အခုချိန်မှာတော့ တစ်ယောက်တည်း ဖြစ်သွားပါပြီ။

ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာခဲ့တဲ့ သင်ဇာဝင့်ကျော် က အခုဆိုရင် အပျိုကြီး စာရင်းဝင်သွားပြီလို့ ဆိုပါတယ်။ သူ့ရဲ့ အနုပညာ အလုပ် တွေ အပေါ် ဝင်ရောက် စွပ်ဖက်တာတွေရှိလာတာကြောင့် အဆင်မပြေဘူးလို့လည်း ဆက်လက် ပြောပြ ထားပါတယ်။



 

သရုပ်ဆောင် သင်ဇာဝင့်ကျော်တစ်ယောက် ၂ နှစ်ကျော်အကြာလက်တွဲလာခဲ့တဲ့ သူ့ရဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ မကြာသေးခင်က ပြောပြ ထားတာတွေ့ရပါတယ်။ သင်ဇာရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး စိတ်ကောက်ထားကြတယ်လို့လည်းသိရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းစရာတွေ များတာကြောင့် လမ်းခွဲခဲ့တယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

နောက်ဆုံးကတော့ အဝတ်အစားနဲ့ ပတ်သက်ပြီး ဖြစ်တာပေါ့နော်။ ဒီကြားထဲမှာ သူနဲ့က Distance Relationship လည်းဖြစ်တယ်။ တခြား ညှိစရာတွေလည်း အများကြီးရှိတယ်။ ညှိရတဲ့ အပိုင်းတွေက အရမ်းများလာတော့ ကိုယ်လည်း အလုပ်နဲ့ ပတ်သက်ရင် လာပြီးစွပ်ဖက်တာ မကြိုက်ဘူး။ ကိုယ်လည်း ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်နေတာ အနုပညာအလုပ်တစ်ခုနဲ့ပဲ ရှာဖွေနေရတာလေ ။ ဒီအလုပ်ကိုမှ လာတားနေရင်တော့ ကိုယ့်ဘဝအတွက် အဆင်မပြေဘူး အဲ့ဒါကြောင့် မို့လို့ပါ"လို့ သူကဆိုပါတယ်။

သင်ဇာဝင့်ကျော်ဟာ ချစ်သူရည်းစားထားတယ်ဆိုပေမယ့် ဘာ မျှော်လင့်ချက်မှ မပါပဲ လက်တွဲခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်လုပ်ကိုင်နေတဲ့ အနုပညာအလုပ်အပေါ် ဝင်ရောက် စွပ်ဖက်တာတွေကြောင့် အဆင်မပြေဘူးလို့လည်း သင်ဇာဝင့်ကျော်က စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တစ်ခါက ဆတ်သေချောင်း ရုပ်ရှင်ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

''သင်ဇာက လူတစ်ယောက်နဲ့ တွဲရင် သူ့ဆီက ဘာမှမမျှော်လင့်ဘူး။ ကိုယ်မျှော်လင့်သလို မရရင် ကိုယ်ပဲ ဝမ်းနည်းတာလေ။ နှစ်ယောက်အတူ တွဲလို့ ချစ်ကြတယ်။ အဆင်ပြေကြတယ် ဆိုပေမယ့် သူနဲ့ တစ်အိုးတစ်အိမ်ထူထောင်ရမယ်ဆိုတဲ့ စိတ်မရှိဘူး။ ဒီခေတ်ကြီးမှာ ဒါမျိုးဖြစ်ဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်။ ဖူးစာပါရင် ညားမယ်၊ ဖူးစာမပါရင် မညားဘူးလို့ပဲ တွေးထားတာဆိုတော့ ဘာမှမဖြစ်ပါဘူး'' လို့ ဆိုပါတယ်။

Photo: Thin Zar wint kyaw Facebook

 

ချစ်သူနဲ့ မကြာခင်က လမ်းခွဲခဲ့တဲ့ သင်ဇာဝင့်ကျော်ဟာ Single တစ်ယောက် ရဲ့ ဘဝအကြောင်းကို ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း အချစ်ရေးမှာ စိတ်တိုင်းမကျမှုတွေ ဖြစ်တတ်တာကြောင့် အဆင်မပြေဖြစ်နေတာပါလို့လည်း ဆက်လက်ပြောပြလာပါတယ်။

'' အခု အပျိုကြီးဖြစ်နေတဲ့ လူတွေကို ကြည့်လိုက်ရင် ချောကြလှကြတာပဲလေ နော်။ သင်ဇာကလည်း အသက် ၃၄ ဆိုတော့လည်း အပျိုကြီး စာရင်းဝင်သွားပြီဆိုတော့ လက်ခံလိုက်ပါတယ်။ အချစ်ရေးမှာ တည်ငြိမ်မှု မရှိတာက သင်ဇာ ဂျီးများလို့ ယောကျ်ားတစ်ယောက်ကို ချစ်နေ ကြိုက်နေပေမယ့်လည်း သူ့မျက်နှာမမြင်ချင်တော့ဘူးဆို လှည့်ကို မကြည့်တော့ဘူး။'' သူကဆိုပါတယ်။

 

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က