မနာလိုမှုမရှိချင်ဘူးတဲ့။

ဂီတလောကမှာ တမူထူးခြားတဲ့ ဂီတဖန်တီးမှုတွေကြောင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ အဆိုတော် ဝေလဟာ ဂီတလောကမှာ နာမည်ပျက်မရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း လူတိုင်းအပေါ်မှာ အတတ်နိုင်ဆုံး မနာလိုမှု ရှင်းရှင်းနဲ့ ကိုယ့်အလုပ်ကို လုပ်ပြီး အတတ်နိုင်ဆုံး လူကောင်းဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Photo: Wai La Facebook

 

ဂီတလောကမှာ တမူထူးခြားတဲ့ ဂီတဖန်တီးမှုတွေကြောင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ အဆိုတော် ဝေလဟာ ဂီတလောကမှာ နာမည်ပျက်မရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း လူတိုင်းအပေါ်မှာ အတတ်နိုင်ဆုံး မနာလိုမှု ရှင်းရှင်းနဲ့ ကိုယ့်အလုပ်ကို လုပ်ပြီး အတတ်နိုင်ဆုံး လူကောင်းဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

"သူတော်ကောင်းတော့ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံးလူကောင်းဖြစ်အောင် ကြိုးစားတယ်။ အတက်နိုင်ဆုံး မနာလိုမှု ရှင်းရှင်းနဲ့ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ကိုယ်လုပ်တဲ့ သီချင်းလေးတွေအပေါ်မှာလည်းအဲ့လိုပါပဲ။ ပြီးတော့ ကျွန်တော့်က ပတ်ဝန်းကျင် နည်းနည်း နည်းတယ်။ အဲ့အပေါ်မှာလည်း ကျွန်တော် သာသာယာယာပဲနေတယ်။အေးအေးဆေးဆေးပဲ နေပါတယ်။" လို့ သူက စက်တင်ဘာ(၁၈) ရက်နေ့က ပြုလုပ်တဲ့ Live in 360 ပွဲမှာ  မီဒီယာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo: Wai La Facebook

 

ပရိသတ်တွေအတွက် စင်မြင့်ပေါ်မှာ သီချင်းတွေနဲ့ အကောင်းဆုံး ဖြစ်အောင် ဖျော်ဖြေတတ်ပေမယ့် တကယ်တမ်းမှာ သူဟာ လူကြောက်တတ် တဲ့ သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်အရမ်းခင်တဲ့ အနုပညာညီအမတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း လူရှေ့မှာ နေရတာထက် လူရှင်းတဲ့နေရာမှာ နေတတ်တယ်။ လူကြောက်တဲ့ သဘောရှိတယ်။ လူကြောက်တဲ့သူကလည်း သီချင်းဆိုတဲ့သူဖြစ်နေတော့ အတတ်နိုင် ဆုံးတော့ အေးအေးဆေးဆေး ဖြစ်အောင်နေပါတယ်။ အဓိကတော့ ကိုယ့်သီချင်းလေးနဲ့ ကိုယ့်ဘာသာကိုယ် ဘာလေးတွေလုပ်မလဲဆိုတဲ့ အတွေးလေးနဲ့ သွားဖြစ်ပါတယ်။။ လူကြောက်တယ်ဆိုတာက ပွဲတွေဘာတွေမှာ ရှေ့ဆုံးခုံထိုင်ရတာတို့ ဘာတို့ဆိုရင် မနေတတ်ဘူး။ လူကြောက်ပြီးအဆိုတော်ဖြစ်နေတာကလည်း မပြောတတ်ဘူး။ အဓိကတော့ ဝါသနာနဲ့ ဆိုင်မယ်ထင်ပါတယ်" ဆိုပြီး ဝေလက ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Wai La Facebook

 

သူနေချင်တဲ့ Life Style လေးကလည်း အရမ်းကို ရိုးရှင်းလွန်းတာ တွေ့ရပါတယ်။

"ကျွန်တော့် Life ကတော့ ကိုယ့်သီချင်းလေးတွေကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်။ အသက်ကြီးသွားလို့ မလုပ်နိုင်တော့တဲ့ အချိန်ကျရင် လည်း သူများလုပ်ထားတဲ့ သီချင်းလေးတွေ ကိုယ်အရင်က လုပ်ထားတဲ့ သီချင်းလေးတွေကို အေးအေးဆေးဆေးနားထောင်ပြီး ဘဝကို ဖြတ်သန်းမယ်ပေ့ါ" ဆိုပြီး ပြောပြခဲ့ပါတယ်။

Photo: Wai La Facebook

 

အဆိုတော် ဝေလကတော့ ၁၉၈၂၊ မိတ်ကပ်မကြိုက်သောသူများ၊ အဓိပတိဖွား စတဲ့ တစ်ကိုယ်တော်အခွေ များနဲ့ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ကုတင်အမှတ် ၁၈ ဆိုတဲ့ မီနီအယ်လ်ဘမ်လေးကိုလည်း သူ့ရဲ့မွေးနေ့မှာထွက်ရှိထားသလို ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့က အတုများတဲ့မြို့ဆိုတဲ့ တစ်ကိုယ်တော်အခွေကိုလည်း ထွက်ရှိခဲ့ပါသေးတယ်။

၂၀၁၈ခုနှစ် စက်တင်ဘာ(၂၉) ရက်နေ့မှာလည်း ဝေလရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်တဲ့ "Live in 360" ပွဲကို ရန်ကုန်မြို့၊အမျိုးသားက ဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က