အူဝဲကို ပြေတီဦးက ဘယ်လို ခေါ်တာလဲ။

ပြေတီဦးကတော့ ဇနီးဖြစ်သူ အူဝဲကို အိမ်ထောင်သည်ဘဝမှာ ပဲ ခေါ်လို့ရတဲ့ နာမည်လေး အကြောင်းပြောပြလာပါတယ်။ သူတို့ ရဲ့ အိမ်ထောင် သက်တမ်း ၇ နှစ်ကျော်မှာ ချစ်စရာကောင်းတဲ့ သမီးတစ်ယောက်၊ သားတစ်ယောက် ပိုင်ဆိုင်ပြီး သာယာ အေး ချမ်းတဲ့ မိသားစု ဘဝအကြောင်း တွေကို ပြောပြခဲ့ပါတယ်။

Photo: Pyay Tin Oo Facebook



 

ပရိသတ်အားကျရတဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အိမ်ထောင်ရေးအကြောင်းတွေကို ပြေတီဦးက အခုလို ပြောပြလာပါ တယ်။ သူတို့နှစ်ဦးဟာ အိမ်ထောင်ပြုပြီးသွားတဲ့နောက် တစ်ယောက်ကို တစ်ယောက် ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည် လေးတွေ ရှိတယ်လို့ မီဒီယာတွေကနေတဆင့် သဘောကျရယ်မောရင်းပြောပြခဲ့ပါတယ်။

'' ချစ်သူဘဝတုန်းကတော့ တစ်မျိုးပဲ ခေါ်တာပေါ့။ ချစ်သူဘဝတုန်းကလို ခေါ်ချင်လည်း ခေါ်လိုက်တာပဲ မိန်းမရေ လို့ ခေါ်ချင်လည်း ခေါ် လိုက်တာပဲ။ မိန်းမရေ လို့ ခေါ်တဲ့အခါမှာလည်း ယောကျ်ားနဲ့ မိန်းမ မှာ အဲ့ဒီလို ခေါ်ရတာ အရသာရှိတာပဲ။ ချစ်သူဘဝမှာ မိန်းမရေ ဆိုပြီးတော့ ခေါ်လို့မရဘူးလေ လက်ထပ်ပြီးမှသာ မိန်းမရေလို့ ခေါ်ခွင့်ရတာလေ'' လို့ သူကဆိုပါတယ်။

Photo: Pyay Tin Oo Facebook

 

အူဝဲကို ချစ်တဲ့ ပရိသတ်တွေရော၊ We Love တွေကပါ Lady ဥ လို့ ခေါ်နေကြပါတယ်။ တစ်ခါတလေမှာလည်း ပြေတီဦးက လေဒီဥလို့ ခေါ်လေ့ရှိပါတယ်။ လေဒီဥ ဆိုတဲ့ အိန္ဒြာကျော်ဇင်ကို ခေါ်နေကြတဲ့ Nickiname အကြောင်းကိုလည်း စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းက နိုဗိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ''တရားလား'' ရုပ်ရှင်ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' လေဒီဥ လို့ ခေါ်တာက လေဒီဆိုတာ မိန်းကလေးပေါ့ ဥ က သူ့နာမည်ပေါ့။ သူ့ကို ခင်တဲ့ သူငယ်ချင်းတွေကတော့ Nickiname ပေးထားတယ် ထင်ပါတယ်။ သူကတော့ ဝလာတယ်လို့တော့ ကျွန်တော် မမြင်ပါဘူး၊ တစ်ခါတစ်လေ အဝတ်အစားထူထူဝတ်ပြီး ကင်မရာအယူအဆ လွဲရင် တော့ ဝတယ် ထင်ရပါတယ်။ ကျွန်တော့ မျက်လုံးထဲမှာတော့ သူကအရင်အတိုင်းပါပဲ'' လို့ သူကဆိုပါတယ်။

Photo: Pyay Tin Oo Facebook

သားလေးရဲ့ စကားကြောင့် နှလုုံးသားတွေ အရည်ပျော်ကုန်တဲ့ ပြေတီဦး 

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အိမ်ထောင် သက်တမ်းသာ ၇ နှစ်ကျော်ခဲ့ပါပြီ။ အခုချိန်မှာတော့ ချစ်စရာကောင်းတဲ့ သမီးလေး ပြေသုန္ဒြာ နဲ့ ချစ်စရာကောင်းတဲ့ သားလေး ပြေဓီရ တို့ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ မိသားစု ပုံစံလေးကိုတော့ အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။

Photo: Pyay Tin Oo Facebook

 

အကယ်ဒမီပြေတီဦးဟာအနုပညာနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုတွေလည်း ပိုင်ဆိုင်ထားသလို အနုပညာလုပ်ငန်းကနေရရှိလာတဲ့ ငွေကြေး နဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ ပြေတီဦးဟာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူး နေရသလို ပရဟိတအလုပ်တွေလည်းလုပ်ရင်း မိသားစုကိုပါ အချိန်ပေးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က