သူ့ရဲ့ ဖက်ရှင်လေးတွေအတွက် ငွေကြေးအကုန်အကျများပါတယ်တဲ့။

ဘေဘီမောင်ကတော့ ပရိသတ်တွေကို မြန်မာဝတ်စုံနဲ့ရော၊ ခပ်မိုက်မိုက် ဝတ်စုံလေးတွေနဲ့ ပုံတွေ တင်နိုင်ဖို့ ပိုက်ဆံတော်တော် အကုန်အကျ ခံခဲ့တယ်လို့ဆိုပါတယ်။ ဇာတ်ကားရိုက်ကူးမှုနည်းသွားပေမယ့်လည်း ပရိသတ်နဲ့ အဆက်မပြတ်အောင် ကြိုးစားနေ တယ်လို့ ပြောပါတယ်။

Photo: ဘေဘီမောင်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ဘေဘီမောင် ဟာ လက်ရှိမှာတော့ စီးပွားရေးဘက်ကို ဦးစားပေးဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ အွန်လိုင်းပေါ်ကနေ တဆင့် ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် သူ့ရဲ့ မြန်မာဆန်တဲ့ ဖက်ရှင်လေးတွေရော၊ ခပ်မိုက်မိုက် ဖက်ရှင်တွေကို အမြဲတမ်းချပြလေ့ ရှိပါတယ်။ ဒီလို ချပြနိုင်ဖို့အတွက်လည်း ပိုက်ဆံတော်တော် အကုန်ခံရတယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဒါကလည်း ကိုယ်က ကပ်စေးမနဲပဲနဲ့ ပရိသတ်ကို ပိုက်ဆံအကုန်ခံပြီး ချပြတာပေါ့နော်။ ဖြစ်ကလက်ဆန်းသွားလို့လည်းမရဘူးလေ၊ ကိုယ်က သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ကိုကြည့်နေတဲ့ ပရိသတ်တွေကလည်း ရှိနေတယ်။ ပိုက်ဆံအကုန်ခံပြီးတော့ အဝတ်အစားတွေ သေချာချုပ်တယ်၊ ဘန်ကောက်ကနေ ဝယ်ပြီးတော့ အလှအပတရားတွေကို အမြဲတမ်း ချပြတယ်'' လို့ ဆိုပါတယ်။

Photo: ဘေဘီမောင်ဖေ့စ်ဘွတ်

ရည်မှန်းချက်လေးနဲ့ ပိုက်ဆံစုနေတဲ့ ဘေဘီမောင်

သူမအနေနဲ့ အဝတ်အစားလှလှလေးတွေ ဝတ်ဖို့ ဝယ်ရတဲ့ ငွေကြေးကလည်း မနည်းပါဘူး။ ဒါကတော့ သရုပ်ဆောင်ကြေးဆိုတာထက် နယ် ဖျော်ဖြေပွဲတွေမှာ သီချင်းဆိုခွင့်ရတဲ့အခါ ရရှိလာတဲ့ အနုပညာကြေးကနေ ဝယ်ရတယ် ဆိုပြီးတော့ စက်တင်ဘာလ ၁၆ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့'' ရိုက်စား'' ရုပ်ရှင်အထူးပြသပွဲကို တက်ရောက်လာရင်းဖြေဆိုခဲ့တာပါ။

'' သီချင်းဆိုတာက မျိုးမျိုးမြတ်မြတ် ပိုက်ဆံရတယ်လေ။ ကိုယ့်အဝတ်အစား တစ်စုံတည်းနဲ့ လောက်တယ်။ ဇာတ်ကားရိုက်တာကတော့ မ လောက်ဘူးပေါ့ရှင်။ စစဦးဆုံးရိုက်တုန်းကတော့ အဝတ်အစားက အဲ့လောက်မများသေးဘူး၊ အခုက ဝယ်တာ များရင်း များရင်းနဲ့ တစ်ကားနဲ့ တစ်ကား ပြန်မျှရတာပေါ့'' လို့ သူကဆိုပါတယ်။ 

Photo: ဘေဘီမောင်ဖေ့စ်ဘွတ်

 

ဘေဘီမောင်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ လက်ရှိ ဗီဒီယိုဈေးကွက်ကလည်း ပြတ် လုနီး ပါးဖြစ်နေတာကြောင့် ရိုက်ကူးရေးတွေလည်း ပါးလာပြီလို့သိရပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအတွက် ဘယ်လို အကောင်းဆုံး တွေ ချပြခွင့်ရမလဲဆိုတာ စောင့်ကြည့်ပေးကြဖို့ ဆက်လက်ပြောပြလာပါတယ်။

" လက်ရှိ ရပ်တည်မှုအခြေအနေကတော့ ဇာတ်ကားမှ မရိုက်ရတာ ငုတ်တုတ်ပေါ့ရှင်။ ကိုယ်ရိုက်ထားတဲ့ ဇာတ်ကားလေးတွေတော့ ထွက်ဖို့ ရှိပါတယ်။ ဘေဘီ့ ပရိသတ်နဲ့ အမြဲတမ်း လစ်ဟာ မသွားအောင်လို့တော့ ကြိုးစားနေပါတယ်။ ဘယ်လိုတွေ ချပြမလဲဆိုတာတော့ ပရိသတ်ကြီး စောင့်ကြည့်ပါဦး'' လို့ ဆိုပါတယ်။

Photo: ဘေဘီမောင်ဖေ့စ်ဘွတ်

 

အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝင်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက်  ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က