အနုပညာအလုပ်တွေ စလုပ်ကတည်းက အတိုက်အခိုက်ခံခဲ့ရတာပါ။

ရွှေပိုးအိမ်က အနုပညာအလုပ်တွေ စလုပ်ကတည်းက သူ့ရဲ့ ခန္ဓာကိုယ်အသွင်အပြင်နဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက် ပြောဆို တာတွေ ကြုံခဲ့ ရတယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ သူ့ကို ဝေဖန်ပြောဆိုခဲ့သူတွေနဲ့လည်း ဆုံဖြစ်တာကြောင့် စေတနာကိုပဲ ရှေ့တန်းတင်လိုက်တယ် လို့ သူကပြောပါတယ်။

Photo: Shwe Poe Eain Facebook

 

သရုပ်ဆောင် ရွှေပိုးအိမ်ကဝေဖန်တိုက်ခိုက် မှုတွေအများကြီးရှိတဲ့ကြားကနေ ပရိသတ်ပေးတဲ့ နေရာတစ်နေရာ ရအောင် ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့ရတယ်တဲ့။ဒီ ဝေဖန်တိုက်ခိုက်တာတွေကလည်း သူ့အတွက် အင်အားတစ်ခု ဖြစ်ခဲ့တဲ့အကြောင်းကို Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အနုပညာအလုပ်စလုပ်တုန်းကဆိုရင် ရှုတင်မန်နေဂျာတစ်ယောက်က ရွှေပိုးအိမ်က ဝလိုက်တာ၊ ဘာရုပ်ကြီးမှန်းလည်းမသိဘူး၊ မာန် ထက်ချီ က ဘယ်လို ရုပ်မျိုးကို ရွေးလိုက်တာလဲပေါ့။ အဲ့ဒီစကားတွေကို အားအဖြစ်ပြန်ယူပြီး ကိုယ်ကြိုးစားလိုက်တော့  အခုဆိုရင် ခေါင်းဆောင် မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်လာရပြီ။ အဲ့ဒီလူတွေနဲ့ တွေရင် ကိုယ်က On The Elephant ပဲ''လို့ ဆိုပါတယ်။

Photo: Shwe Poe Eain Facebook

 

ရွှေပိုးအိမ်ဟာ အနုပညာအလုပ်တွေ စလုပ်ကတည်းက ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရတာကြောင့် ရင်နဲ့မဆန့်အောင် ဝမ်းနည်းငိုကြွေးခဲ့ရ တဲ့ အချိန်တွေ ရှိတယ်လို့ ဆိုပါတယ်။ အခုတော့ ပရိသတ်လက်ခံမှုတွေ အများကြီးရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါတယ်။ သူ့ကို ဝေဖန်ပြောဆိုခဲ့သူနဲ့လည်း အခုချိန်မှာ တွေ့ဖြစ်တယ်လို့ ဆိုပါတယ်။

'' အခုချိန်မှာ အဲ့ဒီလူနဲ့ ပြန်တွေ့တော့ မုန့်တွေ ဝယ်ကျွေးလိုက်တယ်၊ အရက်ဝယ်တိုက်လိုက်တယ်။ သူက အရက်ကြိုက်တဲ့ လူဆိုတော့ အရက်ပု လင်းတွေ ဝယ်ပေးလိုက်တာပေါ့နော်။ အမုန်းကို အမုန်းနဲ့ တုံ့ပြန်ရင် သံသယက ပြီးတော့မှာ မဟုတ်ဘူး၊ သူ့ကြောင့်ကိုယ် ကြိုးစားပြီး ဒီနေရာ ကို ရောက်လာတာ၊ ဒါကြောင့် ကိုယ် သူ့ကိုကျေးဇူးတင်တယ်''လို့ ဖြေဆိုခဲ့ပါတယ်။

Photo: Shwe Poe Eain Facebook

We Love တွေကြောင့် အတိုင်းမသိပျော်ရွှင်ခဲ့ရတဲ့ ရွှေပိုးအိမ် 

အနုပညာအလုပ်ကို ဝါသနာပါလို့ ဆောင်ရွက်ခဲ့တာကြောင့် တိုက်ခိုက်တဲ့ စကားတစ်ခွန်းအတွက်နဲ့ ကျရှုံးမသွားအောင် ကြိုးစားခဲ့တယ် လို့ ရွှေပိုးအိမ်က ပြောပါတယ်။ အခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ မှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေ အားပေးခြင်းကို ခံနေရပါပြီ။

'' လူတစ်ယောက်က ကိုယ့်ကို ပြောလိုက်လို့ ကျရှုံးသွားတယ်ဆိုရင် လူဖြစ်ရှုံးတယ်လို့ထင်တယ်။ ဝေဖန်မှုတွေကိုခံယူတက်မယ်ဆိုရင် ဒါက အင် အားတစ်ခုပဲ။ ကိုယ့်ကို ပုတ်ခတ်ပြောတဲ့လူတစ်ယောက်ရဲ့ စကားကိုလည်း ဘယ်တော့မှ မနာဘူး၊ သူပြောတဲ့ စကားကို ပြောင်းလဲပစ်လိုက် တယ်'' လို့ သူကဆိုပါတယ်။

Photo: Shwe Poe Eain Facebook

 

ရွှေပိုးအိမ်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေစတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတော်တော်များများမှာ ဒုတိယမင်းသမီးနေရာက အမြဲပါဝင်ခဲ့ရသူတစ်ဦးပါ။ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။

 

Share

Loading Next Article...
က္က