အခုတော့ ပျော်စရာမကောင်းတော့ဘူး။

စိုင်းသီဟကတော့ လက်ရှိမှာ ဗီဒီယိုဈေးကွက် အနေအထားတွေ အဆင်မပြေတာကြောင့် သိုင်းသင်တန်းနဲ့အတူ တခြား စီးပွားရေး တွေ ဆောင် ရွက်နေတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်ရဲမင်းပိုင်တစ်ယောက် အမေရိက ကို ပြန်သွားရတဲ့အကြောင်းကိုလည်း ဆက်လက် ပြောပြထားပါတယ်။

Photo: စိုင်းသီဟဖေ့စ်ဘွတ်

 

အက်ရှင်ဇာတ်ကားတွေမှာဆိုရင် လူကြမ်းနေရာမှာ မပါမဖြစ် ပါခွင့်ရခဲ့တဲ့ သရုပ်ဆောင် စိုင်းသီဟ ကတော့ သရုပ်ဆောင် ရဲမင်းပိုင် မြန်မာ ပြည် ကို ပြန်လာတဲ့အချိန်မှာ ဇာတ်ကားတွေ အများကြီးရိုက်မယ်လို့ စိတ်ကူးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိ ဈေးကွက်အနေအထား ကြောင့် ရဲမင်းပိုင်က အမေရိကကို ပြန်သွားတာဖြစ်မယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

'' ကိုရဲ ပြန်လာတုန်းကတော့ တော်တော်လေးကို တွေးထားကြတာပေါ့နော်၊ အကြီးကြီးလုပ်မယ်၊ ကားကြီးတွေလည်းရိုက်မယ် ၊ ဗီဒီယို တွေ လည်း ရိုက်မယ်ပေါ့။ လောလောဆယ် ဈေးကွက်ပျက်နေတော့ သူလည်း ဈေးကွက်ပျက်လို့ စိတ်ပျက်သွားတာ ဖြစ်ပါလိမ့်မယ်။ အက်ရှင်ကား တွေလည်း ရိုက်ချင်ပေါ့ ဒါပေမယ့် လက်ရှိ ဈေးကွက်အပေါ် အားမရ ဖြစ်သွားတာနဲ့တူပါတယ်'' လို့ ဆိုပါတယ်။

Photo: စိုင်းသီဟဖေ့စ်ဘွတ်

 

ကိုရဲမင်းပိုင်နဲ့ ပြန်ဆုံတဲ့ အချိန်မှာလည်း တစ်ချိန်က ရိုက်ကွင်းအမှတ်တရတွေကို သတိရတယ်လို့ စိုင်းသီဟက ဆိုပါတယ်။ စည်းစည်းလုံးလုံး၊ ပျော်ပျော် ပါးပါး ဇာတ်ကား အတူတူ ရိုက်ခဲ့တဲ့ သူတွေက အခုတော့ ဝေးကွာခဲ့ကြပြီ ဆိုပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့က အရုပ်ကျရာ ဆေးစက်ထင် ရုပ်ရှင်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' အရင်တုန်းက ရှုတင်မှာ ကဲကြတယ်၊ ပျော်ကြတယ်၊ ဆော့ကြတယ်။ အကုန်လုံးက ကလေးတွေလိုပဲ သူ့ကို ကိုယ်နောက်၊ ကိုယ့်ကို သူနောက် သဘောပဲ ပျော်ပျော်ပါးပါးနေကြတာပါ။ ဗီဒီယို လောက၊ ရုပ်ရှင်လောက နည်းနည်းပါးသွားတော့ တစ်ယောက်နဲ့ တစ်ယောက် ဝေးသွားကြ တာပေါ့နော်'' လို့ ပြောပါတယ်။

မိသားစုဆီ ပြန်သွားပြီဆိုတဲ့ ရဲမင်းပိုင် 

ဗီဒီယိုဈေးကွက်ပျက်သွားတဲ့ အချိန်မှာတော့ ဇာတ်ကားရိုက်ကူးရမှုတွေလည်း သိပ်မရှိတော့ဘူးလို့ဆိုပါတယ်။ ဒါကြောင့် သိုင်းသင်တန်း တစ်ခု ဖွင့်ထားသလို တခြားစီးပွားရေးတွေကိုလည်း အခွင့်အရေးရရင် ရသလို ဆောင်ရွက်နေတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

'' တခြားအပြင်စီးပွားရေးအနေနဲ့ကတော့ သီချင်းဖျော်ဖြေပွဲတွေသွားတယ်။ ကိုယ်နိုင်တဲ့အချိန်လေးမှာ သိုင်းသင်တန်းပေးတာတွေရှိတယ်။ ပြီးတော့ အရောင်းအဝယ်လေးတွေလုပ်တယ်။ တစ်ခါတလေတော့ စိတ်ပျက်စရာကောင်းတာပေါ့ဗျာ။ ဒါပေမယ့် ပျော်ဖို့ကောင်းတာ ထက်စာရင် ပျော်ဖို့ကောင်းတာက များတယ်'' လို့ ဆိုပါတယ်။

Photo: စိုင်းသီဟဖေ့စ်ဘွတ်

 

စိုင်းသီဟ ကိုတော့ အက်ရှင် ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ သတိထားမိခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် ရဲမင်းပိုင်နဲ့ အတူ တွဲပြီးရိုက်တဲ့ ဇာတ်ကားက ပိုများပါတယ်။ သရုပ်ဆောင် ရဲမင်းပိုင် မြန်မာပြည်ကို ခဏပြန်ရောက်လာချိန်မှာလည်း အတူတွဲ ဇာတ်ကား အတူတူ ရိုက်ခဲ့ကြပါသေးတယ်။

 

Share

Loading Next Article...
က္က