သမီးလေးကိုတော့ အချိန်ပေးဖြစ်တယ်။

ဘုဏ်းသိုက်က အခုလက်ရှိမှာတော့ တစ်ယောက်တည်းဘဝကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။ သူဟာ အိမ်ထောင်ရေးနဲ့ ပတ် သက်တဲ့ အကြောင်းအရာတွေကို မဖြေရှင်းတာကလည်း ပရိသတ်တွေရဲ့ အထင်အမြင်တွေအပေါ် နေသားကျနေပြီလို့ ဆို ပါတယ်။

Photo: Hpone Thike Facebook

 

သရုပ်ဆောင်၊ ဒါရိုက်တာ ဘုဏ်းသိုက်ဟာ လက်ရှိမှာတော့ မိသားစုနဲ့ မဟုတ်ပဲ သူတစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ ဒီအတွက် သူဝါသနာပါတဲ့ အနုပညာအလုပ်တွေအတွက် အချိန်ပိုပေးနိုင်တာကြောင့် ပရိသတ်တွေအတွက်လည်း အကောင်းဆုံး ဖန်တီးမှုတွေ လုပ်နိုင်တယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' မိသားစုနဲ့ မဟုတ်ပဲ တစ်ယောက်တည်းနေရတာ အဆင်မပြေဘူးတော့ မဟုတ်ပါဘူး အဆင်ပြေပါတယ်။ အရင်ကထက် ပိုပြီးတော့ ကျွန် တော် ယုံကြည်တဲ့ အလုပ်တွေ လုပ်ခွင့်ရတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော် အကောင်းဆုံး လုပ်တယ်'' လို့ ဘုန်းသိုက်က သြဂုတ်လ ၃၁ ရက်နေ့ညက Junction City မှာပြုလုပ်ခဲ့တဲ့ နေရယ်၊ လရယ်၊ အမှန်တရားရယ် အထူးပြသပွဲမှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

Photo: Hpone Thike Facebook

 

ဘုဏ်းသိုက်ဟာ သူ့ရဲ့ အိမ်ထောင်ရေး ပဋိပက္ခအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းတာမျိူးတွေ မရှိဘူးလို့ ဆိုပါတယ်။ လူတွေရဲ့ အထင်အမြင်တွေအပေါ်မှာလည်း နေသားကျနေတာကြောင့် သူ့ရဲ့ စိတ်ခံစားချက်တွေကိုလည်း မပြောပြချင်တော့ဘူးလို့ ဆက်လက် ပြောပြထားပါတယ်။

'' တစ်ခါတလေကျရင်တော့လည်း ခက်တယ်ဗျ။ ကျွန်တော်တို့က တစ်ဖက်ဖက်မှာပဲ ရပ်ချင်ကြတာကိုး။ ကျွန်တော့် စိတ်ခံစားချက်အမှန်ကို ရှင်းပြလိုက်ရင် လူတွေကလည်း တစ်ဖက်ဖက်မှာဘဲ ရပ်ကြမှာဆိုတော့ ကျွန်တော့်ကို Negative အမြင်နဲ့ မြင်နေကြတဲ့ အပေါ်မှာလည်း ကျွန်တော်က နေသားကျနေပါပြီ'' ဆိုပါတယ်။

Photo: Hpone Thike Facebook

ဘုဏ်းသိုက်နဲ့ ကွာရှင်းပြီးကြောင်း ကြေညာလိုက်တဲ့ ချမ်းချမ်း 

လက်ရှိမှာတော့ ဘုဏ်းသိုက်က သမီးလေး မြမိုးဂင်္ဂါကို အချိန်ပေးဖြစ်တယ်လို့ သိရပါတယ်။ နယ် ရိုက်ကွင်းတွေ မထွက်ရတဲ့အခါ တစ်ပတ်မှာ ၅ ရက်လောက်တော့ သမီးလေး ကို ကျောင်းပို့ ကျောင်းကြို ဝေရာဝစ္စတွေ လုပ်ပေးဖြစ်တယ်လို့ သူကဆိုပါတယ်။

'' သမီးလေး ကတော့ ကျွန်တော်ရန်ကုန်မှာ ရှိတဲ့အချိန်ဆို တစ်ပတ်မှာ ၅ ရက်လောက် အတူတူရှိတယ်။ ကျွန်တော်ပဲ ကျောင်းပို့၊ ကျောင်းကြို လုပ်ပေးတယ်။ ကျွန်တော့်ထက် သူ့မေမေက အားတယ်ဆိုရင် သူ့အမေနဲ့ ကလေးက ပိုပြီးနေဖြစ်တယ်'' ဆိုပြီးတော့ ဘုဏ်းသိုက်က ဖြေဆို ပေးခဲ့ပါတယ်။

Photo: Hpone Thike Facebook

 

ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ Saint Mary's Cathedral မှာ မင်္ဂလာ လက်ထပ်ပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ထောင်သက် ၄ နှစ်မြောက်ရှိပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ မှာ ခင်ပွန်း ဖြစ်သူ ဘုဏ်းသိုက်နဲ့ တရားဝင်ကွာရှင်းလိုက်ပြီဆိုတာကို ကြေညာခဲ့တာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က