ဘေဘီထော် ၆ လပြည့် မွေးနေ့မှာ လုပ်မှာပါတဲ့။

အဆိုတော်စိုးပြည့်ပြည့်စံက သူ့ရဲ့ တစ်ဦးတည်းသောသားလေး ဘေဘီထော်ရဲ့ အသက် ၆ လပြည့် မွေးနေ့မှာတော့ ကလေး နဲ့ မိခင် တွေ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို မဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။ အလှအပကို ကြိုက်တဲ့ မိခင်တွေအတွက် လည်း လက်ဆောင်ပစ္စည်း တွေ မဲဖောက်ပေးသွားဦးမှာတဲ့။

 

အဆိုတော် စိုးပြည့်ပြည့်စံဟာ သူ့ရဲ့ တစ်ဦးတည်းသောသားလေး ဖြစ်တဲ့ ဘေဘီထော် လေးကတော့ သြဂုတ်လ ၂၇ ရက်နေ့ ဆိုရင် အသက် ၆ လပြည့်ပြီဖြစ်ပါတယ်။ ဒီ တစ်ခေါက် မွေးနေ့ အလှူကိုတော့ ကလေးတွေနဲ့ မိခင်တွေ အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေကို မဲဖောက် ပေးသွားမယ်လို့ ဆိုပါတယ်။

'' သားသားရဲ့ ၆ လပြည့်မှာ ကလေးတွေအတွက် ဆန်မှုန့်၊ ပဲမှုန့် ဗူးလေးတွေ၊ ပြီးတော့ ထမင်းကျွေးလို့ရတဲ့ ကရိယာလေးတွေ ၊ အဖျားတိုင်း တဲ့ ပစ္စည်းလေးတွေပေါ့။ ကလေးနဲ့ ပတ်သက်တဲ့ ပစ္စည်းလေးတွေကို လှူသွားမယ်။ အရင်လ တွေတုန်းကတော့ ဒိုက်ဘာ ပေးတာ များတယ်၊ ဒီ တစ်ယောက်ကတော့ ဒိုက်ဘာ နည်းမယ်၊ အသုံးအဆောင် ပစ္စည်းတွေ များမယ်'' လို့ ဆိုပါတယ်။

Photo: Soe Pyae Pyae San Facebook

 

ကလေး မွေးပြီးသားဆိုပေမယ့် ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင်နဲ့ လှလှပပ နေချင်ကြတဲ့ မိခင်များ အတွက် စေတနာထားပြီး လိုအပ်တဲ့ အလှ အပဆိုင်ရာ ပစ္စည်းတွေကိုလည်း မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။  အဆိုတော် စိုးပြည့်ပြည့်စံ ရဲ့ သားလေး ဘေဘီထော် ကတော့ ပရိသတ်တွေရဲ့ အချစ်ကို အများကြီး ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

'' ဆံပင်တွေ ကျွတ်ပေမယ့် လှချင်ကြတဲ့ ကလေး အမေတွေအတွက် ဆံပင်ပြန်ကောင်းပြီးတော့ အကျွတ်သက်သာဖို့ အတွက် ဗီတာမင် E တို့ ပါတဲ့ ဟာတွေ။ သူတို့အတွက်ကိုလည်း အလှအပဆိုင်ရာ Skin care တွေ၊ တခြား အလှကုန်ပစ္စည်းတွေ ကိုလည်း ကလေး အမေတွေ အိမ်မှာ နေလည်း လှစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ၂ ယောက် ကို မဲဖောက်ပေးမယ်၊ ပြီးတော့ ဝမ်းဆက်အထည်တွေ၊ ချည်ထည်၊ ပိုးထည်တွေကို လည်း မဲ ဖောက်ပေးမယ်။ စုစုပေါင်း အယောက် ၂၀ စာ မဲဖောက်ပေးမယ်'' လို့ Duwun Media ကို သီးသန့် ဖြေဆိုပေးခဲ့ပါတယ်။

ကလေးမွေးပြီးနောက် ရောဂါတွေပျောက်သွားတယ်ဆိုတဲ့ စိုးပြည့်ပြည့်စံ 

စိုးပြည့်ပြည့်စံဟာ ၆ ပေါင်နဲ့ ၇ အောင်စရှိတဲ့ သားဦးလေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာ ရှိတဲ့ အကယ်ဒမီ ဆေးရုံမှာ မွေးဖွားခဲ့တာပါ။ အဆိုတော် စိုးပြည့်ပြည့်စံနဲ့ ခင်ပွန်း ကိုအောင်သူပိုင်တို့ကတော့ အောက်တိုဘာလ ၉ ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

Photo: Soe Pyae Pyae San Facebook

 

စိုးပြည့်ပြည့်စံအနေနဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး မော်ဒယ်လ် တစ်ယောက် အဖြစ်ရော၊ အဆိုတော် တစ်ယောက်အဖြစ်နဲ့ပါ ပရိသတ် အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်ပြည့်စံ ကတော့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိ ထားတာဖြစ်ပြီး နောက်ဆုံးအနေနဲ့ Single Lady ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ထွက်ရှိထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က