အွန်လိုင်းကနေ ပြောနေရင် ကျွန်တော်မြင်မှာ မဟုတ်ဘူး။

ဖြိုးငွေစိုး ကတော့ သူ့ကို မကျေနပ်လို့ ဝေဖန်ပြောဆိုမယ် ဆိုရင်တောင် အွန်လိုင်းပေါ်မှာ ပြောတာထက် မျက်နှာချင်းဆိုင် ပြောတာက ပို အဆင်ပြေမယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ မင်းသားဖြစ်ချင်တဲ့ သူငယ်ချင်းကိုလည်း မင်းသားဖြစ်ဖို့ နည်းလမ်း ကောင်းတွေ ပေးလိုက်ပါ သေးတယ်။


Photo: Phyo Ngwesoe Facebook

 

ဖြိုးငွေစိုးက သူ့ကို မကျေနပ်တဲ့ သူတွေရှိရင် အွန်လိုင်းပေါ်မှာ ပြောဆိုနေမယ့်အစား မျက်နှာချင်းဆိုင်ပြောတာ ပိုထိရောက်တယ်လို့ ပြောလာ ပါတယ်။ သူဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ သူတစ်ယောက်ပါ။ တကယ်လို့ အပြောခံရမယ် ဆိုရင်တောင် ပြဿနာမရှိဘူးဆိုတဲ့ အကြောင်း Duwun Media ကနေပြောပြခဲ့ပါတယ်။

'' အွန်လိုင်းပေါ်မှာ အဆဲခံရရင်တောင် ကျွန်တော်သိမှာ မဟုတ်ဘူး၊ ကျွန်တော် မြင်မှာလည်း မဟုတ်ဘူး၊ မျက်နှာချင်းဆိုင် လာဆဲရင်တောင်

ပိုအဆင်ပြေတယ်။ အွန်လိုင်းမှာ ကျတော့ ဖွင့်ကြည့်ဖို့က တော်တော်ကြာမှာ သူတို့အတွက်လည်းထိရောက်မှာ မဟုတ်ဘူး။ ကျွန်တော့်ကို မကျေနပ်တာရှိရင် တည့်တည့်ပြောလို့ရပါတယ်လို့ ကိုယ့်ပရိသတ်ကပြောတဲ့ စကားဆိုရင် အလေးထားပါတယ်။ ကျွန်တော့်အတွက်တော့ သိပ် ပြဿနာမရှိပါဘူး'' လို့ ဆိုပါတယ်။

Photo: Phyo Ngwesoe Facebook

 

မင်းသားဖြစ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ကို မင်းသားဖြစ်တာလွယ်အောင် နည်းလမ်းတွေ ပေးလိုက်တယ်လို့ ဖြိုးငွေစိုးက ပြောပါတယ်။ နာမည်ကြီးတစ်ယောက်ဖြစ်ဖို့နဲ့ ပရိသတ်လက်ခံတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့က ကွာခြားတယ် ဆိုပြီးတော့လည်း ဆက်လက် ပြောပြ လာ ပါသေးတယ်။

'' သူငယ်ချင်းတစ်ယောက်က မင်းသားဖြစ်ချင်တယ်ပြောတော့  မင်းသားဖြစ်ချင်ရင်လွယ်ပါတယ်လို့ အွန်လိုင်းပေါ်မှာ ဆဲကွာ၊ ကွိုင်တွေရှာ ကွာ၊ မုဒိန်းကျင့်ကွာ အကျင့်ခံကွာ၊ ရန်တွေဖြစ်ကွာ အဲ့ဒီလိုမျိုးတစ်လွဲတွေ လျှောက်လုပ်ကွာ ဒါဆို နာမည်ကြီးသွားရောကွာပေါ့။ ဒါကလည်း အပျော်ပါ အနုပညာမပါဘူးလေ။ လူတွေမှာ နာမည်ကြီးတာနဲ့ ပရိသတ်အသိအမှတ်ပြုတာနဲ့ ကွာပါတယ်''လို့ ဆိုပါတယ်။

အွန်လိုင်းပေါ်ကနေ ကျော်ထူးကို စနောက်လိုက်တဲ့ ဖြိုးငွေစိုး 

ဖြိုးငွေစိုးက အနုပညာအရည်အချင်းရှိတဲ့သူတစ်ယောက်နဲ့ အပျော်သဘော လုပ်တဲ့သူနဲ့ကတော့ ကွာခြားမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါကို လည်း သိတဲ့ပရိသတ်ရှိသလို မသိတဲ့ ပရိသတ်တွေလည်း ရှိကောင်းရှိမယ်လို့ သူကပြောပါတယ်။

'' ပညာရှင်နဲ့ အပျော်လုပ်တဲ့လူကတော့ ကွာပါတယ်။ အဲ့ဒါကိုတော့ ပရိသတ်က နားလည်ပြီးသားပါပဲ၊ ဒါကို နားမလည်တဲ့ ပရိသတ်တချို့ရှိရင် လည်း ရှိမယ်။ ဒါက သွားပြီးတော့ နှိုင်းယှဉ်ရမယ့် အရာမဟုတ်ဘူး။ ဒါဟာ အလွယ်တကူ သဘောပေါက်လို့ရမယ့် ကိစ္စပါ''  ဆိုပြီးတော့ ဇူလိုင်လ ၂၈ ရက်နေ့က Revlon ပွဲကို တက်ရောက်ရင်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

Photo: Phyo Ngwesoe Facebook

 

ဖြိုးငွေစိုးဟာ အနုပညာအလုပ်တွေ ဆက်တိုက်မလုပ်ဖြစ်ပေမယ့် ကမ်းလှမ်းလာတဲ့ ကာရိုက်တာ တိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုး စားသရုပ်ဆောင်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာလည်း ကာရိုက်တာ မရွေးပဲ ရိုက်ကူးလာတဲ့ ဇာတ်ကားတွေ ရှိပါတယ်။ သူရိုက်ချင်တဲ့ ကာရိုက်တာမျိုးကတော့ စိတ်ကူးထဲမှာပဲ ရှိသေးတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က