အဝတ်အစားဝတ်တာနဲ့ ပတ်သက်ပြီး ချစ်သူက ဝင်မစွက်ဖက်ဘူးတဲ့။

Long Distance Relationship ကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူရဲ့အချစ်ရေးက သာယာပြီး အရမ်းကို ပျော်ရွှင်ဖို့ ကောင်း တယ် လို့ သိရပါ တယ်။ အပျိုကြီးဘဝကို စွန့်လွှတ်ဖို့ အစီအစဉ်မရှိသေးသလို တစ်ဖက်မှာလည်း သာယာတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့ အချစ်ရေးက ပျော်ရွှင်ရပါတယ်လို့ ဆိုပါတယ်။



 

Long Distance Relationship ကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူရဲ့အချစ်ရေးက သာယာပြီး အရမ်းကို ပျော်ရွှင်ဖို့ ကောင်းတယ်လို့ သိရပါ တယ်။ အပျိုကြီးဘဝကို စွန့်လွှတ်ဖို့ အစီအစဉ်မရှိသေးသလို တစ်ဖက်မှာလည်း သာယာတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့ အချစ်ရေးက ပျော်ရွှင်ရပါတယ်လို့ ဆိုပါတယ်။

"အပျိုကြီးဘဝကို မစွန့်လွတ်သေးဘူးပျော်နေသေးတယ်။ ပျော်နေသေးတယ်ဆိုတာ အမက ပျော်ပျော်နေတယ်။ ပြီးတော့ အပျိုကြီးလို့သာ ပြောတာ ကိုယ့်မှာလည်း အရမ်းကို ကောင်းမွန်တဲ့ Relationship တစ်ခုရှိပါတယ်။ ဘာပဲပြောပြော အေးမြတ်သူတို့ Long Distance Relationship ဆိုတော့ အေးမြတ်သူအတွက်က အပျိုကြီးလို့လဲ ပြောလို့ရသလို တစ်ဖက်မှာလည်း ရည်မှန်းထားတဲ့သူရှိတဲ့အ တွက် အေးမြတ် သူ အတွက် ပျော်ရွှင်ပါတယ်။" လို့ သူမက ပြောပြထားပါတယ်။

 

ချစ်သူအကြောင်းကို အမြဲတမ်း ပွင့်ပွင့်လင်းလင်းပြောပြတတ်တဲ့သူမက ဒီလိုပြောပြချင်းဟာလည်း ချစ်သူကို အမွန်းတင်တာမဟုတ်ဘူးလို့ ဆိုပါတယ်။

"တချို့လည်း ပြောကြတယ်။ ချစ်သူကို အရမ်းအမွန်းတင်တယ်။ သတင်းလုပ်တယ်ပေ့ါ။မဟုတ်ပါဘူး။ တစ်ခါ တစ်လေ လူတွေက တစ်ဖက် သားကို ချီးမွမ်းဖို့ မေ့နေကြတယ်။ ချီးမွမ်း သင့်တဲ့သူကို ချီးမွမ်းတာလည်း မင်္ဂလာတစ်ပါးပဲ။ ပြီးတော့ ကိုယ့်ချစ်သူကို ကိုယ်ချီးမွမ်း တယ်ဆို တာ ကလည်း သူ့ိကုလည်း ကိုယ်က ကိုယ်ဘယ်လောက်ထိ လေးစားမှု ရှီတယ်ဆိုတာကို ပြတဲ့ သဘောပg။ အေးမြတ်သူအတွက် အဆင် အပြေဆုံးနဲ့ နားလည်မှု ရှိတဲ့သူ ဖြစ်လို့လေ။ သူ့ကို ချစ်လို့ ပါ။ " ဆိုပြီး သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြထားတာပါ။

ခန္ဓာကိုယ်လှလှလေးရဖို့ ကြိုးစားခဲ့ပုံတွေကို ပြောလာတဲ့ အေးမြတ်သူ 

ခန္ဓာကိုယ်လှလှလေးနဲ့ အဝတ်အစား ခပ်မိုက်မိုက်လေးတွေ ဝတ်တတ်တဲ့သူမအတွက် ချစ်သူကလည်း အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ဝင်စွက်ဖက်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

"အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီးတော့ သူက ဘာပဲ ဝတ်ဝတ် အေးမြတ်သူကို မစွက်ဖက်ဘူး ဘယ်လိုပဲ ဖြစ်ဖြစ် သဘောကျတယ်။ မြန်မာ ဝတ်စုံဝတ်လည်း သူသဘောကျတယ။် ဟော့ရှော့ဝတ်လည်း ချစ်သူက လှတာကို ဝတ်ပါဖို့။ အေးမြတ်သူရဲ့ အတွေးတွေ အေးမြတ် သူရဲ့ စိတ်အာရုံကို သူဘယ်တော့မှ မနှောက်ယှက်ဘူး အမြဲတမ်း သူအနောက်ကနေ ထိန်ကွတ်ပေးတယ်။ Support လုပ်ပေးတယ်။ " ဆိုပြီး သူမက စက်တင်ဘာ(၁၃) ရက်နေ့က ပြုလုပ်တဲ့ "၂၄ နာရီတစ်ချစ်" ပွဲရဲ့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

အေးမြတ်သူဟာ ချစ်သူဆီရက ရတဲ့အချစ်ရော သူမရဲ့ ချစ်ပရိသတ်တွေဆီက ရတဲ့ အချစ်တွေရော ပိုင်ဆိုင်ခွင့်ရတာကြောင့်လည်း သူမရဲ့ ဘဝက အရမ်းကို ပျော်စရာကောင်းနေတာပါလို့ ယင်းအင်တာဗျူးမှာ ဆက်လက်ဖြေဆိုပေးထားပါတယ်။

"အချစ်ဆိုတာက ကိုယ့်ရဲ့ ချစ်သူဆီက ရတဲ့အချစ်ကော ကိုယ့်ကို ချစ်တဲ့  ပရိသတ်တွေဆီက ရတဲ့ အချစ်ကော ပြီးတော့ ကိုယ့်ပတ်ဝန်း ကျင်မှာ ကိုယ့်ကို ချစ်တဲ့သူတွေ အရမ်းများနေတဲ့အတွက် ကိုယ့်ကို အရမ်းကို ချစ်ကြတဲ့အတွက် အရမ်းကို ပျေ်ာစရာ ကောင်းပြီးတော့ အရမ်းကို လက်ဆက်နေတာပါ"လို့ သူမက ဆိုပါတယ်။

 

သူမအနေနဲ့ ချစ်သူကို Official ချပြဖို့အတွက်တော့ အချိန်အတိုင်းအတာတော့ လိုသေးတယ်လို့ ဆိုပါတယ်။ ပစ္စည်းကောင်းလေး ရထားပေ မယ့်လည်း Review ကောင်းကောင်း မ ရေးရဲဘူးတဲ့။

"ပစ္စည်းကောင်းကောင်း ရတာ ဥထားရတယ်။ Review ကောင်းကောင်းမရေးရဲဘူး။ ပါသွားမှာစိုးလို့ ချစ်သူကို Official မပြရဲသေးဘူူး ပါသွား မှာစိုးလို့ မစားရသေးပါဘူး။ နောက်ထပ်သုံးနှစ်လောက် စောင့်ရဦးမယ်။" ဆိုပြီး မီဒီယာတွေရဲ့မေးခွန်းလေးတွေကို စိတ်ဖြေစွာနဲ့ ဖြေဆို ပေးခဲ့ပါတယ်။

သရုပ်ဆောင်အေးမြတ်သူကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလက်ခံရိုက်ကူးနေရသလို အနုပညာရှင်အသစ်လေးတွေနဲ့ တွဲပြီး ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ မကြာခင် ရုံတင်ပြသတော့မယ့် ချူဆီ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က