ထပ်ပြီးလည်း မချစ်ချင်တော့ဘူးတဲ့။

Single Mother အဖြစ် ရပ်တည်ပြီး သမီးလေး Ivy နဲ့ ပျော်ရွှင်နေတဲ့ အေသင်ချိုဆွေဟာ နောက်ထပ် အချစ်အတွက် ထပ်ပြီး မစဉ်းစားချင် တော့ဘူးလို့ဆိုပါတယ်။ သူမရဲ့ ဘဝမှာ အခက်ခဲဆုံး အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း သမီးလေး Ivy လေးဘေး နားမှာ ရှိတဲ့အတွက် အထီးကျန်တာတွေ မရှိခဲ့ပါဘူးတဲ့။

 

Single Mother အဖြစ် ရပ်တည်ပြီး သမီးလေး Ivy နဲ့ ပျော်ရွှင်နေတဲ့ အေသင်ချိုဆွေဟာ နောက်ထပ် အချစ်အတွက် ထပ်ပြီး မစဉ်းစားချင် တော့ဘူးလို့ဆိုပါတယ်။ သူမအနေနဲ့ ယောက်ျားတစ်ယောက်အတွက်နဲ့ အချိန်ကုန်ရတာ ကုန်သွားတဲ့ အချိန်အတွက် အရမ်းကို နှမြော တယ် လို့ ဆိုပါတယ်။

"မစဉ်းစားတော့ဘူး။ စဉ်းစားချင်စိတ်လည်း မရှိတော့ဘူး။ မချစ်ချင်တော့ဘူး။ ကိုယ့်မှာ ချစ်စရာ သမီးလေးရှိနေပြီဆိုတော့ အေသင်မစဉ်းစား ချင်တော့ဘူး။ အရမ်းပင်ပန်းတယ်။ အခုပင်ပန်းတယ်ဆိုတာကကြည်နူးပြီးပင်ပန်းရဲ့ ပင်ပန်းမှု ကိုယ့်ဘဝအတွက် အဓိပ္ပါယ်လည်း ရှိတယ်။ အချစ်အတွက်ယောကျာ်းတစ်ယောက်အတွက်နဲ့ အချိန်ကုန်ရတာ ကုန်သွားတဲ့အချိန်တွေကို အရမ်းနှမြောမိတယ်။" လို့ အေသင်ချိုဆွေက ဆိုပါတယ်။

သူမရဲ့ ဘဝမှာ အခက်အခဲဆုံး အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း သမီးလေး Ivy ဘေးနားမှာ ရှိနေတဲ့အတွက် အရမ်းကြီး ခက်ခဲခဲ့ရတာ မျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

"အခက်အခဲဆုံးအချိန်တွေကတော့ ကိုယ်ဝန်ရှိတဲ့အချိန်ပေ့ါ။ အဲ့ချိန်တွေက ခက်ခဲတယ်ဆိုပေမယ့်စိတ်အားငယ်ရတာတွေပေ့ါ။ တစ်ယောက် တည်းရှိတဲ့ အချိန်တွေမှာပေါ့။ဒါပေမယ့် အကောင်းဆုံးပဲ နေနိုင်ပါတယ်။ ကိုယ်ဘယ်လောက်ပဲ အထီးကျန်အထီးကျန် ကိုယ်စိတ်ထဲမှာ ပြန်သွင်း မိတာက ငါ့မှာ ivy လေးရှိတယ်ပေ့ါ။ အဲ့စိတ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ပင်ပန်းဆုံးအချိန်တွေကတော့ အေသင်အခုဝိတ် ချတဲ့အချိန် တွေလို့ပဲ ပြောရ မှာပါ။အဲ့တုန်းက အဲ့လောက်ထိတော့မဟုတ်ပါဘူး။ အဲ့အကြောင်းတွေလည်း မစဉ်းစားချင်တော့ပါဘူး"လို့ သြဂုတ်လ(၂၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အေသင်ချိုဆွေရဲ့ သမီးလေးရဲ့ (၁)နှစ်ပြည့်မွေးနေ့အလှူမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ(၂၅) ရက်နေ့မှာ တစ်နှစ်ပြည့်သွားတဲ့ အေသင်ချိုဆွေရဲ့ သမီးလေး Ivy ရဲ့ တစ်နှစ်ပြည့် မွေးနေ့ကို ဆည်းဆာရိပ်ဂိလာန ဘိုးဘွား ရိပ်သာနဲ့ သန်လျင်သဘာဝ ရိပ်သာ မှာရှိတဲ့ ဘိုးဘွားတွေကို  သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။အေသင်ရဲ့ သမီးလေး Ivy ဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သမီးလေးဖြစ်ပါတယ်။ အရုပ်မလေးနဲ့တူလွန်းပြီး ချစ်ဖို့ကောင်းလှတဲ့ အေသင်ရဲ့ သမီးလေးဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေပါပြီ။

 

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က