၁၂ပွဲ ဈေးသည် ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ကြမှာပါ။

၁၂ပွဲ ဈေးသည် လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်ကြီး မှာရှိတဲ့ အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)  က ရိုက်ကူးတာဖြစ်ပြီး ပြည်သူချစ်တဲ့ နာမည် ကျော် အနုပညာရှင်များစွာတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

၁၂ ပွဲဈေးသည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ၁၂ လရာသီဈေးပွဲတော်တွေ တိုင်းမှာ ဈေးလိုက်ရောင်းရတဲ့ ဈေးသည်တစ်ဦးအဖြစ် အကယ်ဒမီ လူမင်းက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

'' ၁၂ ပွဲဈေးသည်ဆိုတာ အစ်ကိုတို့ မြန်မာနိုင်ငံမှာရှိတဲ့ ၁၂လ ရာသီပွဲတော်တွေမှာ ဈေးလိုက်ရောင်းကြတဲ့ ဈေးသည်တွေရဲ့ ဘဝကို ရိုက်ကူး မယ့် ဇာတ်ကားပါ။ ဇာတ်ကောင် ကာရိုက်တာကလည်း ပွဈေးတွေမှာ တွေ့နေမြင်နေကြတဲ့ ဈေးသည်တွေရဲ့ ကာရိုက်တာအတိုင်းပါပဲ'' လို့ လူမင်းကပြောပါတယ်။

 

ဒရာမာဇာတ်ကားရော၊ ဟာသဇာတ်ကားရော၊ အချစ်ဇာတ်ကား၊ အကြမ်း ဇာတ်ကားတွေ ရိုက်ကူးရတဲ့အခါ ကာရိုက်တာတိုင်းအတွက် ပီပီ ပြင်ပြင် သရုပ်ဆောင်တတ်တဲ့ ခိုင်သင်းကြည်ကိုလည်း ဒီဇာတ်ကားထဲမှာ သနပ်ခါးသည်မလေး ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

'' မခိုင်ရဲ့ ကာရိုက်တာလေးကတော့ မြင်နေကြအတိုင်းပဲပေါ့နော်။ သွက်သွက်လက်လက်လေးနဲ့ ဈေးရောင်းရမယ်။ ဈေးသည် ကာရိုက် တာ လေးပါ သနပ်ခါးရောင်းရမယ်။ ကိုယ်တိုင်လည်း သနပ်ခါးလိမ်းရမယ်၊ ပွဲဈေးတိုင်းမှာလည်း ဈေးလိုက်ရောင်းရမယ်ပေါ့နော်၊ ဟိုဘက်က ကိုလူမင်းတို့ ရွှေမှုံရတီတို့လည်း အဲ့ဒီလိုပါပဲ'' လို့ သူကပြောပါတယ်။

ပေးလာတဲ့ ကာရိုက်တာတိုင်းအပေါ် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ဇေရဲထက်က ၁၂ ပွဲဈေးသည် ဇာတ်ကားထဲမှာ ဇာတ်ရူး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ဒီကာရိုက်တာကလည်း သူ့အတွက် ပထမဆုံး သရုပ်ဆောင် ဖူးတဲ့ ကာရိုက်တာ ဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။

'' ဒီဇာတ်ကားထဲမှာ ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဇာတ်ရူးသမားပေါ့။ ပြီးတော့လည်း ဟိုစပ်စပ်၊ ဒီစပ်စပ် နဲ့ အခြောက်လို ကောင် ပေါ့နော်။ ဒါ ပထမဆုံး ဇာတ်ရူးကာရိုက်တာကို ပထမဦးဆုံးလုပ်ဖူးတာပေါ့။ အဲ့ဒီမှာ ဇာတ်သဘင်ကို အရမ်းကြိုက်တဲ့ ကောင်လေးတစ်ယောက် နေရာကပေါ့'' ဆိုပြီးတော့ စက်တင်ဘာလ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ၁၂ ပွဲဈေးသည် ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

၁၂ ပွဲဈေးသည် ရုပ်ရှင်ဇာတ်ကားကြီးဟာ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မယ့် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပါ တယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ရွှေမှုံရတီ၊ တက္ကသိုလ်ဂွမ်းပုံ နဲ့ ဝါဝါအောင်တို့က အဓိကပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က