ထပ်မမှားအောင် နေတယ်။

အဆိုတော်မိုးမိုးကတော့ ချစ်စရာကောင်းတဲ့ သမီးလေး မိုးအိမ်မက်လွှာရဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ လက်ရှိ သူပိုင်ဆိုင် ထားတဲ့ မိသားစု ဘဝလေးကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Photo: Moe Moe Facebook

 

အဆိုတော် မိုးမိုး နဲ့ ဇနီးဖြစ်သူ မြတ်ပီတိမိုး တို့ရဲ့ တစ်ဦးတည်းသော သမီးလေး မိုးအိမ်မက်လွှာကတော့ အခုဆိုရင် အသက် ၆ လကျော် ပြီလို့  သိရပါတယ်။ သမီးလေးကိုတော့ ပထမအိမ်ထောင်နဲ့ ရရှိခဲ့တဲ့ သားလေးတွေနဲ့ မိတ်ဆက်ပေးနိုင်ဖို့ ကြိုးစားနေတယ် ဆိုတာကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' သမီးလေးက အခုဆိုရင် ၆ လကျော်သွားပါပြီ။ မိုးအိမ်မက်လွှာ လို့ နာမည်ပေးထားပါတယ်။ ကြာသာပတေးသမီးလေးပါ။ မကြာခင်မှာလည်း သူ့အစ်ကိုတွေနဲ့ တွေ့ပေးဖို့ ကျွန်တော် ကြိုးစားနေရပါတယ်။ အရင်က ကျွန်တော့်အမှားတွေက ခွင့်လွှတ်နိုင်တဲ့ အနေအထားတစ်ခုဖြစ်အောင် ကြိုးစားတယ်။ အဲ့ဒီအတွက် လက်ရှိအမျိုးသမီးကလည်း အရမ်းပံ့ပိုးပေးတဲ့အတွက်  ပျော်ရပါတယ်''လို့ ဆိုပါတယ်။

Photo: Moe Moe Facebook

သမီးလေးရွေးပေးခဲ့တဲ့ ထီလက်မှတ်က ထီပေါက်ခဲ့တဲ့ မိုးမိုး 

မိုးမိုးဟာ ဒုတိယအိမ်ထောင် မထူခင်အချိန်အတွင်းမှာတော့ မိသားစုအပေါ် ခွင့်မလွှတ်နိုင်တဲ့ အမှားတွေ လုပ်ခဲ့တဲ့အတွက်  စက်တင်ဘာလ ၁၅ ရက်နေ့က စိုင်းစိုင်းရဲ့ တစ်ကိုယ်တော်ရှိုးပွဲအတွက် စာနယ်ဇင်းအသိပေးပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။မီဒီယာတွေက နေတဆင့် တောင်းပန် စကားဆိုခဲ့ပါတယ်။

'' ကျွန်တော် ဖြစ်ချင်တာလေးတွေ ဖြစ်လာဖို့ နီးစပ်လာလို့ပါ။ အရင်တုန်းကဆို ကျွန်တော် အမှားတွေအများ ကြီးလုပ်ခဲ့ဖူးတယ် အားလုံးလည်း သိမှာပါ အဲ့ဒီအတွက် သက်ဆိုင်သူတွေကိုရော၊ ပရိသတ်တွေကိုရော ကျွန်တော် တောင်းပန်ပါတယ်။ ထပ်ပြီးမမှားအောင် ကျွန်တော် ကြိုးစား နေပါတယ်။ လမ်းဆက်လျှောက်တဲ့ နေရာမှာ မှန်မှန်ကန်ကန်နဲ့ လျှောက်နိုင်လာတဲ့အတွက် ပျော်ရွှင်လာတယ်လို့ ကျွန်တော် ထင်ပါတယ်'' လို့ ဆိုပါတယ်။

Photo: Moe Moe Facebook

 

အမှားကို သိပြီး အမှန်မြင်ဖို့ ကြိုးစားနေတဲ့ မိုးမိုးဟာ သူ့ကိုယ်သူ စိတ်ဓာတ်မကျအောင်လည်း ကြိုးစားနေထိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိ ပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကိုလည်း ပျော်ပျော်ရွှင်ရွှွင်ဖြတ်သန်းနေတယ် လို့လည်း မိုးမိုးက ပြောပါတယ်။ အခုဆိုရင်တော့ အရက်ရော၊ ဆေးလိပ်ရော ဖြတ်လိုက်ပြီလို့ သိရပါတယ်။

'' ကျွန်တော်အခုဆိုရင် ဆေးလိပ်ကိုလည်း ဘုရားလှူလိုက်ပြီ၊ အရက်ကိုလည်း ဘုရားလှူလိုက်ပြီ မကောင်းတဲ့ အရာမှန်သမျှ ဘုရားလှူကြတဲ့ သဘောအတိုင်းပဲ စိတ်ဓာတ်ကျခြင်းကိုလည်း ကျွန်တော် ဘုရားလှူထားတယ်။ စိတ်ဓာတ်ကျလာရင် အရက်သောက်မိမှာ စိုးတဲ့အတွက် စိတ်ဓာတ်မကျဘူးကွာ ဆိုပြီးတော့ ဖြတ်သန်းရတယ်။ အင်မတန်မှ ခက်ခဲပါတယ်'' လို့ ပြောပါတယ်။

Photo: Moe Moe Facebook

 

အဆိုတော်မိုးမိုးဟာ သူ့ရဲ့တစ်ကိုယ်တော်တေးစီးရီးကိုအတီးပိုင်းတွေပြန်လုပ်ရမှာဖြစ်တဲ့အတွက်သိပ်မကြာဘူးလို့ဆိုပါတယ်။သီချင်းပုံစံ တွေ ကလဲ ပျော်စရာတွေ၊ စိတ်ညစ်စရာအကြောင်းတွေပါဝင်တာကြောင့် ကိုယ်ပိုင်ခံစားချက်မဟုတ်ပဲ ပရိသတ်တွေ အတွက်သာ ဖန်တီးထားတာ ဆိုပြီးတော့လည်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 

Share

Loading Next Article...
က္က