သူ့ရဲ့ အခန်းလေးအပေါ် အရမ်းကို စိတ်ကျေနပ်နေပါတယ်။

နေခြည်ဦးဟာ သူ့ရဲ့ ကိုယ်ပိုင်အခန်းလေးကို ပြင်ပြီးသားအချိန်နဲ့ မပြင်ရသေးတဲ့ အချိန်က အမှတ်တရတွေကို ထုတ်ပြလိုက်တဲ့ အခါမှာတော့ ဝေဖန်မှု များစွာနဲ့ ကြုံတွေ့ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း အရင်က ညစ်ညစ်ပတ်ပတ် နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 



 

Beauty Blogger ၊ သရုပ်ဆောင်မလေး နေခြည်ဦးရဲ့ ကိုယ်ပိုင် အခန်းလေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ် တင်လိုက်တဲ့ အချိန်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုများစွာကို ကြုံခဲ့ရပါတယ်။ အခန်းပြင်ပြီးသား အချိန်နဲ့ မပြင်ရသေးခင် အချိန် တွေမှာ ဖြစ်ပေါ်လာတဲ့ သူ့ရဲ့ ခံစား ချက်တွေကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' နေခြည်က အရမ်းညစ်ပတ်တယ်။ နေခြည့် ရေချိုးခန်းကပုံဆိုရင် အရမ်းညစ်ပတ်တာ ပစ္စည်းတွေဆိုရင် ပစ်ပစ်ထားပြီးတော့နေတာ။ အခန်း ဘယ်လောက်ကျယ်ကျယ် အဲ့ဒီပစ္စည်းတွေ အမြဲ ပြည့်ပြည့်လာတယ်။ ကိုယ့်ပုံစံကို ပြောင်းလိုက်တဲ့အချိန်မှာ အရမ်းအဆင်ပြေတယ်။ အရင် တုန်းကနဲ့ အခုနေပုံထိုင်ပုံ ဘယ်လို ကွဲလွဲသွားလဲ။ ဘယ်လို အကျိုးကျေးဇူးတွေ ရလာလည်း ဆိုတာပြချင်တယ်''လို့ ဆိုပါတယ်။

Photo: Nay Chi Oo Facebook



နေခြည်ဦးဟာ သူ့ရဲ့ ကိုယ်ပိုင် အခန်းလေးတွေ မပြင်ခင်တုန်းက အမှတ်တရတွေကို သိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် အခန်းပြင် ပြီးသွားတဲ့ အချိန်မှာလည်း လှပသန့်ရှင်းနေတဲ့အတွက် အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်တဲ့။ အခန်းမပြင်ခင်တုန်းက ပုံရယ် အခန်းပြင်ပြီးသွားတဲ့ အချိန်က ဓာတ်ပုံလေးတွေရယ် ယှဉ်ကြည့်လိုက်တဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ ကြည်နူးမှုတွေကိုလည်း ဆက်လက်ပြောပြလာပါတယ်။

'' မိန်းကလေးတစ်ယောက်ဆိုတာ သေသေသပ်သပ်နေသင့်တယ်။ ကိုယ့်ရဲ့စိတ်ထဲမှာ သန့်သန့်ရှင်းရှင်းလေး ဖြစ်သွားတဲ့အချိန်မှာ စိတ်က လည်း အလိုလို လန်းဆန်းလာတယ်။ ဒါကလည်း နေခြည်ဦးက အရင်ကတည်းက ဒီလိုနေတာ မဟုတ်ဘူးဆိုတာကို ပြချင်တာ။ အရင်တုန်းက ညစ်ညစ်ပတ်ပတ်နေခဲ့လို့ နေခြည့်အခန်းဆို မပြရဲဘူး အရမ်းရှက်တယ်။ အခုဆိုရင် သပ်သပ်ရပ်ရပ်လေး ဖြစ်သွားတဲ့အတွက် ကိုယ့်ရဲ့ တစ်နေ့တာမှာ ကောင်းသောအရာတွေ ခံစားရမယ်လို့ ထင်တယ်'' လို့ သူကဆိုပါတယ်။

ငယ်ငယ်ကတည်းက သီချင်းဆိုတာ ဝါသနာပါတယ်ဆိုတဲ့ နေခြည်ဦး 

Photo: Nay Chi Oo Facebook

 

နေခြည်ဦး ဘာပဲ လုပ်လုပ် တစ်နည်းမဟုတ် တစ်နည်းကတော့ အမြဲတမ်းအလိုလို ဝေဖန်သူတွေရှိလို့နေပါတယ်။ ဒီ့အတွက်ကြောင့်လည်း သူမ ကိုယ်တိုင်က ပြန်မတုံ့ပြန်လေ သူ့အတွက် ပိုအောင်မြင်လေ ဆိုတဲ့ စိတ်နဲ့ ဘာမှ ပြန်မပြောပဲ နေခဲ့တယ် ဆိုပြီးတော့ စက်တင်ဘာလ ၂၄ ရက်နေ့က ဝိန့်စိန် ရွှေဆိုင်ကြော်ငြာရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။

'' ဝေဖန်တဲ့သူပဲဖြစ်ဖြစ် အားပေးနေတဲ့သူတွေပဲ ဖြစ်ဖြစ် နေခြည်ရဲ့ Blog ကိုဝင်ကြည့်တယ်၊ နေခြည့်ရဲ့ ဗီဒီယိုတွေကို ဝင်ကြည့်တဲ့အတွက် နေ ခြည် viewr တွေတိုးတဲ့အတွက် နေခြည်က အများကြီး ကျေးဇူးတင်ပါတယ်။ ဝေဖန်တဲ့သူပဲ ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် နေခြည့်ကို အားပေး နေတဲ့ Chili တွေကလည်း အခုဆိုရင် ပိုပြီးတော့ စည်းစည်းလုံးလုံးဖြစ်လာတဲ့အတွက် နေခြည်က ပိုပြီးတော့ ကျေးဇူးတင်ပါတယ်'' လို့ ဆိုပါ တယ်။

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က