သူရဲ့ Fan တွေကတော့ သူ့လက်ရာကို အရမ်းကြိုက်ကြတာ။

သရုပ်ဆောင်ပိုင်းသာမက ဟင်းချက်ပိုင်းမှာပါ ကျွမ်းကျင်တဲ့ သရုပ်ဆောင် ဇေရဲထက် ယခင်ကလည်း ထမင်းဆိုင် ဖွင့်ခဲ့ဖူးသူပါ။ ဟင်းချက်တာ ကို ဝါသနာပါလွန်းတာကြောင့် ဟင်းချက်တာနဲ့ ပတ်သက်ပြီး သေချာလေ့လာကာ ကျောက်ဆည်မှာ ထမင်း ဆိုင်ဖွင့် ခဲ့တာဖြစ်ပါတယ်။ ဟင်းကို ကျွမ်းကျွမ်းကျင်ကျင်ချက်တတ်ပေမယ့် ထမင်းကိုတော့ မချက်တတ်ဘူးလို့ ဆိုပါတယ်။



 

သရုပ်ဆောင်ပိုင်းသာမက ဟင်းချက်ပိုင်းမှာပါ ကျွမ်းကျင်တဲ့ သရုပ်ဆောင် ဇေရဲထက် ယခင်ကလည်း ထမင်းဆိုင် ဖွင့်ခဲ့ဖူးသူပါ။ ဟင်းချက်တာ ကို ဝါသနာပါလွန်းတာကြောင့် ဟင်းချက်တာနဲ့ ပတ်သက်ပြီး သေချာလေ့လာကာ ကျောက်ဆည်မှာ ထမင်းဆိုင်ဖွင့်ခဲ့တာဖြစ်ပါတယ်။ ဟင်းကို ကျွမ်းကျွမ်းကျင်ကျင်ချက်တတ်ပေမယ့် ထမင်းကိုတော့ မချက်တတ်ဘူးလို့ ဆိုပါတယ်။

"လက်ရာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ဖန်တွေက ကျွန်တော့်လက်ရာကို တော်တော်ကြိုက်တယ်။ ကျွန်တော်ထမင်း မချက်တတ်ဘူး။ ဟင်းပဲ ချက်တတ်တာ။ ထမင်းပေါင်းအိုးနဲ့လည်း မချက်တတ်ဘူးကျွန်တော့်အတွက်ကတော့ ဟင်းချက်တာလွယ်တယ်။ ထမင်းချက်တာ ခက်တယ်။ ထမင်းချက်တာကိုလုံးဝ မချက်တတ်ဘူး။ မြန်မာအစားအစာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကျွမ်းတယ်။ တရုတ်အစားအစာ ကျွန်တော်ကျွမ်း တယ်။ ထိုင်း အစားစာကတော့ လေ့လာနေတုန်းပါ" လို့ Duwun Media ရဲ့သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဟင်းတွေချက်ပြီး ရောင်းထားတာလည်း တွေ့ရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဇေရဲထက်က ယခုလို ေ ပြာပြခဲ့ပါသေးတယ်။

"ကျွန်တော်လည်း အလုပ်လည်းမရှိဘူးပျင်းနေတဲ့အချိန်မှာ ကိုယ့်လက်ရာကိုလည်း ပြချင်တဲ့ သဘောနဲ့ ချက်ပြတာပေ့ါ။အဲ့မှာ ကားရိုက်တွေ လည်း ဝင်လာတဲ့အခါကျတော့ မအားလည်း မအားဘူး။အရမ်းလည်း ပင်ပန်းသွားတယ်။ ကိုယ်က လုပ်ပြချင်တာပဲ ရှိတာ ဈေးဝယ်တာက ညီတွေဝယ်တာဆိုတော့ မကိုက်ဘူး။ တစ်ရက်တည်းရောင်းဖြစ်သွားတာပါ။ တော်တော်လည်းများတယ်။ အော်ဒါလည်း တော်တော်ကျ သွားတယ်။ ကျွန်တော့်ရဲ့ Fan တွေ ဝယ်စားတာများတယ်။ Fan တွေက အရမ်းကြိုက်ကြတယ်။" လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

ရွှေမှုံကို အချေမ လို့ နာမည်ပေးထားတဲ့ ဇေရဲထက် 

အိမ်မှာ အကြီးဆုံးသားဖြစ်တာကြောင့် အိမ်မှုကိစ္စတွေတော်တော်များများကို လုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ဟင်းချက်တာကို အဘွားဆီက သင်ယူခဲ့ပြီး ထမင်းဆိုင်လည်းဖွင့်ခဲ့ဖူးပါတယ်တဲ့။

"ကျွန်တော်ကအကြီးဆိုတော့ အိမ်မှုကိစ္စတွေ အကုန်လုပ်ရတယ်။ ချက်ပြုတ်ရတယ်။ အဝတ်လျှော်တာကအစကျွန်တော်လုပ်ရတာ။ ဟင်းချက် ကတော့ အဘွားပဲ သင်ပေးတာ။နောက်ပိုင်း ဟင်းချက်တာကို ဝါသနာပါလာတယ်။ ဝါသနာပါလာရင်းကနေ ကျွန်တော်စားသောက်ဆိုင် ဖွင့်ချင်တဲ့စိတ်ဖြစ်လာလို့ ကျောက်ဆည်မှာ ထမင်းဆိုင် ဖွင့်ဖြစ်တယ်။ ထမင်းဆိုင်မဖွင့်ဖြစ်ခင်မှာ ထမင်းဆိုင်နဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေ အကုန်လုံး သိချင်တဲ့အတွက် (၁) နှစ်လောက် ကျွန်တော့်ဦးလေးဆီမှာ ကျွန်တာ်စားပွဲထိုး ဝင်လုပ်တယ်။ ဝင်လုပ်ရင်းနဲ့ ဟင်းချက် တာ နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်လေ့လာတယ်။ အကုန်လုံး လေ့လာပြီးတော့မှ ကျွန်တော်ထမင်းဆိုင်ဖွင့်တာပါ။ ကျောက်ဆည်မှာ ဖွင့်ခဲ့ဖူးတာပေ့ါ။ " ဆိုပြီး ထမင်းဆိုင် ဖွင့်ခဲ့ဖူးတာနဲ့ ပတ်သက်ပြီး ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

ဇေရဲထက်ဟာ လက်ရှိမှာ ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေသလို မကြာခင် ရက်ပိုင်းအတွင်း သာသနာ့ဘောင်ထဲ ဝင်ဖို့ရှိတယ်လို့လည်း သိရပါတယ်။သူ့အနေနဲ့ အနုပညာအလုပ်တွေ များနေတာကြောင့်ရော ရဟန်းမဝတ်ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ မိခင်ရဲ့ ဆန္ဒလည်းဖြစ်သလို၊ သူ့ရဲ့ စိတ်ထဲမှာလည်း ရဟန်းဝတ်ချင်တဲ့ ဆန္ဒဖြစ်ပေါ်နေတဲ့ အကြောင်း Duwun media ကနေပြောပြခဲ့ပါတယ်။

'' ဘုန်းကြီးဝတ်တာကတော့ ဒီသြဂုတ်လအတွင်းမှာပဲ ဝတ်ဖြစ်မှာပါ။ ဝတ်မယ့်ကျောင်းကတော့ နေပြည်တော်မှာဖြစ်မလား၊ ပြင်ဦးလွင်မှာ ဖြစ်မလား၊ ဗုဒ္ဓဂါယာမှာ ဖြစ်မလား တစ်ခုခုပေါ့။ ဝတ်မယ့် နေရာက ဝေးတော့ ဝေးမယ်၊ ဝတ်မယ့် ကာလကိုလည်း မပြောတတ်ဘူး။ " ဆိုပြီး တော့ ဓာတ်ပုံရိုက်ကွင်း တစ်ခုပေါ်မှာ ဇေရဲထက်က Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

ဇေရဲထက်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက် ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က