ဘယ်လို ကွဲပြားသွားမလဲ။

သားငယ်ဟာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာပေမယ့်လည်း အကြော်သည်ဘဝကို မစွန့်လွှတ်ဘူးလို့ဆိုပါတယ်။ တစ်ချိန် က အကြော်သည်တစ်ယောက်နဲ့ လက်ရှိ အောင်မြင်တဲ့အဆိုတော် တစ်ယောက်ရဲ့ ကွဲပြားသွားတဲ့ ခံစားချက် တွေကို လည်း အခုလို ရင်ဖွင့်ပြောပြ လာပါတယ်

Photo: သားငယ်ဖေ့စ်ဘွတ်

 

အဆိုတော် သားငယ်ဟာ လက်ရှိမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်နေပေမယ့်လည်း အကြော်သည် တစ်ယောက်အဖြစ်ဆက်လက် ရပ်တည် နေတုန်းပဲလို့ဆိုပါတယ်။ အဆိုတော် ဖြစ်လာလို့လည်း အကြော်သည်ဘဝကို မစွန့်လွှတ်ဘူးလို့ Duwun Media ကနေတဆင့်ပြောပြခဲ့တာဖြစ်ပါ တယ်။

'' အကြော်လုပ်ငန်းဆိုတာက ကျွန်တော့်အဖေရဲ့ လုပ်ငန်းမှာ ကျွန်တော့်မိန်းမက တစ်နေ့ကို တစ်ပြည် ၆၀၀၊ ၁၀ပြည် ၆၀၀၀ နဲ့ အလုပ်လုပ် ရတဲ့ အလုပ်သမားပါ။ အဲ့ဒါက အဖေ့ဆိုင် ကျွန်တော့်ဆိုင် မဟုတ်ဘူး။ ကျွန်တော်က အကြော်သည် အကြော်ဆိုင်ပိုင်ရှင်မဟုတ်ဘူး။ ကျွန်တော် အဆိုတော်ဖြစ်လို့ ဝဲပစ်လိုက်ဆိုတော့လည်း ဘယ်သူက ဝဲမှာလဲ။ ဒီအတိုင်းပဲ ဆက်ဖြစ်နေတာပေ့ါနော်''လို့ ဆိုပါတယ်။

Photo: သားငယ်ဖေ့စ်ဘွတ်

 

သားငယ်ဟာ မကြာခဏဆိုသလို အကြော်ကြော်နေတဲ့ ဓာတ်ပုံတွေကိုလည်း ပရိသတ်တွေဆီ ပြန်လည် မျှဝေလေ့ရှိပါတယ်။ လက်ရှိပိုင်ဆိုင် ထားတဲ့ မိသားစုလေးကလည်း စိတ်အေးအေးချမ်းချမ်းရှိတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

'' အိမ်ပြန်ရင်တော့ ပုံတင်ဖြစ်တယ်ဆိုတာကတော့ အပျော်သဘောပါ။ ဘာပဲပြောပြောမိန်းမကလည်း ပျော်တယ်၊ ငွေလည်းရတယ်၊ သူယောကျ်ားကလည်း အနေအထား တစ်ခုခု ရှိတယ်ဆိုတော့ မပျော်စရာအကြောင်းတော့ မရှိပါဘူး သူလည်းပျော်ပါတယ်'' လို့ စက်တင်ဘာလ ၁၈ ရက်နေ့က Wai La Live In 360 စာနယ်ဇင်း အသိပေးပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: သားငယ်ဖေ့စ်ဘွတ်

အေးတူပူသမျှ ခံစားပေးတဲ့ ချစ်ဇနီးကြောင့် ပျော်နေရတဲ့ သားငယ် 

အကြော်သည်တစ်ယောက်ကနေ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာတဲ့ သားငယ်ရဲ့ ရင်ထဲက ခံစားချက်ကိုလည်း အခုလိုပြောပြ လာပါတယ်။ စိတ်ရှုပ်စရာ အနည်းနဲ့အများအပေါ်မှာလည်း အေးအေးဆေးဆေးပါပဲ လို့ သူကဆိုပါတယ်။

'' စိတ်ရှုပ်စရာတော့ ဖြစ်စေတယ်။ အရင်က တစ်နေ့ကို ပိုက်ဆံ ၆၀၀၀၊ ၇၀၀၀ လောက်ပဲ ရှာနိုင်တာ အခုဆို ပိုရှာနိုင်တယ်။ စိတ်ရှုပ်ရ တာကလည်း အနည်းနဲ့အများရှိတာပဲ။ ကျားကြီး ခြေရာကြီးဆိုသလိုပေါ့။ ဒါကတော့ ဖြစ်တတ်ပါတယ်လေ။ အေးဆေးပါ'' ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: သားငယ်ဖေ့စ်ဘွတ်

 

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ "လမ်းကလေး" လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဟာလည်း ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။အဲ့ဒီအခွေလေးဟာ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။

 

Share

Loading Next Article...
က္က