အရမ်းကံကောင်းသူပါတဲ့။

ဟန်နာယူရီတစ်ယောက် ထိုင်းမင်းသားချောလေး မာရီယိုနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မကြာခင်က တင်ခဲ့ ပါတယ်။ သူဟာ မာရီယိုရဲ့ Fan Girl တစ်ယောက် ဖြစ်ရတဲ့အတွက်လည်း အရမ်းကံကောင်းတဲ့အကြောင်း ဆက်လက် ပြောပြ လာပါတယ်။

Photo: ဟန်နာယူရီဖေ့စ်ဘွတ်

 

မိတ်ကပ်ဖန်တီးရှင်မလေး ဟန်နာယူရီက သူအရမ်းကြိုက်တဲ့ Idol တစ်ယောက်ဖြစ်တဲ့ ထိုင်းမင်းသားချောလေး မာရီယို နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာ မကြာခဏ တင်ဖြစ်ပါတယ်။ သူ့အနေနဲ့ မာရီယိုရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်ခွင့်ရတဲ့အတွက်လည်း အရမ်းပျော်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

'' ကိုယ့်အနေနဲ့ သဘောကျတဲ့ ကောင်လေးဆိုရင်လည်း သူဖြစ်တယ်။ သူ့ကိုလည်း အရမ်းအားပေးတယ်။ ယိင်းကိုယ်တိုင်ကလည်း တကယ့် Fan Girl ပေါ့နော်။ ဟိုးအရင်တုန်းကတည်းက စိတ်ကူးထားတာ ရှိတယ်၊ တစ်ချိန်ကျရင် ငါ့အနာဂတ်မှာ သူ့ကို အပြင်မှာတွေ့ဖူးရမယ်ပေါ့။ အဲ့ဒီတော့ ၂၀၁၅ Pond ပွဲမှာ သူ့ကို ပထမဆုံး စတွေ့ဖူးတယ်'' လို့ ဆိုပါတယ်။

 

ဟန်နာယူရီက မာရီယိုကို ၂၀၁၅ ခုနှစ်က ပွဲတစ်ခုမှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မာရီယို တက်ရောက်လာတဲ့ ပွဲတွေမှာလည်း ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။ မာရီယိုရဲ့ Fan Girl တစ်ယောက်ဖြစ်တဲ့အတွက်လည်း ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ သူက ဆုပါတယ်။

'' အဲ့ဒီနောက်ပိုင်း အပြင် Event တွေမှာ ဆိုရင်လည်း တွေ့ဖြစ်တယ်။ သီးသန့် စီစဉ်တာ မဟုတ်ပဲနဲ့ တွေ့ဖြစ်တယ်ပေါ့နော်။ ဟိုတစ်နေ့က ဆိုလည်း ယိင်းက ပြန်မယ်ဆိုပြီးတော့ ဓာတ်လှေကားနားသွားလိုက်တာအဲ့ဒီမှာ သူနဲ့ ရုတ်တရက်ဆုံတယ်။ ဒီမှာ ပွဲရှိမှန်းလည်း ယိင်းမသိခဲ့ဘူး။ ယိင်းအရမ်းကံကောင်းတယ်လို့ ပြောရမယ်'' လို့ ဆိုပါတယ်။

Photo: ဟန်နာယူရီဖေ့စ်ဘွတ်

 

ထိုင်းမင်းသားချောလေး မာရီယိုရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ခွင့်ရတဲ့ ခံစားချက်ကိုလည်း ဟန်နာယူရီက ပြောပြခဲ့ပါတယ်။ သူ့အနေနဲ့ ချစ်သူ ရည်းစားမထားပဲ Fan Girl တစ်ယောက်အနေနဲ့ ရပ်တည်နေရတာက ပိုစိတ်ချမ်းသာတယ် ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။

'' Fan Girl ဘဝလေးက အေးချမ်းပါတယ်။ ပိုပြီး အေးချမ်းတယ်။ ဘာပဲဖြစ်ဖြစ် Fan Girl အနေနဲ့ ကိုယ့်ရဲ့ Idol က ကိုယ့်ကို Follow လာလုပ် တယ်၊ Like လုပ်တယ် ဆိုရင် အရမ်းပျော်နေပြီ။ ရည်းစားထားရင် လိုက် ဂရုစိုက်နေရမှာစိုးလို့'' ဆိုပြီးတော့ စက်တင်ဘာလ ၁၁ ရက်နေ့က တစ်ခါက ဆတ်ချောင်း ရုပ်ရှင်ကား ကန်တော့ပွဲမှာဖြေဆိုပေးခဲ့ပါတယ်။

 

ဟန်နာယူရီဟာ အခုလက်ရှိမှာတော့ Make Up Arist တစ်ယောက်အနေနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။ Make Up Arist တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ထဲက  ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ မိတ်ကပ်နဲ့ ဖန်တီးပေးထားသေးတယ်လို့ သိရပါတယ်။ ဟန်နာယူရီ ကိုတော့  နာမည်ကျော်အဆိုတော် Bunny Phyo ရဲ့ ချစ်သူဟောင်းအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က