သူချစ်ကို ပိုင်ဆိုင်ထားတဲ့ အကြောင်း။

သာယာပြီး ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဆုပန်ထွာကတော့ သူချစ်ကို ရှာထားလို့ အေးအေး ချမ်းချမ်း နေရတယ်လို့ဆိုပါတယ်။ ခင်ပွန်းဖြစ်သူ ပြောပြောနေကြ စကားကိုလည်း သူကဆက်လက် ပြောပြ လာပါတယ်။



 

သရုပ်ဆောင် ဆုပန်ထွာတို့ မိသားစုဘဝလေးကိုတော့ အားကျရတဲ့ ပရိသတ်တွေအများကြီးပါ။ သူ့အနေနဲ့  စိတ်ချမ်းသာစရာကောင်းတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုထားပေမယ့် သူချစ်ကို ရှာခဲ့တာကြောင့် စိတ်ချမ်းသာတဲ့ အ ကြောင်း Duwun Media ရဲ့ သီးသန့်် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' မိန်းကလေးကတော့ ကိုယ်ချစ်ကို မရှာတာအကောင်းဆုံးပဲ။ သူချစ်ကို ရှာတာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ချစ်စရာမလို ဘူးလေ။ မမကို ကိုဥက္ကာ ချစ်ခွင့်ပန်တော့ သူ့ကို မချစ်နိုင်ပါဘူး ငြင်းတုန်းက အစ်မကို သူ အဲ့ဒီလို ပြောဖူးတယ်။ မီးမီးက ပြန်ချစ်ဖို့မလိုဘူး ကိုကိုချစ်တာပဲခံ ပြန်ချစ်ဖို့မလိုဘူးလို့ သူပြောဖူးတယ်'' လို့ဆိုပါတယ်။

Photo: Su Pan Htwar Facebook

ခင်ပွန်းဖြစ်သူကိုပါ ဘာသာရေးကိုင်းရှိုင်းအောင် ပြုလုပ်နိုင်တဲ့ ဆုပန်ထွာ 

သရုပ်ဆောင်ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့မှာတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သူတို့ နှစ်ယောက် ရဲ့ အိမ်ထောင်ရေးကိုတော့ အခက်အခဲတွေကြားက ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေ ကြားကနေ အခုလို အဆင်ပြေပြေ နေရတဲ့ အချိန်ထိ ခင်ပွန်းဖြစ်သူ ပြောနေကြ စကားကိုလည်း သူကပြောပြလာပါတယ်။

'' သူ အစ်မကို ပြောတာတွေ များလွန်းလို့ တစ်ခါတလေကျရင် မမက ယောကျ်ားလိုပဲ၊ သူက မိန်းကလေးလိုပဲ တစ်ခုချင်းလိုက်ပြောတာ။ တစ်ခါတလေကျရင် သူကအမြဲတမ်းပြောတယ် ငါက ချစ်ရတဲ့အခါကျတော့ ငါပင်ပန်းတယ်တဲ့။ သူအမြဲပြောတယ်ပေါ့နော်'' ဆိုပြီးတော့ သြဂုတ်လ ၃၁ ရက်နေ့က နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်ကားအထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

 

ဆုပန်ထွာဟာ အိမ်ထောင်ပြုပြီးတဲ့နောက်မှာလည်း အနုပညာအလုပ်တွေလည်း ဆက်တိုက် ဆောင်ရွက် နေရတာဖြစ်ပါတယ်။ သူ့အနေနဲ့ အိမ်ထောင်သည်တစ်ယောက်ဆိုပေမယ့် အိမ်ရှင်မအလုပ်တွေကိုလည်း သီးသန့် လုပ်စရာ မလိုဘူးလို့ ဆက်လက်ပြောပြလာပါတယ်။

'' အခုချိန်ထိလည်း မမက အိမ်ထောင်သည်တစ်ယောက်လိုမျိုး၊ သူ့ကိုလည်း ယောကျ်ားတစ်ယောက်လိုမျိုး ပြုစုရတာတို့ ထမင်း ခူးခပ်ကျွေးရ တာ တို့ ၊ ရေချိုးရင် သဘက်ကလေးနဲ့စောင့်ရတာမျိုးတို့ မမ အဲ့ဒီလို တစ်ခါမှ မလုပ်ပေးဖူးဘူး။ အပျိုလိုပဲ နေတာပဲ အမှန်တော့ မိန်းကလေး ဆိုတာ သူချစ်ကို ယူတာ အကောင်းဆုုံးပဲ'' လု့ိ သူကဆိုပါတယ်။

Photo: Su Pan Htwar Facebook

 

ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့ စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က