အားနည်းချက်တွေကိုလည်းပြောပြထားပါတယ်။

အသက် ၂၀ အရွယ်မှာ အရပ် ၆ ပေ ၅ လက်မအရပ်ကို ပိုင်ဆိုင်ထားတဲ့ ထက်ဦးထွဋ်ရဲ့ အားသာချက် အားနည်းချက်တွေကို ပြောပြလာ ပါတယ်။ အရပ်ရှည်တဲ့အတွက် သူငယ်ချင်းတွေရဲ့ ဘေးဖယ်ထားခြင်းကိုလည်း ခံခဲ့ရသလို အရပ်ရှည်တဲ့အတွက် နိုင်ငံတကာ ထိုးဖောက်လို့ ရတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

Photo: ထက်ဦးထွဋ်ဖေ့စ်ဘွတ်

 

ပရိသတ်အချစ်တော် ထက်ဦးထွဋ် ဟာ အရပ် ၆ ပေ ၅ လက်မရှိတဲ့အတွက် အရပ်ရှည်သူတစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြောပြလာပါတယ်။ သူ့ရဲ့ အသက်ကတော့ ၂၀ ဖြစ်ပါတယ်။ သူ့အရပ်နဲ့ ပတ်သက်ပြီး အသက် ၁၆၊ ၁၇ နှစ် နောက်ပိုင်းမှာမှ သိသိသာသာ အရပ်ရှည်လာတယ်လို့ Duwun media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကြုံတွေ့ရတဲ့ အခက်အခဲကတော့ အများကြီးပါပဲ၊ ဥပမာ ကားစီးတာတို့ပေ့ါ Bus Care တွေ စီးရင် မရဘူး။ ပြန်ထွက်တဲ့အခါကျရင် ဒူးခေါင်း ညှပ်တာတို့၊ ပြီးတော့ လက်တမ်းတွေ ဆိုရင်လည်း ခေါင်းငုံ့ရတာတို့ရှိတယ်။ အပြင်တွေသွားရင်လည်း သူများတွေက အောက်ကြည့်လျှောက်ရ တယ်၊ ကျွန်တော်ကတော့ အပေါ်ကြည့်လျှောက်ရတယ်။ တိုင်တွေနဲ့ တိုက်မလား၊ ကြိုးတွေနဲ့ ငြိမလားဆိုတဲ့ စိုးရိမ်စိတ်လေးတော့ ရှိတာပေါ့'' လို့ ဆိုပါတယ်။

Photo: ထက်ဦးထွဋ်ဖေ့စ်ဘွတ်

 

အရပ်ရှည်တဲ့သူဖြစ်တစ်ယောက်ဖြစ်တဲ့ ထက်ဦးထွဋ်က ဒီအရပ်ရှည်တဲ့အတွက်ကြောင့်ပဲ စိတ်မကောင်းစရာတွေလည်း ကြုံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ အရင်ကဆို အရပ်ရှည်လိ့ု သူငယ်ချင်းတွေရဲ့ ဘေးထုတ်တာ ခံခဲ့ရတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

'' အပြင်သွားရင် ကျွန်တော့်ကို အမြဲဘေးထုတ်ထားတယ်။ သူတို့နဲ့ အတူတူမလျှောက်နဲ့ ဆိုပြီး ပြောတာပေါ့။ အစပိုင်းကတော့ ဝမ်းနည်း တာပေါ့။ ငါအရပ်ရှည်တာ မကောင်းပါလား ဆိုပြီးတော့ ကိုယ့်ကိုယ်ကို တောင်အပြစ်တင်လိုက်သေးတယ်။ နောက်ပိုင်းကျတော့လဲ အနုပညာ အလုပ်လုပ်တဲ့အခါ အားသာချက်တစ်ခုအဖြစ် ရှာတွေ့သွားတယ်'' လို့ သူကဆိုပါတယ်။

Photo: ထက်ဦးထွဋ်ဖေ့စ်ဘွတ်

ဇာတ်လမ်းတွဲမရိုက်ဖြစ်လို့ ပရိသတ်မုန်းတာခံရတဲ့ ထက်ဦးထွဋ်  

ထက်ဦးထွဋ်အနေနဲ့ အရပ်ရှည်တဲ့ သူတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြခဲ့ပြီး အရပ်ရှည်သူ့အတွက် အားသာချက်ကို လည်း ဆက်လက်ပြောပြလာပါတယ်။

'' အရပ်ရှည်တဲ့အရာကတော့ ကောင်းတယ်လို့ထင်တာပဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာကိုလည်း သွားလို့ရတယ်။ International မှာလည်း ထိုးဖောက်လို့ရတယ်။ ပြီးတော့ အမြင့်က ပစ္စည်းတွေ ဘာတွေ ယူတာလည်းကောင်းတယ်။ အမေဆို သူမမှီတဲ့ အရာတွေကို ခေါ် ခေါ်ပြီး ယူခိုင်းတတ်တယ်''လို့ ဆိုပါတယ်။

Photo: ထက်ဦးထွဋ်ဖေ့စ်ဘွတ်

 

ထက်ဦးထွဋ်ဟာ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးခြင်းခံနေရတဲ့ အနုပညာရှင်အသစ်တစ်ယောက်ပါ။ နိုင်ငံတကာက Misters ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ဖူးသူဖြစ်ပြီး ဆုတွေလည်း ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က