စက်တင်ဘာလ ၆ ရက်နေ့ကတည်းက ခေါ်နေတာပါ။

ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးမယ့် Now and Ever  ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ သရုပ်ဆောင်အသစ်တွေ ခေါ်နေပါပြီ။ ဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း  အားလုံးကို တန်းတူအခွင့်အရေးရစေချင်တယ်လို့ သူကဆိုပါတယ်။



Photo: ခရစ္စတီးနားခီ ဖေ့စ်ဘွတ်

 

ဒါရိုက်တာခရစ္စတီးနားခီ ရိုက်ကူးမယ့် Now & Ever ရုပ်ရှင်ဇာတ်ကားကြီးအတွက် Central Base Productions ရဲ့ Facebook Page ကနေ တစ်ဆင့် သရုပ်ဆောင်အသစ်တွေ ခေါ်နေပြီဆိုတာကို စက်တင်ဘာလ ၆ ရက်နေ့ ကစပြီး တရားဝင်ကြေညာလိုက်ပါပြီ။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ဇဏ်ခီကလည်း ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

'' ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူး ပုံဖော် မည့် “Now & Ever” ရုပ်ရှင်ဇာတ်ကားကြီး၊ “သီတာ” ရုပ်ရှင်ဇာတ်ကားကြီး နှင့် TV series ဇာတ် လမ်း တွဲများတွင် သရုပ်ဆောင် ဇဏ်ခီနှင့် အတူ ပါဝင် သရုပ်ဆောင်ချင်သူများအတွက် သရုပ်ဆောင်ရွေးချယ်ခြင်းအစီအစဉ်ကို မကြာမှီ အချိန်ကာလအတွင်း စတင်တော့မှာ ဖြစ် ကြောင်း သရုပ်ဆောင်ရူးသွပ်သူများအတွက်ကြေညာအပ်ပါတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၆ ရက်နေ့ ည၇ နာရီကျော်က Central Base Productions ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။

Photo: ခရစ္စတီးနားခီ ဖေ့စ်ဘွတ်

 

အဲ့ဒီနောက် ဒါရိုက်တာခရစ္စတီးနားခီ ကလည်း ပါဝင်သရုပ်ဆောင်ချင်တဲ့ အနုပညာရှင်အသစ်လေးတွေ အနေနဲ့ သူ့ရဲ့ Parsonal message box ကနေ လာရောက်မမေးမြန်းကြဖို့ မေတ္တာရပ်ခံထားပါသေးတယ်။ ဒီလို ပြောရခြင်းရဲ့ အကြောင်းအရာကိုလည်း သူကဆက်လက် ရှင်းပြထားပါတယ်။

'' ကိုယ်တွေနဲ့ ဘယ်သူအလုပ်လုပ်ကြမလဲ ကျမရဲ့ personal message box ကနေ မေးမြန်းခြင်းမလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။ Open call casting ဆိုတာ အားလုံးကို တန်းတူအခွင့်အရေးရစေချင်လို့ လုပ်ပေးတာပါ'' ဆိုပြီးတော့လည်း ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီက ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ခရစ္စတီးနားခီ ဖေ့စ်ဘွတ်

 

ခရစ္စတီးနားခီဟာ Now &  Ever ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရိုက်ဖို့ သရုပ်ဆောင်အသစ်လေးတွေကို ရွေးချယ်ဖို့အတွက် လျှောက်လွှာတွေ ခေါ်ယူနေပြီဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ကြမယ့် ဝါသနာရှင်တွေကလည်း ဒီဇာတ်ကားရိုက်ကူးနေချိန်မှာ အချိန်ပေးနိုင်ရမယ်လို့လည်း သူကဆိုပါတယ်။

'' ဒီဇာတ်ကားကို ရိုက်ဖို့ အချိန် ၄လ၊ ၅လ၊ ၆လ လောက်တော့ ပေးရမယ်ထင်တယ်။ သရုပ်ဆောင်တွေကိုတော့ မရွေးရသေးပါဘူး။ အစ်မရိုက် ပြီးခဲ့တဲ့ ဇာတ်ကားတွေ တုန်းကဆိုရင် ပါတဲ့ သူတွေဆိုရင် အချိန် ၂ လခွဲ ၃ လလောက်ပေးရတယ်။ အသံပြန်သွင်းတာတို့ ဘာတို့ပေါ့။ ပြီးရင် သင်တန်းတွေလည်း တက်ရသေးတာဆိုတော့ လုပ်တဲ့ သူတွေကတော့ လုပ်မှာပဲ'' ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူး ပါတယ်။

Photo: ခရစ္စတီးနားခီ ဖေ့စ်ဘွတ်

 

ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်လျှက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အခိုင်အမာ ရရှိခဲ့ပြန် ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က