နေလင်းအကြောင်းတွေ အများကြီးပြောပြခဲ့ပါတယ်။

အခုချိန်ထိ လူပျိုကြီးဘဝကို ခံယူထားကြတဲ့ နေလင်းနဲ့ ဇော်ဇော်အောင်တို့ဟာ ဒေါ်လာဈေးတွေ တက်နေသ၍ မိန်းမယူဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အမြဲတမ်း အတွဲညီညိ သရုပ်ဆောင်ခဲ့ကြတဲ့ သူတု့ိ နှစ်ယောက် အကြောင်းကိုလည်း ဆက်လက်ပြော ပြလာပါတယ်။

 

ဇော်ဇော်အောင် နဲ့ နေလင်း တို့ဟာ ရုပ်ရှင်ဇာတ်ကားမှာဖြစ်ဖြစ်၊ ဗီဒီယိုဇာတ်ကားမှာဖြစ်ဖြစ် ဟာသသရုပ်ဆောင်အနေနဲ့ မပါမဖြစ် ဆိုရင် လည်း မမှားပါဘူး။ ဒါပေမယ့် အခုချိန်ထိ နှစ်ယောက်စလုံးကတော့ လူပျိုကြီးဘဝကို ခံယူထားကြသူတွေ ဖြစ်ပါတယ်။ မိန်းမ မယူဖြစ်ကြ သေးတဲ့အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' မိန်းမမယူဖြစ်တာကတော့ ကုန်ဈေးနှုန်းတွေ တက်တယ်၊ ဒေါ်လာဈေးတက်တယ်၊ ရွှေဈေးတက်တယ် မိန်းမယူဖို့တော့ မစဉ်းစားသေးဘူး။ ပြီးတော့ ဆီဈေးတက်တာလည်းပါသေးတယ်။ အခုချိန်မှာ မိန်းမယူဖို့ ရွှေ ၁၀ သားနဲ့လာတောင်းပါဆိုရင်တောင် မယူနိုင်သေးဘူး။ ရွှေဈေး တက်နေလို့'' ဆိုပြီးတော့ ဇော်ဇော်အောင်က ပြောပါတယ်။

Photo: Zaw Zaw Aung Facebook

ဒါရိုက်တာတစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေတဲ့ ဟာသသရုပ်ဆောင် နေလင်း  

ဘယ်လို ဇာတ်ကောင်ကာရိုက်တာမျိုးမဆို အတွဲညီညီသရုပ်ဆောင်နိုင်ကြတဲ့ ဇော်ဇော်အောင်နဲ့ နေလင်းတို့ကို အားပေးကြတဲ့ ပရိသတ်တွေ လည်း အများကြီးရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဇာတ်ကားရိုက်ရင်သာမက အပြင်လောကမှာလည်း ရင်းရင်းနှီးနှီးရှိကြတာကြောင့် နေလင်းရဲ့ စိတ်နေ စိတ်ထားတို့ကိုလည်း ဇော်ဇော်အောင်က ပြောပြခဲ့ပါသေးတယ်။

'' နေလင်းရဲ့ စိတ်ဓာတ်ကတော့ အရမ်းကောင်းတယ်၊ သူက ဘော်ဒါစိတ်ရှိတယ် သူရိုက်တဲ့ ဇာတ်ကားတွေဆိုရင်လည်း ဒီနေရာက ကိုဇော်နဲ့ လိုက်တယ်၊ ကိုဇော့်ကို သေချာပေးမှရမယ် ဆိုပြီးတော့ စေတနာအပြည့်ရှိတယ်။ အသည်းကွဲလို့ ဘီယာဆိုင်လိုက်ခဲ့ ဆိုရင်လည်း ကျွန်တော်က လိုက်သွားရပြန်ပြီ'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

 

အနုပညာအလုပ်တွေကို ဆက်တိုက်ဆောင်ရွက်နေကြတဲ့ သူတို့ နှစ်ယောက်က ဘာကြောင့် Single ဖြစ်နေတာလည်း ဆိုတဲ့ မေးခွန်းကိုလည်း အခုလို ဖြေဆိုပေးခဲ့ကြပါတယ်။ နှစ်ယောက်စလုံးက အစွန့်ပစ်ခံ Single တွေပါ ဆိုပြီးတော့လည်း စက်တင်ဘာလ ၂၃ ရက်နေ့ မနက်က ဓားငပြူးရုပ်ရှင်အထူးပြသပွဲမှာ ဇော်ဇော်အောင်က ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' နှစ်ယောက်စလုံးက Single ပါပဲ၊ ဇာတ်ပို့လောကမှာ ရှားရှားပါးပါး Single တွေ။ ကျွန်တော်တို့က အစွန့်ပစ်ခံ Single တွေပေါ့။ မိန်းမ တစ် ယောက် ကို စိတ်မရှည်အောင်၊ မစောင့်နိုင်တော့အောင် ကသိကအောင့်ဖြစ်အောင် အများကြီး အချိန်တွေ ဆွဲပြီး ထားတာပေါ့။ အဲ့ဒါနဲ့ သူတို့ကလည်း ကိုယ်တွေကို ထားသွားတာပဲ''လို့ ဆိုပါတယ်။

Photo: Zaw Zaw Aung Facebook

 

ဇော်ဇော်အောင်နဲ့ နေလင်းတို့ကိုတော့ ဟာသဇာတ်ပို့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ကြရင်းက ပရိသတ်တွေ စတင်သိရှိလာကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နေလင်းဟာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူး နေရတာဖြစ်ပြီး ဇော်ဇော်အောင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေ  ရိုက်ကူးနေတာကို တွေ့ရပါတယ်။

 

Share

Loading Next Article...
က္က