၂၀၁၈ ကတော့ အောင်ရဲလင်းအတွက် ဘယ်လိုနှစ်ဖြစ်လာမလဲ။

အောင်ရဲလင်းက မကြာခင်ရိုက်ကူးတော့မယ့် တစ်ခါက ဆတ်သေချောင်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ် ဆောင် သွားမယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ၂၀၁၈ ခုနှစ်ထဲမှာ မကြာခဏ ရိုက်ကူးရေးတွေ ပျက်ခဲ့တယ်လို့လည်း ပြောပြ လာပါတယ်။

 

သရုပ်ဆောင်အောင်ရဲလင်းက ၂၀၁၈ ခုနှစ်ကတော့ သူ့အတွက် နားလည်ရခက်တဲ့ နှစ်တစ်နှစ်လို ဖြစ်နေပါပြီ။ ဇာတ်ကား ရိုက်ကူးရေးတွေ လည်း တစ်ကားပြီး တစ်ကား ပြတ်ပြတ်သွားတာကြောင့် ဘယ်သူ့ကိုမှအပြစ်မပြောတော့ပါဘူး ဆိုတဲ့ အကြောင်းကိုလည်း မီဒီယာတွေကနေ တဆင့် ဖွင့်ဟ ပြောပြခဲ့ပါတယ်။

'' အဓိက ကတော့ ဒီနှစ်ထဲမှာ အကြောင်းတရားတွေ အမျိုးမျိုးကြောင့် ပျက်သွားတဲ့ ဇာတ်ကားတွေရှိတယ်။ ဘယ်သူ့ ဘယ်သူ့ကိုမှလည်း အ ပြစ်ပြောလို့မရဘူး။ ဒီဇာတ်ကားမတိုင်ခင်မှာဆိုရင်လည်း ဇာတ်ကားတစ်ကားပျက်သွားတယ်။ တရုတ်ပြည်မှာ သွားရိုက်မယ့် ဇာတ်ကားဆိုရင် လည်း ပျက်တယ်။ Boxing ကားလည်း အကြောင်းအမျိုးမျိုးကြောင့် မရိုက်ဖြစ်ခဲ့ဘူး"လို့ သူကဆိုပါတယ်။

 

အောင်ရဲလင်းဟာ မကြာခင်ရိုက်ကူးမယ့် တစ်ခါက ဆတ်သေချောင်း ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

'' ဒီဇာတ်ကားဆိုရင် Pre Production လုပ်ရမယ်လို့လည်း အစောကြီးကတည်းက သိထားတယ်။ အဲ့ဒီအတွက်လည်း ဒီဇာတ်ကားမှာအကောင်း ဆုံးဖြစ်ဖို့ အတွက် ကျွန်တော် ကြိုးစားထားတယ်။ ပျက်သွားတဲ့ ဇာတ်ကားတွေအပေါ်မှာလည်း ဘာမှ ခံစားရတာ မရှိပါဘူး။ ဒါတွေက အကြောင်းအရာ အမျိုးမျိုးကြောင့်လို့ပဲ ကျွန်တော်ထင်ပါတယ်'' လို့ ပြောပါတယ်။

 

အောင်ရဲလင်းရဲ့ ထူးခြားမှုကတော့ တစ်နှစ်ထက် တစ်နှစ် မတူတဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေက အစ၊ အပြောအဆို၊ သရုပ်ဆောင်မှုတွေက အစ ပြောင်းလဲ လာတာကို တွေ့ရပါတယ်။ ဒါကလည်း သူ့ရဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများစွာကြောင့်လည်း ကိုယ့်ကိုယ်ကို ရင့်ကျက်သွားတယ် လို့ ဆိုပါတယ်။

'' ကျွန်တော် ရရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ အလုပ်ထဲမှာပဲ ဖြတ်သန်းမှုပေါင်း မြောက်မြားစွာ အကုန်လုံး အလိုလိုက ကျွန်တော့်ကို ရင့်ကျက်သွား စေတာပါ'' ဆိုပြီးတော့ စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တစ်ခါက ဆတ်သေချောင်း ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

အောင်ရဲလင်းဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားစာရင်းဝင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ စမတ်ကျတဲ့ ခန္ဓာကိုယ်အချိုးအစားတွေကြောင့်လည်း မိန်းကလေး ပရိသတ်အင်အား များနေတာပဲ ဖြစ်ပါတယ်။အောင်ရဲလင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးအများအပြားရိုက်ကူးနေရတာကို တွေ့ပါတယ်။

 

Share

Loading Next Article...
က္က