မိဘတွေ မပါရင် အပြင်တောင် မသွားတတ်ဘူးတဲ့။
စိုးပြည့်သဇင်ရဲ့ လိမ္မာရေးခြားရှိပုံတွေ၊ အခုချိန်ထိ ချစ်သူရည်းစားမထားဖူးသေးတဲ့ အကြောင်းတွေကို သူမရဲ့ မိခင်ဖြစ်တဲ့ ဒေါ်မာလာခင်က ပြောပြခဲ့ပါတယ်။ ဘယ်သွားသွား ဘယ်လာလာ မိဘနှစ်ပါး မပါရင် အပြင်မသွားတတ်ဘူးလို့ဆိုပါတယ်။

 

သရုပ်ဆောင် စိုးပြည့်သဇင် ဟာ စက်တင်ဘာလ ၂၂ ရက်နေ့ကပဲ အသက် ၂၆ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီအသက်အရွယ်အထိ တစ်ခါမှလည်း ရည်းစားမထားဖူးဘူးဆိုတာကို မိခင်ဖြစ်သူ ဒေါ်မာလာခင်က ပြောပါတယ်။ သမီးဖြစ်သူ စိုးပြည့်သဇင်ရဲ့ အချစ်ရေးနဲ့ ပတ်သက် ပြီးတော့လည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာမှ ပြောထားတာတော့ မရှိပါဘူး။ သူ့သဘောနဲ့ သူပါပဲ။ ချုပ်ခြယ်တာမျိုးမရှိဘူး အချိန်တန်ကျတော့ သူ့ဘာသာ သူ ဖြစ်လာမှာပါ။ သူကိုယ်တိုင်ကလည်း ချစ်သူမထားဘူး အေးအေးဆေးဆေးပဲနေတာ။ ရည်းစားထားရင်လည်း ထားတဲ့သူကို ယူမှာပဲလေ။ အပျော်တော့ သူမထားတတ်ဘူး၊ အန်တီလည်း ထင်တာပြောတာပါ'' လို့ ဆိုပါတယ်။

အသက် ၁၃ နှစ်ကတည်းက မိဘကိုလုပ်ကျွေးခွင့်ရခဲ့တယ်ဆိုတဲ့ အကယ်ဒမီသရုပ်ဆောင် စိုးပြည့်သဇင် 

စိုးပြည့်သဇင်ဟာ ကျောင်းစတက်တဲ့ အရွယ်ကတည်းကနေ အခုအချိန်ထိ မိဘနှစ်ပါး မပါပဲ အပြင်မသွားဘူးလို့  ဒေါ်မာလာခင်က ပြောပါတယ်။ သမီးဖြစ်သူက ငယ်လည်း ငယ်သေးတာဖြစ်လို့ စိတ်မချဘူးဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့က စိုးပြည့်သဇင်ရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' သူငယ်တန်းကနေ စပြီး မအေရော၊ ဖအေရော ကျောင်းသွားပို့တယ်၊ ကျောင်းကြိုတယ်၊ တစ်ခါမှ သူ့တစ်ယောက်တည်းကို ဘယ်မှ မလွှတ်ဘူး။ ပြီးတော့ သူက အနုပညာလောကထဲကို ၁၃ နှစ်သမီးလောက်ကတည်းက ဝင်တာဆိုတော့ သူ့နောက်ကို တကောက်ကောက် လိုက်ပြီး အုပ်ထိန်းရတယ်။ ဘယ်လိုမှ စိတ်မချဘူး ငယ်လည်း ငယ်တယ်၊ အလည်း အတယ် အရမ်းအတယ်'' လို့ ပြောပါတယ်။

 

မိခင်တစ်ယောက်ဖြစ်တဲ့ အတွက် အနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်နေရတဲ့ သမီးလေး စိုးပြည့်သဇင်အတွက် အမှာစကားကို အခုလို ပြောပြခဲ့ပါတယ်။ အလှူအတန်းလုပ်ရရင် ပျော်နေတတ်တဲ့ စိုးပြည့်ရဲ့ အကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။

'' ဘာသာရေးကိုတော့ အမြဲတမ်း အန်တီက လုပ်စေချင်တယ်။ သူကိုယ်တိုင်ကလည်း လုပ်တယ်၊ အလှူအတန်းလေးတွေဆိုရင်လည်း လုပ်ရတာ သူဝါသနာပါတယ်။ သူ့ ပရိသတ်တွေနဲ့ရော၊ သူတစ်ယောက်တည်းလည်း လှူတယ်၊ လှူပြီးရင်လည်း ဘယ်လို ဝမ်းသာရတယ် ဆိုတာကို ပြောလို့ မဆုံးဘူး'' လို့ သူကဆိုပါတယ်။

 

စိုးပြည့်သဇင်ဟာ သူကိုယ်တိုင်က  အရမ်းသံယောဇဉ်ကြီးတဲ့အကြောင်းကို Duwun media ကနေ ဖြေဆို ခဲ့ဖူးပါတယ်။ သူ့ ရဲ့ မိဘနှစ်ပါးကို လည်း သူူ့ကြောင့် စိတ်မဆင်းရဲစေချင်ဘူး စိတ်ချမ်းသာစေချင်တယ် လို့လည်း ပြောပြခဲ့ဖူးပါတယ်။ တကယ်ကို လိမ္မာယဉ်ကျေးတဲ့ သမီးလေးအပေါ် မိဘနှစ်ပါးကလည်း အရမ်းကို ချစ်ကြတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က