ဘာတွေဖြစ်မလဲ။

အကယ်ဒမီဆုရှင်လေး သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ အသားအရည်ကောင်းကောင်းလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ ခန္ဓာကိုယ် အချိုးအစားလေးနဲ့ သူမရဲ့ အသားအရည်လေးဟာ မြင်တဲ့သူတိုင်း အားကျရတဲ့ ပုံစံမျိုးလေးတွေ ဖြစ်ပါတယ်။

 

အကယ်ဒမီဆုရှင်လေး သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ အသားအရည်ကောင်းကောင်းလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ ခန္ဓာကိုယ် အချိုးအစားလေးနဲ့ သူမရဲ့ အသားအရည်လေးဟာ မြင်တဲ့သူတိုင်း အားကျရတဲ့ ပုံစံမျိုးလေးတွေ ဖြစ်ပါတယ်။ တစ်နေ့တခြား လှပလာတဲ့ သူမဟာ သူမကိုယ်တိုင်ကလည်း လှလှလေး နေရတာကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

"ကစ်ကိုယ်တိုင်ကလည်း လှလှလေး နေရတာကိုကြိုက်တယ်။ကိုယ်အလုပ်ကလည်း  လှလှလေးနေရတာများတယ်။ဇာတ်ကားရိုက်တာ တချို့ နေရာ တွေကတော့ ကာရိုက်ကို ဦးစာပေးရတာ မှန်ပေမယ့် တချို့ပွဲတက်တာတို့ ကြော်ငြာရိုက်တာ တို့ဆိုရင်  လှလှလေးနေရ တာ များတယ်။ ကိုယ်ကလည်း လှလှလေးနေရာတာ ကြိုက်တယ်။အဲ့ဒါကြောင့်ပါ" ဆိုပြီး စက်တင်ဘာ(၅) ရက်နေ့က ပြုလုပ်တဲ့ "တရားလား " ရုပ်ရှင်ဇာတ် ကား မိတ်ဆက်ပွဲမှာ ပြောပြခဲ့ပါတယ်။

 

သူမအနေနဲ့ သူမရဲ့ ခန္ဓာကိုယ် အလှအပနဲ့ ပတ်သက်ပြီး အရမ်းကြီး ကျေနပ်တာမျိုးတော့ မရှိပေမယ့်လည်း ကိုယ့်ကိုကိုယ် လှလှလေး နေချင်ဟာလည်း ကိုယ့်ရဲ့ အလုပ်အတွက်ရော ကိုယ့်ကိုကိုယ်လည်း confident ရှိစေတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ ဖြူဖွေးတဲ့ အသား အရည်လေးကို ပိုင်ဆိုင်ထားတဲ့ သူမမှာ တစ်ခါတလေ သူမရဲ့ အသားအရည်နဲ့ ပတ်သက်ပြီး ဒုက္ခရောက်ရတဲ့ အခါမျိုးတွေ ရှိတယ်လို့ ဆိုပါ တယ်။

"အသားဖြူရတဲ့ဒုက္ခက ရုပ်ရှင်ရိုက်ရင် ကိုယ်နဲ့အတူ တွဲပြီး သရုပ်ဆောင်တဲ့သူက အသားညိုနေရင် သူကို အသားဖြူအောင် မီးတွေ ထိုးတော့ ကိုယ့်ကိုပါ ဘန်းကုန်တာပေ့ါ ။ အဲ့ဒါတော့ အဆင်မပြေဘူး။ ကိုယ်က လုံးဝဖြူဖွေးစုပ်သွားတယ်။ အသားဖြူတဲ့အတွက်တေတာ့  နည်းနည်းလေး ကိုယ့်ဘာသာကိုယ့် ဂရုစိုက်ရတယ်။ အသားမဲရင်လည် ကစ်က မလိုက်ဘူးလေ။" ဆိုပြီး သူမက ယင်းပွဲမှာ ဆက်လက်ပြောပြခဲ့ပါတယ်။

အသားနာမှာဆိုးလို့ ခွဲစိတ်ပြုပြင်မှုတွေ မလုပ်ရဲဘူးဆိုတဲ့ ဝတ်မှုံရွှေရည် 

အသက်(၃၀) ပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ တစ်နှစ်ထက် တစ်နှစ်ပိုပိုရင့်ကျက်လာသလို စိတ်ကအစ ပြောင်းလဲလာတာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။အသက်အရွယ်နဲ့ မလိုက်အောင် နုနယ်ပြီး ချစ်ဖို့ကောင်း လှ တဲ့ သူမဟာ မြန်မာနိုင်ငံက ပရိသတ်များရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ဟာ လက်ရှိမှာ ပွဲအခမ်းနားတွေ တော်တော်များများ တက်ရောက်ဖြစ်သလို "ဒဏ္ဍာရီမိုး" ရုပ်ရှင်ဇာတ်ကားကြိးကိုလည်း ရိုက်ကူး လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးပြီး ရဲတိုက်၊ ရွှေထူး၊ ဒေါင်း တို့နဲ့အတူ ပါဝင် ရိုက်ကူးနေတာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ဒါရိုက်တာ ကျော်ဇော်လင်းရိုက်ကူးတဲ့ "တရားလား" ရုပ်ရှင်ဇာတ်ကားမှာ စိုးသူ ၊ ပြေတီဦး တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်သွားဖို့လည်း ရှိပါတယ်

 

ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာ လော ကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့လည်း လူကြိုက်များ လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ် ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်း တိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက် လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က