ဒုဌဝတီကို လွန်၍ အဖွဲ့သားတွေနဲ့ အတူ သွားရောက်ခဲ့တာပါ။

အဆိုတော် လေးဖြူဟာ ဒုဌဝတီကို လွန်၍ ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ စင်ကာပူနိုင်ငံက မြန်မာပရိသတ်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကား အောင်မြင်မှုကိုလည်း အခုလို ပြောပြလာပါတယ်။

 

အဆိုတော် လေးဖြူက ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားအဖွဲ့သားတွေနဲ့အတူ စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ၅ ရက်အကြာ အလည်အပတ် ရောက်ရှိသွားခဲ့ပါတယ်။ ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေ အားပေးကြတဲ့အတွက်လည်း ဝမ်းသာနေတယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။



'' ကျွန်တော် ဒီလိုမျိုးပွဲလည်း တစ်ခါမှ မလိုက်ဖူးပါဘူး။ ထုတ်လုပ်ရေးက လူတွေနဲ့လည်း အရင်ကတည်းက ခင်တာဆိုတော့ ဒီဇာတ်ကားစရိုက် ကတည်းက ဝိုင်းကူညီကြတာပေါ့နော်။ စင်ကာပူမှာလည်း ပြခွင့်ရတယ်။ ပရိသတ်တွေအနေနဲ့ကလည်း သက်သောင့်သက်သာ ကြည့်ရတယ် ဆိုတော့ ဝမ်းသာပါတယ်။ လက်မှတ်ရောင်းအားကလည်း ကောင်းတယ်ပြောတယ်'' လို့ ဆိုပါတယ်။

အစားအသောက်နဲ့ဘဲ ခန္ဓာကိုယ်ထိန်းထားတယ်ဆိုတဲ့ နိုင်းနိုင်း 

 

ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိက ဇာတ်ဝင်တေးသီချင်းဖြစ်တဲ့ ဒုဌဝတီကို လွန်၍ သီချင်းကလည်း အောင်မြင်မှုတွေရရှိခဲ့ ပါသေးတယ်။ ဒီ သီချင်းကိုလည်း လူငယ်ပရိသတ်တွေ အားပေးကြတဲ့အကြောင်း လေးဖြူက ဆက်လက်ပြောပြခဲ့ပါတယ်။

'' ဇာတ်ဝင်ခန်းထဲက သီချင်းတွေကို ကလေးတွေ တော်တော်များများ ကြိုက်ကြတယ်ပြောတယ်။ ကျွန်တော်လည်း ကြိုက်တယ် ဒီသီချင်းလေး ကို။ ဒီသီချင်းကလည်း နဂိုစပြီးရေးတဲ့ တေးရေးရဲ့ Mood အတိုင်းပဲ IC Band ကပဲ Update လုပ်ယူထားတာပေါ့နော်။ Melody က အစ ဘာ တစ်လုံးမှ မပြင်ထားဘူး'' လို့ သူကပြောပါတယ်။

 

ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံအတွင်းမှာလည်း အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာပရိသတ်တွေကလည်း အားပေးမှုများစွာ ရှိခဲ့ပါတယ်။လေးဖြူဟာ ဇာတ်ဝင်တေးသီချင်းနဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုလိုက်ဖက်အောင် တေးဂီတပိုင်းမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

'' သီချင်းရဲ့ အကြောင်းအရာလေးကလည်း အရင်ကတည်းက ကြားဖူးနေတာလည်းပါတယ်။ ပြီးတော့ ဇာတ်ညွှန်းကလည်း ပြောပြထားပြီးသား ဆိုတော့လေ'' ဆိုပြီးတော့ ဒုဌဝတီကို လွန်၍ အဖွဲ့သားတွေနဲ့အတူ စင်ကာပူနိုင်ငံက ခရီးစဉ်ရောက်ရှိနေချိန်မှာ  စက်တင်ဘာလ ၁၅ ရက်နေ့က Duwun Media ကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

 

ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အာကာက ရိုက်ကူးထားတာဖြစ်ပြီး နိုင်းနိုင်း၊ အမွန်း၊ ဇော်ဇော်အောင်၊ နော်အောင်၊ Joe Moreira နဲ့ ဆန်းထွဋ် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ နောက်ခံ တေးသီချင်းကိုတော့ အဆိုတော် လေးဖြူက သီဆိုတာဖြစ်ပြီး Ic Band က တီးခတ်ပေးထားတာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က