ဖခင်ဖြစ်သူက သူ့ရဲ့ အနုပညာကို အရမ်းအားပေးခဲ့သူပါ။

ပိုးကြာဖြူခင်ဟာ သူ့ရဲ့ အနုပညာအလုပ်ကို အများကြီးအားပေးတဲ့ ဖခင် ကွယ်လွန်သွားတာကြောင့် ဝမ်းနည်းနေတာ ဖြစ်ပါ တယ်။ ဖခင်ဖြစ်သူ မသေဆုံးခင် မှာကြားခဲ့တဲ့ စကားတွေကြောင့်လည်း ဒီ့ထက်အများကြီး ပို ကြိုးစားမယ်လို့ ဆိုပါတယ်။

 

ပိုးကြာဖြူခင်ဟာ မကြာသေးခင်ကမှ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်နေရတယ် လို့ ဆိုပါတယ်။ သူ့ရဲ့ ဖခင်က ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ မိုးကောင်ကင် အိပ်မက် ဇာတ်လမ်း တွဲကို သူ့ရဲ့ ဖခင်ဆီကလည်း အများကြီး အားပေးမှု ရရှိခဲ့ တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

'' အနုပညာအလုပ်ကို စလုပ်ဖြစ်တယ် ဆိုတာကလည်း ညီမအဖေ အားပေးလို့ပေါ့နော်။ အမေကကျတော့ ပညာရေးကိုပဲ ဦးစားပေးပြီး လုပ်စေချင်တယ်။ အဖေကတော့ ညီမကို အရမ်းအလိုလိုက်တယ်၊ သူကိုယ်တိုင်ကလည်း ငယ်ငယ်တုန်းက မင်းသားဖြစ်ချင်ခဲ့တာလေ။ အဲ့ဒီအတွက်ကြောင့်လည်း ညီမကို အားပေးခဲ့တာပါ'' လု့ိ ဆိုပါတယ်။

 

သူမရဲ့ ဖခင်ဟာ မိုးကောင်းကင်ရုပ်သံဇာတ်လမ်းတွဲသာမက ရိုက်ကွင်းတည်နေရာတွေကိုလည်း လိုအပ်တာတွေကို လိုက်လံ ပြောပြပေးတယ် လို့ ဆိုပါတယ်။ ပိုးကြာဖြူခင်ရဲ့ အနုပညာအလုပ်တွေကို ဖခင်ဖြစ်သူကလည်း အားသွန်ခွန်စိုက် အားပေးခဲ့တဲ့ အမှတ်တရတွေကို ဆက်လက် ပြောပြလာပါတယ်။

'' မိုးကောင်းကင် ဇာတ်လမ်းတွဲရိုက်တုန်းကလည်း ရန်ကုန်မှာရော၊ နယ်မှာရော ညီမအဖေ ကိုယ်တိုင်လိုက်ပေးတယ်။ ကြယ်ကလေးရဲ့ ကောင်းကင် ဇာတ်လမ်းတွဲဆိုရင်လည်း ဇာတ်ညွှန်းစရတဲ့ နေ့က ညီမ မအားတော့ မဖတ်ရဘူး။ အဖေက ကြိုဖတ်ပေးပြီးတော့ အကုန်လုံး သင် ပေးတယ်။ ဘယ်နေရာမှာ ဘယ်လို ဝတ်၊ ဘယ်လို စိတ်မျိုးထား ဆိုတာကိုလည်း အစအဆုံး သင်ပေးတယ်'' လို့ ဆိုပါတယ်။

Photo: Phoe Kyar Phyu Khin Facebook

ပရိသတ်ချစ်တဲ့ ဆံပင်ရှည်လေးအကြောင်းပြောလာတဲ့ ပိုးကြာဖြူခင် 

ပိုးကြာဖြူခင်ဟာ အခုဆိုရင်တော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့သူဖြစ်ပါတယ်။ လိုက်ဖက် တဲ့ ဇာတ်ရုပ်လေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အမြင်ကို စွဲစေနိုင်တဲ့ သူပါ။ သူဟာ ဖခင်ဖြစ်သူရဲ့ ဆုံးမ စကားတွေကြောင့် ဒီ့ထက်ပို တော်တဲ့သူဖြစ်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။

'' အဖေက သူဆုံးတော့မယ်၊ သူ့အခြေအနေကို သူကြိုသိတဲ့အချိန်မှာ ညီမကို အများကြီးမှာခဲ့တယ်။ သူက ညီမကို အရမ်းအားပေးတယ်၊ သူ မရှိတော့ဘူးဆိုရင်တောင်မှ သူ့အတွက် အခါတိုင်းထက်ကို ပိုပြီးတော့ ၂ ဆ ကြိုးစားပေးပါဆိုတဲ့အတွက် ညီမ ကြိုးစားသွားမှာပါ'' ဆိုပြီးတော့ စက်တင်ဘာလ ၂၃ ရက်နေ့ Dynasty ဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Phoe Kyar Phyu Khin Facebook

 

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကဘာစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိ ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။သူ့ရဲ့ အနုပညာ လှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။

 

Share

Loading Next Article...
က္က