ဇာတ်ပို့တွေကို ပြန် Support ပေးရတဲ့ ဇာတ်ကားမျိုးလည်း ရိုက်မယ်လို့ ဆိုပါတယ်။

ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာက အနုပညာအချင်းချင်းကြားမှာ နားလည်မှုလိုအပ်ကြောင်း ဆိုရင်း ဇာတ်ပို့ဇာတ်ဆောင်ဆိုတဲ့ နေရာက သူမအတွက် အရေးမကြီးလို့  ပြောပြခဲ့ပါတယ်။



 

မကြီးစိုးလို့ ချစ်စနိုးခေါ်ကာ အနုပညာလောကကရော ပရိသတ်ကရော ချစ်ခင်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာက အနုပညာနဲ့ ပတ်သက်တဲ့ ခံယူချက်တွေကို Duwun Media ကို ပြောပြခဲ့ပါတယ်။

"မကြီးတို့တွေသည် အပြန်အလှန် အထောက်အကူပြုနိုင်ရမယ်ဆိုတာ သဘောပေါက်လာကြတဲ့အခါကျတော့ အလုပ်လုပ်ရတာ ပိုလွယ်လာတယ်။ မကြီး လူတွေနဲ့ အဆင်ပြေတယ် ဆိုတာ ကလည်း မကြီး နားလည်ပေးနိုင်တယ်။ ကိုယ်က သူများရဲ့နားလည်မှုကို လိုချင်ရင် ကိုယ်က အရင်နားလည်ပေးဖို့လိုတယ်" လို့ မကြီးစိုးက ဆိုပါတယ်။

စိုးမြတ်သူဇာက ထပ်ဆင့်အကယ်ဒမီဆုရှင် မင်းသမီးကြီးဖြစ်ပေမဲ့လည်း ဇာတ်ပို့တွေကို ပြန် Support လုပ်ပေးရမယ့် ဇာတ်ကားတွေကို ရိုက်ဖို့လည်း ဝန်မလေးပါဘူးလို့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ ရိုက်စား ရုပ်ရှင်ကားအထူးပြသပွဲမှာ ပြောပြခဲ့တာပါ။

 

"မဂွမ်းလေးတို့ ကိုခင်လှိုင်တို့က အမြဲဇာတ်ပို့ပေးခဲ့တဲ့ ကားပေါင်းက တစ်သိန်းလောက်ရှိတယ်။ အခုချိန်မှာ သူတို့တွေက အဓိက Main တွေနေရာမှာနေပြီးတော့ မကြီးတို့တွေက ဇာတ်ပို့ပေးရတယ်ဆိုလည်း ဘာမှဖြစ်စရာအကြောင်း မရှိဘူး။ မကြီးတို့တွေက အနုပညာသမားတွေဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အထောက်အကူပြုနိုင်ရမယ်" လို့ မကြီးစိုးက သူ့ခံယူချက်ကို ပြောပြပါတယ်။

ဇာတ်ကားတစ်ကားကြည့်ရင် မကြီးစိုးက နေရာကို အဓိကမစဉ်းစားဘဲ ရိုက်သင့်မသင့်ပဲ စဉ်းစားတယ်လို့ ဆိုပါတယ်။ အခန်းနည်းပြီး ဇာတ်ပို့ပေးရမယ့်ဟာဆိုလည်း လုပ်သင့်လုပ်ထိုက်တယ်ဆိုရင် လုပ်ပါတယ်လို့ မကြီးစိုးက ရှင်းပြပါတယ်။

"နေရာဆိုတာက သတ်မှတ်ချက်တစ်ခုပေါ့နော်။ ဒီနေရာ ငါ့နေရာ၊ ဟိုနေရာ ငါ့နေရာ..အဲလို ဘယ်နေရာကိုမှ ဆုတ်ကိုင်မထားဘူး။ မကြီးသည် နေရာတိုင်းမှာ အံဝင်ခွင်ကျဖြစ်ရမယ်။ ဘယ်နေရာမဆို မကြီးနေနိုင်တယ်" လို့လည်း မကြီးစိုးက ပြောပြခဲ့ပါတယ်။

Photo : ရိုက်စား - ရုပ်ရှင်ဇာတ်ကားကြီး FB Page

 

၁၉၉၄ ခုနှစ်မှာ နော်ရင်မွှေး ရုပ်ရှင်၊ ၁၉၉၈ ခုနှစ်မှာ ရွှေနံ့သာစံအိမ် ရုပ်ရှင်တို့နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုတွေ ရရှိခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာဟာ အခုချိန်ထိ အနုပညာလောကမှာ ထိပ်တန်းနေရာတစ်ခုကို ရရှိထားတဲ့ မင်းသမီးကြီးတစ်လက်ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မကြီးစိုးက စက်တင်ဘာလ ၂၁ ရက်မှာ ရုံတင်ပြသတော့မယ့် ဒါရိုက်တာ မိုက်တီးရဲ့ ရိုက်စား ရုပ်ရှင်ကားမှာ ပြေတီဦးနဲ့အတူ သရုပ်ဆောင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က