သူ့ရင်ထဲက ခံစားချက်ကို ပြောလာပါတယ်။

ဦးမင်းဇော်ကတော့ သမီးချောလေး သွန်းပိုးအိမ်ကြောင့် ယောက္ခမ အခေါ်ခံနေရပြီလို့ သိရပါတယ်။ သူ့ရဲ့ သမီးလေးကတော့ အခုဆိုရင် ဂီတလမ်းကြောင်းပေါ် ရောက်ဖို့ အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo: သွန်းပိုးအိမ်ဖေ့စ်ဘွတ်

 

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် မင်းဇော်မှာ လှပပြီး ချစ်စရာကောင်းတဲ့ သမီးလေး သွန်းပိုးအိမ်တစ်ယောက်ရှိပါတယ်။ ဒီသမီးလေးကြောင့်ပဲ ယောက္ခမတော်ချင်ကြတဲ့ ယောကျ်ားလေးတွေ ရှိတယ်လို့ သိရပါတယ်။ အပြင်မှာ တွေ့ရင်တောင် ယောက္ခမလို့ ခေါ်တာ ခံနေရပြီဆိုတာကို Duwun  Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဒါကတော့ နားရည်ဝနေပြီ။ စင်ပေါ်မှာ ကနေလည်း အောက်ကနေ အော်ပြောနေကြတာပဲ ပရိသတ်တွေရဲ့ သဘောတရားကိုလည်း နားရည် ဝနေပြီ။ ဒါက အပျော်သဘောပဲလေ။ ဒါတွေကလည်း သူတို့က ချစ်လို့ စတာဆိုတော့ အပျော်သဘောပဲ'' ဆိုပြီးတော့ ဇာတ်ပို့ သရုပ်ဆောင် မင်းဇော်က ပြောပြလာပါတယ်။

Photo: သွန်းပိုးအိမ်ဖေ့စ်ဘွတ်

သွန်းပိုးအိမ်ဟာ အနုပညာနဲ့ ပတ်သက်ပြီး သီချင်းဆိုတာကို ဝါသနာပါတယ်လို့ သိရပါတယ်။ အခုချိန်မှာလည်း ဂီတလမ်းကြောင်းပေါ် လျှောက်ဖို့ လိုအပ်ချက် တွေကို ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။

'' ကိုယ်တိုင်ကတော့ အနုပညာအလုပ်တွေကို ဟိုးငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။ ကျန်တာလည်း ဝါသနာပါတာ မဟုတ်ဘူး အနုပညာတစ်ခုတည်းကိုပဲ ဝါသနာပါတာဆိုတော့ ကိုယ်ဝါသနာပါတဲ့ အရာကလည်း ဖြစ်လာဖို့ အခွင့်အရေးတွေ ရှိတဲ့အတွက် ဝမ်းသာ ပါတယ်၊ ကိုယ့်ကိုယ်ကိုလည်း ကံကောင်းတယ်လု့ိ ထင်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: သွန်းပိုးအိမ်ဖေ့စ်ဘွတ်

 

သွန်းပိုးအိမ်ဟာ ဂီတနဲ့ ပတ်သက်ပြီး Myanmar Idol မှာလည်း သီချင်းဆိုပြိုင်ပွဲဝင်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ အသံ အနေအထားကြောင့် အဆိုတော် ယုန်လေးကလည်း ချီးကျူးစကားပြောခဲ့ပြီး ကိုယ်ပိုင်သီချင်းရေးပေးဖို့ကိုလည်း ပြောပြခဲ့ဖူးပါတယ်။ အခု လက်ရှိမှာလည်း သွန်းပိုးအိမ်က ပရိသတ်အားပေးမှု ရရှိခဲ့ပါတယ်။

'' အခုထိ ဘာမှ လှုပ်ရှားမှု မရှိသေးပေမယ့် အခုချိန်ကနေစပြီးတော့ အားပေးနေကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတကယ်တင်တယ်။ ဒီလို သိလာတာကလည်း ပရိသတ်ကြောင့်ပဲလေ။ အများကြီး အားပေးကြတာ မဟုတ်ပေမယ့်လည်း ကျေးဇူးတင်ပါတယ်။ နောက်ကိုလည်း ဆက် လက် အားပေးကြပါဦး'' လို့ ဆိုပါတယ်။

Photo: သွန်းပိုးအိမ်ဖေ့စ်ဘွတ်

 

ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် မင်းဇော်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ သိကြမှာပါ။ သူ့အနေနဲ့ ဇာတ်ကားရိုက်ကူး မှုတွေသာမက လူရွှင်တော် တစ်ယောက်အဖြစ်ပါ ဇာတ်တွေ ကနေရတာဖြစ်ပါတယ်။ သူ့ရဲ့ သမီးလေး သွန်းပိုးအိမ်ရဲ့ အနုပညာကိုလည်း တစ်ဖက် တစ်လမ်းက ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က