြဂုတ်လ၂၁) ရက် နေ့က ဗဟန်းမြို့နယ်ရှိ တောင်ကြီးပရိယတ္တိ စာသင်တိုက်မှာ ပြုလုပ်ခဲ့တဲ့ Austin ရဲ့ မွေးနေ့မှာ Duwun media သို့ အင်တာဗျူး ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

သားလေးရဲ့ ဖခင် စွမ်းသူမိုးကတော့ သားဦးလေး ဖြစ်တော့ သားနဲ့ပတ်သက်လာရင် အတ္တကြီးရင် ကြီးလိမ့်မယ်ဆိုပြီး သူ့ရဲ့ စိတ်သဘော ထား လေးကို ထည့်သွင်းပြောပြခဲ့ပါသေးတယ်။ မိုးယုစံတို့ ဇနီးမောင်နှံအနေနဲ့ သားလေးအဖော်ရအောင် နောက်ထပ် ရင်သွေးလေး တစ်ယောက်ယူဖို့ စဉ်းစားနေတယ်လိုု့ သိရပါတယ်။

"နောက်ထပ် ရင်သွေးယူဖို့ကတော့ စဉ်းစားနေတာပေ့ါ။နောက်တစ်ယောက် ထပ်ယူရင် သားသားကို လွှတ်လိုက်ရမှာ ဂရုမစိုက်ဖြစ်မှာကို စိုးရိမ်မိတယ်။ အဲ့အတွက်တော့ နည်းနည်း စဉ်းစားနေရတာပေ့ါ။ " လို့ သူမက ဆက်လက်ပြောပြထားပါတယ်။

 

မိုးယုစံဟာ မိသားစုကို ဂရုစိုက်ရင်းနဲ့ သူမတတ်နိုင်တဲ့ အနုပညာအလုပ်လေးတွေကိုလည်း တစ်ခါတလေမှာ လုပ်ဖြစ်မယ်လို့ဆိုပါတယ်။ အရင်ကလို အနုပညာအလုပ်ဟာ နံပါတ်(၁)တော့ ဖြစ်တော့မှာ မဟုတ်ပဲ သူ့ရဲ့ မိသားစုက နံပါတ်(၁)အနေနဲ့ ရှိနေမှာလို့ ဆိုပါတယ်။

မိုးယုစံရဲ့ သားလေး Austin ဟာ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။ မိခင်ရဲ့ အလှအပနဲ့ ဖခင်ရဲ့ ယောကျ်ား ပီသတဲ့ ရုပ်ရှင်လေးတွေကို ပိုင်ဆိုင်ထားတဲ့ သားလေး Austin ဟာ အရမ်းကို ချစ်ဖို့ ကောင်းလှပါတယ်။  မိုးယုက သူမကို ချစ်ပေးကြသလို သားသားကို ချစ်ပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။

 

ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး သားလေးကို ၂၀၁၇ခုနှစ်  သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူဆိုပြီး ပေးထားတဲ့ သားလေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။

မိုးယုစံကတော့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း  အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့ တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ  ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုး ယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က