ဘယ်လိုနေနေ ချစ်ဖို့ကောင်းတယ်နော်။

အစခံရတဲ့ အရွယ်ကို ရောက်လာပြီဖြစ်တဲ့ ဖွေးဖွေးတစ်ယောက် အပျိုကြီးလို့ အခေါ်ခံရတဲ့ ဘယ်လိုခံစားရလဲဆိုတာလေးကိုလည်း ယခုလို ပြောပြထားပါတယ်။



 

သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေး ဖွေးဖွေးက သြဂုတ်လ(၉) ရက်နေ့က အသက်(၃၀) ပြည့်သွားခဲ့တာပါ။ အသက်(၃၀) ပြည့်သွား ပြီဖြစ်တဲ့ ဖွေးဖွေးကို မိတ်ဆွေသူငယ်ချင်းတွေက အပျိုကြီးဆိုပြီးစနောက်ခေါ်တာတွေ ရှိတယ်လို့ သိရပါတယ်။ အစခံရတဲ့ အရွယ်ကို ရောက်လာပြီဖြစ်တဲ့ ဖွေးဖွေးတစ်ယောက် အပျိုကြီးလို့ အခေါ်ခံရတဲ့ ဘယ်လိုခံစားရလဲဆိုတာလေးကိုလည်း ယခုလို ပြောပြထားပါတယ်။

"အသက်တစ်နှစ်ကြီးသွားတဲ့အပေါ်ကတော့ အစခံရတဲ့ အရွယ်ကို ရောက်လာတာပေ့ါနော်။ အပျိုကြီး အပျိုကြီးဆိုပြီး စတယ်။ တစ်ယောက် ယောက် မင်္ဂလာဆောင် သွားရင် နင့်အလှည့်ဘယ်တော့လဲ ဆိုပြီး အစခံရတာတွေရှိတယ်။ ဒါကတော့ ပတ်ဝန်းကျင်က ပြုမှုတဲ့ဖွေးအပေါ် ဆက်ဆံတဲ့ ပုံပဲ ပြောင်းသွားတာပါ။ ဖွေးကတော့ အသက်(၁)နှစ်ကြီးသွားပေမယ့်လည်း ဒီစိတ်ပါပဲ။ အပျိုကြီးလို့ကတော့ ခေါ်မှာပဲပေ့ါနော်။ ကိုယ်ကလည်း အပျိုကြီးကို ဘာမှတော့ မဖြစ်ပါဘူး။ အပျော်ပေ့ါ။အပျိုကြီးကို ဆက်ပြီး အားပေးကြပါ "လို့ သူမက ဆိုပါတယ်။

အနုပညာနဲ့ အသိုင်းအဝိုင်းက မိတ်ဆွေတွေလည်း အိမ်ထောင်ကျ ကလေးတွေ မွေးနေပေမယ့်လည်း သူမကတော့ ကလေးဗိုလ်လုပ်လို့ ကောင်းတုန်းပါပဲတဲ့။

"အနုပညာအသိုင်းအဝိုင်းထဲကတင် မဟုတ်ပါဘူး။ အပြင်မှာလည်း ဖွေးရဲ့ သူငယ်ချင်းတွေလည်း လက်ထပ်တဲ့သူက လက်ထပ်  ကလေးမွေးတဲ့ သူကမွေးပြီပေ့ါနော်။ ဖွေးကတော့သူတို့တွေမင်္ဂလာဆောင်သွားတော့လည်း ကိုယ်က ကိုယ့်ထက်ငယ်တဲ့သူတွေနဲ့ပေါင်းပြီးတော့ ကလေးဗိုလ် လုပ်နေတာပေ့ါ" ဆိုပြီး စက်တင်ဘာ(၂၁) ရက်နေ့က ပြုလုပ်တဲ့ Pond ပစ္စည်းသစ်မိတ်ဆက်ပွဲ အခမ်းအနားမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့ တာဖြစ်ပါတယ်။

 

လှပတဲ့ ခန္ဓာကိုယ်လေးနဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတဲ့ ဖွေးဖွေးဟာ အသက်အရွယ်ရတာနဲ့အမျှ အားကစားလုပ်ရတာကိုလည်း ပိုပြီး ကြိုက်နှစ်သက်လာတယ်လို့ ဆိုပါတယ်။

"ခန္ဓာကိုယ်ကတော့ ဖွေးအရမ်းကြီးမထိန်းသိမ်းဖြစ်ဘူး။ ကျန်းမာအောင်တော့ နေတယ်။ နောက်ပိုင်းကျတော့ အသက်လည်း နည်းနည်းရလာ တော့ အားကစားလုပ်ရတာ ပိုပြီးနှစ်သက်လာတယ်။ အသားအရည်မှာဆိုလည်း မိတ်ကပ်တွေထပ် Skin care က အရေးကြီးသလိုပဲ။ Life style မှာဆိုလည်း ကိုယ်ဝတ်တဲ့ အဝတ်အစားထက် ကျန်းမာရေးက အရေးကြီးတယ်" လို့ သူမက ပြောပါတယ။်

 

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိခဲ့သလို၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က