သားအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

ရွှေထူးကို ဝေဖန်ပြောဆိုနေကြတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး အရမ်းခံစားရတယ်လို့ ရွှေထူးရဲ့ မိခင် ဒေါ်ယဉ်ကျေးက ရင်ဖွင့် ပြောပြ လာ ပါတယ်။ သားဖြစ်သူက ဆိုးရွားတဲ့ ကိစ္စလည်း လုပ်ထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။



 

အဆိုတော် ရွှေထူးကို ပရိသတ်တွေ ပြောဆိုနေကြတဲ့အပေါ် မိခင်ဖြစ်တဲ့ ဒေါ်ယဉ်ကျေးက အရမ်းခံစားရတယ် ဆိုပြီးတော့ စက်တင်ဘာလ ၁၉ ရက်နေ့ က ရွှေထူးရဲ့ မွေးနေ့အလှူမှာ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။ ဒီ ကိစ္စမှာလည်း ရွှေထူးက ဆိုးဆိုးရွားရွား ကိစ္စတစ်ခု ကို လုပ်ထားတာ မဟုတ်ဘူးလို့လည်း ပြောပြခဲ့ပါတယ်။

'' ဒါကလည်း ဒီလိုလေးပေါ့ ရှေ့မှာလည်း အားလုံးက သိနေကြတာပဲလေ။ ဒီဟာပဲပေါ့ ဒီကိစ္စပေါ်မှာ မိခင်တစ်ယောက်အနေနဲ့ကတော့ ခံစားရ တာပေါ့။ ဒါပါပဲ။ မေတ္တာရပ်ခံ ချင်တာကတော့ မဆဲပါနဲ့ မပြောပါနဲ့ပေါ့နော်။ ရင်ထဲမှာအရမ်းခံစားရတယ်။ အန်တီ့သားက အရမ်းဆိုးဆိုး ရွား ရွား ကြီးလုပ်နေတာ မဟုတ်ဘူးလေ။ သူဟာ ယောကျ်ားပီပီသသနဲ့ အကုန်လုံးကို ပွင့်ပွင့်လင်းလင်းပြောပြီးတော့မှ သူလုပ်တာ'' လို့ သူကဆို ပါတယ်။

 

အဲ့ဒီနောက် သားဖြစ်သူ အဆိုတော်ရွှေထူးကိုလည်း တိရစ္ထာန်တွေနဲ့ ခိုင်းနှိုင်းပြောဆိုနေကြတာကိုလည်း တွေ့ရတဲ့အတွက် စိတ်မကောင်းဘူး လို့ဆိုပါတယ်။ ကိုယ်ချင်းစာတရား ထားတတ်ကြဖို့ကိုလည်း ဆက်လက်ပြောပြလာပါတယ်။

'' ငွေကြေးချမ်းသာတာ၊ ဆင်းရဲတာ စိတ်မဝင်စားဘူး။ အန်တီ စိတ်ချမ်းသာတာလေးပဲ လိုချင်တယ်။ စိတ်အေးအေးလေးပဲ နေချင်တယ်။ အခု အန်တီ့သားကို ကျွဲတွေ၊ နွားတွေ နဲ့ ဆဲကြဆိုကြတယ်။ သူတို့အမေတွေ၊ သူတို့ မိဘတွေကိုပြောရင် ဘယ်လို ခံစားရမလဲ ဆိုတဲ့ ကိုယ်ချင်းစာ တရားလေးပဲ မြင်ရင်ကျေနပ်ပါပြီ'' လို့ ဆိုပါတယ်။

သူပစ်သွားမယ်ဆိုရင်လည်း ချစ်တယ်လို့ ပြောလိုက်တဲ့ ရွှေထူး 

 

ဝေဖန်ပြောဆိုနေကြတဲ့ ပရိသတ်တွေ အများကြီးရှိတဲ့ အထဲကမှ အားပေးချစ်ခင်ကြတဲ့သူတွေ ရှိလို့လည်း ဝမ်းသာရတယ်လို့ဆိုပါတယ်။ ဝေဖန်နေတဲ့ ပရိသတ်တွေကလည်း သားကို ချစ်လွန်းလို့ ပြောတာကိုလည်း နားလည်ပေးတဲ့အကြောင်း ရွှေထူးရဲ့ မိခင် ဒေါ်ယဉ်ကျေးက ပြောပြလာပါတယ်။

'' အားပေးတဲ့ လူတွေကိုတော့ တအားချစ်တာပေါ့။ အန်တီ့အိမ်မှာ ထမင်းတောင် ခေါ်ကျွေးထားချင်တာ။ ချစ်တဲ့ ကလေးတွေ အကုန်သိပါ တယ်။ တချို့ပြောဆိုနေကြတဲ့ ကလေးတွေကလည်း သားကြီးကို ချစ်လွန်းလို့ ပြောကြတာ။ ဒါပေမယ့် သူတို့သည်လည်း ဦးနှောက်မရှိ အတွေး အခေါ် မရှိတဲ့ ကလေးတွေ မဟုတ်ဘူး၊ သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့ ပြောကြတာဖြစ်တဲ့အတွက် နောက်ကျရင် ဆက်ချစ် ပေးကြပါ'' လို့ ဆိုပါ တယ်။

 

ရွှေထူးဟာ စက်တင်ဘာလ ၁၉ ရက်နေ့က အသက် ၂၆ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ကိုတော့ ၈၉ မိုင်မှာရှိတဲ့ မိဘမဲ့ ကလေးများ ဂေဟာမှာ အလှူအတန်းတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီမွေးနေ့ အလှူကို ရွှေထူးရဲ့ မိသားစုဝင်တွေ၊ အမာခံပရိသတ်တွေနဲ့အတူ ချစ်သူလေး ရွှေမှုန်ရတီတို့က လည်း ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က