ကြိုးကြိုးစားစားလေ့လာခဲ့ရတယ်တဲ့။

အဝင်းက သူချစ်တဲ့ ပရိသတ်တွေအတွက် မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်အောင် လေ့လာ နေပြီလို့ ဆိုပါတယ်။ သူ့ဆီကို ကိုယ်တိုင်စာရေးပြီးပို့လာတဲ့ စာလေးတွေက ရင်ထဲကို ပိုထိတယ်လို့ ဆက်လက်ပြောပြလာပါတယ်။

 

ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ အသဲစွဲ မိုရီဆာကီဝင်း ကတော့ ပရိသတ်တွေကို ဘယ်လောက်ချစ်ကြောင်း ပြောပြလာပါပြီ။ သူ့အနေနဲ့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ဖို့အတွက်ကိုလည်း လေ့လာ ကြိုးစားနေတယ်ဆိုပြီးတော့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ပြောပြလာပါတယ်။



'' ပရိသတ်တွေ ချစ်စေတဲ့ အရာကတော့ အပြုံးလို့ထင်တယ်။ ကျွန်တော် မြန်မာစကားတွေ ကျွမ်းလာပြီမဟုတ်လား၊ ကျွန်တော် ကြိုးစားနေပါ တယ်။ မြန်မာစကားလည်း လေ့လာနေတယ်။ ပြီးတော့ ကျွန်တော်က ပရိသတ်ကို ဘယ်လောက်အထိ ချစ်တယ်ဆိုတာ သူတို့ သိလို့ ဖြစ်ပါလိမ့် မယ်'' လို့ ဆိုပါတယ်။

မြေးဖြစ်တဲ့ အဝင်းအကြောင်းကို အားရပါးရပြောပြလာတဲ့ ဒေါ်ခင်ခင်ထွေး 

 

အဝင်းဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး တိုင်းဒေသကြီး (၃) ခု အတွက် စာပို့ သင်္ကေတ အသိပညာဝေငှခြင်းအခမ်းအနားမှာ စာပို့သင်္ကေ တ Ambassador အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် ကိုယ်တိုင်စာရေးပြီး ပေးပို့လာမယ့် စာလေးတွေကတော့ ရင်ထဲကို ပိုထိ စေမယ်ဆိုတာကို စက်တင်ဘာလ ၂၃ ရက်နေ့က စာပို့ သင်္ကေတ အသိပညာဝေငှခြင်းအခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။

'' ကျွန်တော် ဖေ့စ်ဘွတ်မှာလည်း ရေးတယ်၊ Instagram မှာလည်း ရေးတယ်၊ ပရိသတ်တွေက Comment ပေးရင်တော့ ကျွန်တော် အကုန်လုံး ဖတ်ပါတယ် ခင်ဗျ။ ဒါပေမယ့် Fan Latter ရှိတယ် မဟုတ်လား။ Fan Latter က လက်ရေးနဲ့ ရေးတဲ့ အခါကျတော့ စိတ်ထဲမှာ ခံစားချက်က ဘယ်လို ပြောရမလဲ။ ကိုယ်တိုင် စာရေးပေးပို့လိုက်တဲ့ Fan တစ်ယောက်ရဲ့ အချစ်က ပိုပြီးတော့ တိုက်ရိုက် ထိရောက်တယ်လို့ ကျွန်တော် ခံစားရပါတယ်။ '' လို့ သူကဆိုပါတယ်။

 

မိုရီဆာကီဝင်းဟာ ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီး ကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။ အဝင်းက မြန်မာနိုင်ငံ သားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ မြန်မာသီချင်းကိုလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုနေတာကို တွေ့ရပါတယ်။

 

သူဟာ ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။ အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူငယ်အကြိုက် အောင်မြင်လျှက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဝင်းက ပုဂံ နဲ့ ကျိုက်ထီးရိုးဘုရားတွေ သွားချင်တယ်လို့ ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က