ကားရိုက်တွေ လျှော့ချင်နေပြီ။

သရုပ်ဆောင်မိုးဟေကို တစ်ယောက် အသက် ၃၀ ကျော်လာတာနဲ့ အမျှ ဇာတ်ကားရိုက်ကူးရေးတွေလည်း သိပ်မလုပ်ချင် တော့ ဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း ဦးဆောင်နေရသလို မိခင်ကိုလည်း ပြုစုနေရတာ ဖြစ်တဲ့ အတွက် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တာလို့ ပြောပါတယ်။

 

သရုပ်ဆောင်မိုးဟေကို  က ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှု သိပ်မရှိတော့ပါဘူး။ မိခင်ရဲ့ ကျန်းမာရေးကို ပြုစုနေရတာ ကြောင့်လည်း အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တာလို့ သိရပါတယ်။ မိုးဟေကိုရဲ့ အသက် ၃၀ ကျော်အရွယ် စိတ်ခံစားချက်ကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

'' အသက် ၃၀ ကျော်ပြီဆိုတော့ ကားရိုက်တွေလည်း လျှော့ချင်နေပြီ မရိုက်ချင်တော့ဘူး။ အသက် ၂၀ ကျော်မှာ ကိုယ်ဘယ်လို နေချင်တယ်၊ အသက် ၃၀ ကျော်မှာ ကိုယ်ဘယ်လို နေချင်တယ် ဆိုတာတွေဟာ ကိုယ့်ရဲ့ ရွေးချယ်မှုလို့ပဲ ထင်ပါတယ်။ ကိုယ့်ရဲ့ စီမံခန့်ခွဲမှု၊ ကိုယ့်ရဲ့ Plan ပေါ်မှာပဲ မူတည်ပါတယ်'' လို့ဆိုပါတယ်။

 

ဇာတ်ကားရိုက်ကူးရေးတွေ သိပ်မရှိတော့တဲ့ မိုးဟေကို ဟာ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေဆဲဖြစ်တဲ့ အနုပညာရှင် တစ် ယောက် ဖြစ်ပါတယ်။ သူဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီး လှပလာရတဲ့ လျှို့ဝှက်ချက်ကိုမေးကြည့်လိုက်တဲ့အခါမှာတော့ သဘောကျ ရယ်မော ရင်း ပြန်လည် ဖြေဆိုခဲ့ပါတယ်။

'' ချစ်လို့ လှနေတာပဲ နေမှာပါ။ အမှန်တော့ မလှပါဘူး။ မိုး ရိုက်သည်ဖြစ်စေ ၊ မရိုက်သည်ဖြစ်စေ မိုးပရိသတ်တွေက ချစ်ခင်ပြီး မိုးကို စောင့် ဆိုင်းပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ ညက ပြုလုပ်တဲ့ ၂၄ နာရီ ၁ ချစ်ဆိုတဲ့ ရုပ်ရှင်အထူးပြပွဲမှာ မီဒီယာတွေကိုပြောပြခဲ့ပါတယ်။

အောင်မြင်တယ်လို့မတွေးပဲ အမှားနည်းအောင်ပဲ ကြိုးစားတယ်ဆိုတဲ့ မိုးဟေကို 

အနုပညာအလုပ်ဘက်ကို ဦးစားမပေးဖြစ်တော့တဲ့ မိုးဟေကိုက ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ပိုးထည်ဆိုင်တွေ ကိုလည်း ဦးဆောင်နေတာဖြစ်ပါတယ်။ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ရှေ့ဆက် ဆောင်ရွက်သွားမယ့် အကြောင်းအရာတွေကိုလည်း ဆက်လက် ပြောပြလာပါတယ်။

'' မိုးရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့တော့ ဒီနှစ်ထဲမှာ ရုံတင်တဲ့ ဇာတ်ကားလေးတွေရှိပါတယ်။ ပရိသတ်တွေအားပေးကြပါဦးလို့လည်း ပြောချင် ပါတယ်ရှင်။ရိုက်ဖို့ရွေးထားတဲ့ ဇာတ်လမ်းတွေဆိုရင်လည်း ၂၀၁၉ ခုနှစ်ထဲမှာ ရိုက်ဖို့ ပြင်ဆင်ထားပါတယ်။ အနားနီးရင်တော့ အားလုံးကို ပြန် ကြော်ငြာပေးပါ့မယ်'' လို့ သူကဆိုပါတယ်။

 

မိုးရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကားကြီးကစပြီး ရုပ်ရှင်ဇာတ်ကားလည်းအောင်မြင်ခဲ့သလို ထုတ်လုပ်ရေးအနေနဲ့ ကလည်း နာမည်ရ ရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ တောကျီးကန်း(သို့မဟုတ်) ခိုးဆိုးလုနှိုက် ၂ ရုပ်ရှင်ဇာတ်ကားကိုလည်း ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က